မဲခေါင်၊ စက်တင်ဘာ ၁၆
ရှမ်းပြည်အရှေ့ပိုင်းဒေသများတွင် မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းနေပြီး ၎င်း ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း မိုးဇလက အသိပေးထုတ်ပြန်ထားသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး ရွာနိုင်ခြေ ရာနှုန်ူးပြည့် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်အရှေ့ပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုအားကောင်းလျက်ရှိသည် ဟု ဖော်ပြထားသည်။
နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ် ရွာမည် ဟု ခန့်မှန်းထားသည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကယားပြည်နယ်၌ နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်အရှေ့ပိုင်းတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့သည် ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ရှမ်းပြည်အရှေ့ပိုင်းရှိ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုကြောင်း အသိပေးထားသည်။
ရှမ်းပြည် မြောက်ပိုင်းဒေသတွင်လည်း စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရှမ်းပြည်ဒေသတခုလုံး မိုးများနေအုန်းမည့် အခြေအနေကို မြင်တွေ့နေရသည်။
#MeKongNews
#ရှမ်းအရှေ့
#မိုးကြီးလေကြီး
#မိုးတိမ်တောင်
#ရာသီဥတု








