မဲခေါင်၊ စက်တင်ဘာ ၁၄
USDP ပါတီ၏ ပင်းတယမြို့နယ်ဒုဥက္ကဌဖြစ်သူ၏ ရွှေဆိုင်ကို သေနတ်အတုဖြင့် ဓားပြတိုက်သူကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့တွင် ယမန်နေ့ စက်တင်ဘာ ၁၃ရက် ညနေပိုင်း၌ စျေးတန်းရပ်ကွက်ရှိ KNရွှေဆိုင် ဓားပြတိုက်သွားခြင်း ဖြစ်ပြီး ရွှေဆိုင်အမည်မှာ ကိုကျော်ငြိမ်း၊ မခင်မျိုးသင်း ရွှေငွေရတနာဆိုင်ဖြစ်ကြောင်း၊ ဓားပြတိုက်သူအမျိုးသားမှာ ကလောမြို့ ရပ်ကွက်၆ နေသူ အသက်၃၀ခန့်အရွယ်ဖြစ်ပြီ သေနတ်အတု တစ်လက်ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“(အတိုက်ခံရတဲ့ဆိုင်က) ကိုကျော်ငြိမ်းဆိုင်ပါ။ သူကတော့ ဆုံးသွာပါပြီ။ သူ့မိန်းမ ဆက်ဖွင့်ထားတာ၊ တရားခံမိတာ သိရတယ်။ သေနတ်ကအတု၊ ဝိုင်းဖမ်းလို့မိတာ”ဟု ၎င်းက ပြောသည်။
ဓားပြတိုက်သူမှာ ပစ္စည်းများယူပြီးထွက်ပြေးစဉ် ချော်လဲသည့်အတွက် ဖမ်းမိသွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေဆိုင်ပိုင်ရှင် ဦးကျော်ငြိမ်းသည် USD ပါတီ၏ ပင်းတယမြို့နယ်ဒုဥက္ကဌ ဖြစ်ပြီး ၂၀၁၅၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲများတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ယှဉ်ပြိုင်ခဲ့သော်လည်း ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၈ရက်တွင် ဒလန်ဟု စွပ်စွဲခံရကာ ၎င်း၏ ကိုယ်ပိုင်ကျောင်းဝန်းအတွင်း ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
#MeKongNews
#ပင်းတယ
#ရွှေဆိုင်ဓားပြတိုက်
#ဦးကျော်ငြိမ်း
#USDP








