မဲခေါင်၊ စက်တင်ဘာ ၁၃
ရှမ်း-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၄) လက်အောက်ခံ အမှတ် (၁၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ခွဲ(၄) ဝံပုလွေတပ်ခွဲ၏ မွမ်းမံသင်တန်းဆင်းပွဲတွင် တပ်ယူနီဖောင်း တပ်ဆင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဝံပုလွေတပ်ခွဲ၏ ပြန်လည်မွမ်းမံသင်တန်းဆင်းပွဲနှင့် ယူနီဖောင်းတပ်ဆင်ပေးပွဲကို စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့ပြီး ယင်းမွမ်းမံသင်တန်းကို ပြည်သူအားကိုးထိုက်တဲ့ ရဲဘော်များဖြစ်စေရန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကာယပိုင်းဆိုင်ရာတို့ကို ပြန်လည်မြှင့်တင်ရန် ရက်တိုသင်တန်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
သင်တန်းဆင်းပွဲသို့ အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး နှင့်ညီနောင် တပ်ဖွဲ့ဝင်များလာရောက်ပူးပေါင်းခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရဲရင့်သည့် စိတ်ဓာတ်၊ ပြည်စုံသည့် လေ့ကျင့်မှုများနှင့် စစ်အာဏာရှင်ကို မဟာမိတ်တပ်ပေါင်းစု ညီအကိုများနှင့်အတူ တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ဝံပုလွေတပ်ခွဲက ပြည်သူသို့အသိပေးထားသည်။
မိုးဗြဲ PDF အမှတ် ၁၀၀၁ တပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ် ရေးဝန်ကြီးဌာန(MOD) လက်အောက်ရှိ တပ်ရင်းတစ်ရင်းဖြစ်ပြီး ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းဖြစ်သည်။
#MeKongNews
#မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်
#ဝံပုလွေတပ်ခွဲ
#ကရင်နီ
#တော်လှန်ရေး








