နေ့စဥ်သတင်း

တရုတ်နှင့်ကုန်သွယ်ရာတွင် ကျပ်နှင့် ယွမ်တိုက်ရိုက်ပေးချေနိုင်ရန် ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်ပြော

မဲခေါင် 9 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၉ သွင်းကုန်ပမာဏကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံ၏ ငွေကြေးများကို ပိတ်ဆို့ခံရမှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် လုပ်ဆောင်နေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ ပြုလုပ်သည့် မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းမှု မြင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲအတွင်း တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။ တရုတ်သွင်းကုန်များ တားဆီးခံနေရခြင်း၊ သွင်းကုန်လိုင်စင်များ မရရှိခြင်းနှင့် ပတ်သက်၍ တရုတ်လုပ်ငန်းရှင်၏ မေးမြန်းမှုကို စစ်ကောင်စီခေါင်းဆောင်က ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ ငွေကြေးများ ပိတ်ဆို့ခံနေရမှုတို့ကြောင့် ဖြစ်ပြီး ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမည်

မဲခေါင်၊ စက်တင်ဘာ ၉

သွင်းကုန်ပမာဏကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံ၏ ငွေကြေးများကို ပိတ်ဆို့ခံရမှုကြောင့်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရန် လုပ်ဆောင်နေကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း စက်တင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်ဒူးမြို့၌ ပြုလုပ်သည့် မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းမှု မြင့်တင်ရေး ဒုတိယအကြိမ်တွေ့ဆုံပွဲအတွင်း တရုတ်လုပ်ငန်းရှင်များ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ်သွင်းကုန်များ တားဆီးခံနေရခြင်း၊ သွင်းကုန်လိုင်စင်များ မရရှိခြင်းနှင့် ပတ်သက်၍ တရုတ်လုပ်ငန်းရှင်၏ မေးမြန်းမှုကို စစ်ကောင်စီခေါင်းဆောင်က ဖြေကြားရာတွင် မြန်မာနိုင်ငံ၏ ငွေကြေးများ ပိတ်ဆို့ခံနေရမှုတို့ကြောင့် ဖြစ်ပြီး ဒေါ်လာအစား တရုတ်ယွမ်ငွေနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေမည် ဆိုပါက ပိုလျှင်မြန်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ရေကြောင်းကုန်သွယ်ရေးတွင် ကျပ်နှင့် ယွမ် တိုက်ရိုက်ပေးခြေနိုင်ရန် လုပ်ဆောင်နေကြောင်း၊ တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံရာတွင်လည်း ယွမ်ငွေဖြင့် တိုက်ရိုက်ရင်းနှီးမြုပ်နှံနိုင်ရန် စီစဉ်နေကြောင်း စစ်ခေါင်းဆောင်ကပြောသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် နယ်စပ်တလျှောက်တွင် နယ်စပ်ဂိတ် ၈ ခု အထိ ရှိနေသော်လည်း မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးဂိတ်သာ ဖွင့်လှစ်ထားနိုင်ပြီး ကျန်ဂိတ်များမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ထိန်းချုပ်ထားသည့်အတွက် ရပ်တန့်နေရပြီး ၂ နိုင်ငံ အကျိုးစီးပွားရှိစေသည့် နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်စေသဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လည်း ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေသည့် နိုင်ငံဖြစ်ပြီး ၂ နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးမှာလည်း ၂၀၂၃-၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်၊ ၂၀၂၄-၂၅ ခုနှစ်တွင် ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံကျော် နှင့် ၂၀၂၅-၂၆ ခုနှစ်တွင် ဇူလိုင်လအထိ ဒေါ်လာ ၃ ဘီလီယံကျော် ရှိနေသည်ဟု သိရသည်။

လက်ရှိကာလတွင် တရုတ်နိုင်ငံမှ ကုန်စည်များကို မြန်မာနိုင်ငံသို့ တင်သွင်းလာရာတွင် သွင်းကုန်လိုင်စင် မချပေးသဖြင့် တရားမဝင်ကုန်စည်ဟု သတ်မှတ်ကာ ဖမ်းဆီးအရေးယူမှုတို့ ရှိနေသည်။

ဖေသန်း
#MeKongNews
#တရုတ်နယ်စပ်ကုန်သွယ်ရေး
#မူဆယ်
#ရှမ်းမြောက်
#သွင်းကုန်ကန့်သတ်
#စစ်ကော်မရှင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now