မဲခေါင်၊ စက်တင်ဘာ ၈
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် နွားဝယ်ရောင်းသမား အချင်းချင်း စကားများရာက ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၈ ရက် နံနက် ၁ နာရီခွဲခန့်တွင် အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ စာသင်ကျောင်းအနီး ကားလမ်းပေါ်၌ ဖြစ်ပွားခဲ့သည်ဟု အခင်းဖြစ် သက်သေတစ်ဦးက မဲခေါင်သို့ ပြောသည်။
“နွားလာရောင်းကြတာ၊ တနယ်သားချင်းပဲ၊ ကားပေါ် စကားများရာကနေ မျိုးသက်က ကားပေါ်က ဆင်းသွားတာကို ထွန်းဇော်ဟိန်းက ကားနဲ့လိုက်တိုက်တာ၊ ပွဲချင်းပြီးပဲ” ဟု အကြောင်းသိသူက မဲခေါင်ကို ပြောသည်။
သေသူမှာ ပျော်ဘွယ်မြို့၊ ဆတောင်ရွာမှ မျိုးသစ်၊ ၃၂ နှစ်ဖြစ်ပြီး ကားဖြင့် တိုက်သတ်သူမှာ ပျော်ဘွယ်မြို့မှာပင် နေသူ ထွန်းဇော်ဟိန်း ၃၅ နှစ်ဆိုသူ ဖြစ်ကြောင်း သိရသည်။
ထွန်းဇော်ဟိန်းမှာ ကားဖြင့် တိုက်ပြီးနောက် အလောင်းကို အောင်ပန်းဆေးရုံသို့ တိုက်သတ်သည့် ကားဖြင့်ပင် ပို့ဆောင်ခဲ့ပြီး အဖမ်းခံခဲ့သည်ဟု သိရသည်။
အောင်ပန်းရှိ လွယ်မယ်နွားပွဲသို့ နွားလာရောင်းကြရာမှ အပြန်တွင် အချင်းများကြရင်း စိတ်လိုက်မန်ပါ လူသတ်မှု ကျူးလွန်သည့်ဖြစ်ရပ်ဟု ပတ်ဝန်းကျင်က ပြောဆိုလျက်ရှိကြောင်း သိရသည်။
#MeKongNews
#အောင်ပန်းမြို့
#နွားပွဲစား
#အောင်ပန်း
#လူသတ်မှု








