နေ့စဥ်သတင်း

မဲဆောက်မှကုန်များ တာချီလိတ်နှင့် ရနောင်း လမ်းကြောင်းပြောင်းတင်သွင်းရန် အကြံပေး

မဲခေါင် 2 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂ မြ၀တီ-မဲဆောက် (ထိုင်- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ) ကို မြန်မာဘက်မှ ပိတ်လိုက်ရာ ဩဂုတ် ၁၈ ရက်နေ့ကတည်းက ထိုင်းဘက်တွင် ကုန်ကားများစွာ ပိတ်မိနေရာ မြန်မာဘက်က ကုန်သည်များ အနေဖြင့် ယင်းသွင်းကုန်များအား ရနောင်းနှင့်တာချီလိတ်မှ လမ်းကြောင်းပြောင်း တင်ပို့ရန် မြန်မာဘက်မှ အကြံပြု ခဲ့ကြောင်း သိရသည်။ တာ့ခ်ခရိုင် မဲဆောက် ကုန်စည်တင်သွင်းမှုတွင် မြန်မာဘက်မှ သွင်းကုန်ထိန်းချုပ်မှုစနစ် တင်းကြပ်စွာ ထားရှိလိုက်ပြီး တံတားပိတ်လိုက်ခြင်းဖြစ်ရော စက်တင်ဘာ ၁ ရက်က ထိုင်းပြည်ပကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အာရာဒါဖူအန်တောင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဇော်ဇော်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မြန်မာဘက်မှ သွင်းကုန်လိုင်စင်နှင့်ပတ်သက်ပြီး

မဲခေါင်၊ စက်တင်ဘာ ၂

မြ၀တီ-မဲဆောက် (ထိုင်- မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ) ကို မြန်မာဘက်မှ ပိတ်လိုက်ရာ ဩဂုတ် ၁၈ ရက်နေ့ကတည်းက ထိုင်းဘက်တွင် ကုန်ကားများစွာ ပိတ်မိနေရာ မြန်မာဘက်က ကုန်သည်များ အနေဖြင့် ယင်းသွင်းကုန်များအား ရနောင်းနှင့်တာချီလိတ်မှ လမ်းကြောင်းပြောင်း တင်ပို့ရန် မြန်မာဘက်မှ အကြံပြု ခဲ့ကြောင်း သိရသည်။

တာ့ခ်ခရိုင် မဲဆောက် ကုန်စည်တင်သွင်းမှုတွင် မြန်မာဘက်မှ သွင်းကုန်ထိန်းချုပ်မှုစနစ် တင်းကြပ်စွာ ထားရှိလိုက်ပြီး တံတားပိတ်လိုက်ခြင်းဖြစ်ရော စက်တင်ဘာ ၁ ရက်က ထိုင်းပြည်ပကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် အာရာဒါဖူအန်တောင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဇော်ဇော်စိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာဘက်မှ သွင်းကုန်လိုင်စင်နှင့်ပတ်သက်ပြီး တင်းကြပ်ထားမှုများ ပြန်လည်ဖြေလျော့ရေးအတွက် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။

မဲဆောက်မှ ကုန်စည်များတင်ပို့မှုကို ထိုင်းကုန်သည်များအနေဖြင့် လမ်းကြောင်းပြောင်းကာ ကော့သောင်း-ရနောင်းလမ်းကြောင်းမှလည်ကောင်း၊ မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းမှလည်ကောင်း ပြောင်းလဲတင်ပို့ရန် မြန်မာဘက်မှ အကြံပြုခဲ့သည်ဟု အာရာဒါဖူအန်တောင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာဘက်မှ တာဝန်ရှိသူများသည် တင်ပို့ကုန်များမှ ရရှိအခွန်ငွေနှုန်း ပြန်လည်ချင့်တွက် သတ်မှတ်ရန် ထိုင်းဘက်မှ အဆိုပြုမှုကိုလည်း လက်ခံခဲ့သည်ဟု သိရသည်။

မစ္စ အာဒါရာက ထိုင်းဘက်မှ မြန်မာ စီးပွားကူးသန်းဝန်ကြီးအား ဖိတ်ကြားပြီး ကုန်သွယ်ရေးမူဝါဒများ ချမှတ်ရေး၊ နှစ်နိုင်ငံပူးပေါင်း ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးသွားရန်ရှိသည်ဟုလည်း ဆိုသည်။

ယခုနှစ် ပထမ ၆ လအတွင်း ထိုင်း-မြန်မာ ကုန်သွယ်မှုတန်ကြေးသည် ဘတ် ၁၀၅ ဒသမ ၁ ဘီလီယံ ရှိခဲ့ကာ မနှစ်ကထက် ၂၄ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ထိုင်းပို့ကုန်တန်ကြေးသည်လည်း ၁၆ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ ၆၃ ဒသမ ၅ ဘီလီယံသာရှိကြောင်း၊ သွင်းကုန်တန်ဖိုးသည်လည်း ၃၅ ရာခိုင်နှုန်း ကျဆင်းကာ ၄၁ ဒသမ ၅ ဘီလီယံသာ ရှိသည်ဟု သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် တာ့ခ်ခရိုင် မဲဆောက်ဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည် ယခင်နှစ်ကထက် ၉ ဒသမ ၇၁ ရာခိုင်နှုန်းကျဆင်းကာ ဘတ် ၄၅ ဒသမ ၅ ဘီလီယံသာရှိခဲ့သည်။

ကန်ချနာဘူရီရှိ ဆန်ခလာဘူရီ ကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးဘတ် ၃၂ ဒသမ ၄ ဘီလီယံသာရှိပြီး ယခင်နှစ်ကထက် ၃၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ရနောင်းကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည်လည်း မနှစ်ကထက် ၁၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းကာ ဘတ် ၁၈ ဒသမ ၂ ဘီလီယံသာရှိကြောင်း၊ ချင်းရိုင်ရှိ မယ်ဆိုင် စစ်ဆေးရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည်လည်း ၄၇ ဒသမ ၁ ရာခိုင်နှုန်းအထိ ကျဆင်းကာ ဘတ် ၈ ဒသမ ၀၆ ဘီလီယံဖိုးသာ ရှိတော့သည်။

ပရာချူအပ်ခီရီခန်းကုန်သွယ်ရေးဂိတ်မှ ကုန်သွယ်မှုတန်ကြေးသည် ၉၃ ဒသမ ၉ ရာခိုင်နှုန်း အထိကျဆင်းပြီး ဘတ် သန်း ၃၀၀ ဖိုးသာရှိတော့ကာ မယ်ဟောင်ဆောင် ဂိတ်မှ ကုန်သွယ်မှုမှာမူ ၂၆၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဘတ် ၆၉၈ သန်း ရှိခဲ့သည်။

ချင်းမိုင်ရှိ မယ့်ဆရင်း ဂိတ်မှ ကုန်သွယ်မှု တန်ကြေးသည်လည်း ၃၅ ရာခိုင်နှုန်းမြင့်တက်လာကာ ဘတ် ၁၀၄ သန်းဖိုး ကုန်သွယ်နိုင်ခဲ့သည်ဟု ထိုင်းစီးပွားကူးသန်းမှ ထုတ်ပြန်ခဲ့သည်။

ကိုကလင်း
Ref: Bangkokpost
#MeKongNews
#တာချီလိတ်
#မဲဆောက်
#ကုန်သွယ်မှု
#ထိုင်းနိုင်ငံ
#ရနောင်း
#ကော့သောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now