နေ့စဥ်သတင်း

မိုင်းဆတ် စစ်လက်နက်တပ်တွင် ရုံးအုပ်နှင့် ရိက္ခာစတို တပ်ကြပ်ကြီးတို့ပေါင်းပြီး ခေါင်းပုံဖြတ်နေ

မဲခေါင် 2 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၂ သတင်းစာကြေးယူပြီး သတင်းစာမရခြင်းအပါအဝင် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ စစ်လက်နက်ပစ္စည်းတပ် ၃၄၆ တွင် ရုံးအုပ် ဒုအရာခံဗိုလ် နေဝင်းအောင်နှင့် ရိက္ခာစတိုကိုင် တပ်ကြပ်ကြီး နန်းဝင်းတို့ ပူးပေါင်းကာ မတရားခေါင်းပုံဖြတ်နေကြောင်း ယင်းတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ရင်ဖွင့်သည်။ ၎င်းတို့ ၂ ဦးမှာ စစ်သားနှင့် စစ်သားမိသားစုဝင်များ၏ လစာ၊ ရိက္ခာ၊ ဘဏ်စုငွေ၊ ဦးပိုင် များအပေါ် မတရား ခေါင်းပုံဖြတ်နေခြင်းဖြစ်ပြီး တိုင်ကြားသူကို အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း စစ်သားမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “သတင်းပို့ရင်လည်း အထက်က လူကြီးကိုယ်တိုင် ချမှတ်ထားတာလို့ ပြောပါတယ်။ အုတ်နံရံကို ခေါင်းနဲ့ ဝင်မတိုက်ချင်ကြနဲ့လို့ လည်းပြောပါတယ်။ ရဲဘော်ရဲမေတွေကို

မဲခေါင်၊ စက်တင်ဘာ ၂

သတင်းစာကြေးယူပြီး သတင်းစာမရခြင်းအပါအဝင် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ စစ်လက်နက်ပစ္စည်းတပ် ၃၄၆ တွင် ရုံးအုပ် ဒုအရာခံဗိုလ် နေဝင်းအောင်နှင့် ရိက္ခာစတိုကိုင် တပ်ကြပ်ကြီး နန်းဝင်းတို့ ပူးပေါင်းကာ မတရားခေါင်းပုံဖြတ်နေကြောင်း ယင်းတပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ရင်ဖွင့်သည်။

၎င်းတို့ ၂ ဦးမှာ စစ်သားနှင့် စစ်သားမိသားစုဝင်များ၏ လစာ၊ ရိက္ခာ၊ ဘဏ်စုငွေ၊ ဦးပိုင် များအပေါ် မတရား ခေါင်းပုံဖြတ်နေခြင်းဖြစ်ပြီး တိုင်ကြားသူကို အရေးယူမည်ဟု ခြိမ်းခြောက်ထားကြောင်း စစ်သားမိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သတင်းပို့ရင်လည်း အထက်က လူကြီးကိုယ်တိုင် ချမှတ်ထားတာလို့ ပြောပါတယ်။ အုတ်နံရံကို ခေါင်းနဲ့ ဝင်မတိုက်ချင်ကြနဲ့လို့ လည်းပြောပါတယ်။ ရဲဘော်ရဲမေတွေကို တန်းစီပြီး သတင်းပေါက်ကြားရင် အရေးယူမယ် ဆိုပြီး ခြိမ်းခြောက်တာတွေပါ လုပ်ထားတာရှိတယ်။ အများကြီး” ဟု ၎င်းက မဲခေါင်သို့ ပြောသည်။

လစာနှင့် ပတ်သက်၍ လစာမှ အစွန်းထွက်ငွေများကို ထုတ်မပေးဘဲ ဖြတ်တောက်ထားကြောင်း၊ စစ်ပြေး လစာများလည်း အပြေးမပြဘဲ ထုတ်စားနေကြောင်း သိရသည်။

ဦးပိုင်ဖြတ်ငွေလည်း ဖြတ်သလောက် မဝင်သလို လစဉ်သတင်းစာကြေးဖြတ်ပြီး သတင်းစာမဖတ်ရကြောင်း၊ ကြက်သား၊ ငါးများ မယူမနေရပေးပြီး လစာထုတ်လျင် အကုန်ဖြတ်ချကြောင်း၊ ရိက္ခာလည်း ၂၈ရက်စာ အပြည့်ဝမရကြသလို မီး၊ ရေ၊ အိမ်သာ ပျက်စီးပါကလည်း ကိုယ့်ဘာသာပြင်ခိုင်းကြောင်း မိုင်းဆတ် စစ်လက်နက်တပ်အသိုင်းအဝိုင်းမှ သိရသည်။

“အမျိုးသမီးထောက်ပံ့ငွေ တစ်သိန်းကိုလည်း လတိုင်းဟိုကြေးဒီကြေးဆိုပြီး ဖြတ်ချတယ်။ အလုပ်သမား ရဲမေ စာရင်းလည်း ၁၀ ယောက်တင်ပြီး တကယ်လုပ်တာ ၄ ယောက်တည်းပဲရှိတယ်။ လူကြီးနဲ့ သူ့လူတွေ ပေါင်းပြီး လုပ်နေကြတာပါ။ အကျင့်ပျက်ခြစားနေပါတယ်။ တပ်မှူးက အေးဆေးသမား ဘာဘဲပြောပြော ထိထိရောက်ရောက်အရေးမယူပေးဘူး၊ သူတို့က သူ့ဌာနနဲ့သူ အကုန် လက်ဝါး ကြီးအုပ်ထားတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရိက္ခာ ကိုင်သည့် နန်းဝင်းကလည်း ရိက္ခာ အပြည့်မပေးဘဲ နေသည်မှာ နှစ်ချီနေပြီဖြစ်ကြောင်း၊ တပ်လည်း လုံးဝမပြောင်းကြောင်းနှင့် ရာထူးတိုးလည်း လုံးဝမတင်ကာ ရဲဘော်ရဲဘက် အချင်းချင်း မတရား လုပ်စားနေကြောင်း စွပ်စွဲသည်။

စစ်လက်နက်ပစ္စည်းတပ်ခွဲသည် စစ်တပ် ၏ လက်ရုံးတပ် တစ်ခုဖြစ်ပြီး တြိဂံဒေသစစ်တိုင်းအုပ်ချုပ်ရေး လက်အောက်ခံ ဖြစ်ကာ မိုင်းဆတ် စကခ ၁၄ တပ်နယ်ရှိ တပ်များသို့ စစ်လက်နက်ခဲယမ်းများ ဖြန့်ဖြူးပေးရသည့် တပ်ဖြစ်ကြောင်း သိရသည်။

#MeKongNews
#မိုင်းဆတ်
#ရှမ်းအရှေ့
#စစ်လက်နက်တပ်
#မတရားမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now