နေ့စဥ်သတင်း

မိုင်းတုံတွင် ခနောက်စိမ်းလုပ်ကွက်ကို ပြည်သူ့စစ်လက်ဝါးကြီးအုပ် တရားမဝင် တူးဖော်နေ

မဲခေါင် 31 Aug - 2025
မဲခေါင်၊ သြဂုတ် ၃၁ စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်ဖြစ်သည့် ပန်ကျိုင်းပြည်သူ့စစ်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေပါလောင်းကျေးရွာဝန်းကျင်မှာရှိသည့် ခနောက်စိမ်းသတ္တု တူးဖော်​သည့် လုပ်ကွက်ကို လက်ဝါးကြီးအုပ်ထားပြီး အခြားအဖွဲ့များနှင့် အပြင်လူမဝင်ရစေရန် လုံခြုံရေးတင်းကြပ်စွာဖြင့် တရားမဝင် တူးဖော်နေကြောင်း ဒေသခံများထံက သိရသည်။ ယင်းခနောက်စိမ်းသတ္တုကြောသည် မိုင်းတုံ- မိုင်းဆတ်သွား ကားလမ်းပေါ်မှ ၁၃ မိုင်လုပ်ကွက်နှင့် တကြောထဲဖြစ်ပြီး အရည်အသွေးကောင်းမွန်သည်ဟု ခနောက်စိမ်းဝယ်နေသူများထံက သိရသည်။ “မြို့မှာကို နှစ်ချုပ်နဲ့ အိမ်ငှားပြီး တရုတ်မတွေက ဒိုင်ဖွင့်ဝယ်နေတာ။ ကောင်းရင်ကောင်းသလို စျေးကွာတယ်။ တစ်တန်ကို ခုလက်ရှိ ကျပ်သိန်း ၁၇၀ ကျော် ရှိနေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။ တစ်တန်လျင် ဘိလပ်မြေအိတ်ခွံဖြင့်ထည့်ပြီး အိတ်၂၀ရှိကာ

မဲခေါင်၊ သြဂုတ် ၃၁

စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်ဖြစ်သည့် ပန်ကျိုင်းပြည်သူ့စစ်က ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေပါလောင်းကျေးရွာဝန်းကျင်မှာရှိသည့် ခနောက်စိမ်းသတ္တု တူးဖော်​သည့် လုပ်ကွက်ကို လက်ဝါးကြီးအုပ်ထားပြီး အခြားအဖွဲ့များနှင့် အပြင်လူမဝင်ရစေရန် လုံခြုံရေးတင်းကြပ်စွာဖြင့် တရားမဝင် တူးဖော်နေကြောင်း ဒေသခံများထံက သိရသည်။

ယင်းခနောက်စိမ်းသတ္တုကြောသည် မိုင်းတုံ- မိုင်းဆတ်သွား ကားလမ်းပေါ်မှ ၁၃ မိုင်လုပ်ကွက်နှင့် တကြောထဲဖြစ်ပြီး အရည်အသွေးကောင်းမွန်သည်ဟု ခနောက်စိမ်းဝယ်နေသူများထံက သိရသည်။

“မြို့မှာကို နှစ်ချုပ်နဲ့ အိမ်ငှားပြီး တရုတ်မတွေက ဒိုင်ဖွင့်ဝယ်နေတာ။ ကောင်းရင်ကောင်းသလို စျေးကွာတယ်။ တစ်တန်ကို ခုလက်ရှိ ကျပ်သိန်း ၁၇၀ ကျော် ရှိနေတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။

တစ်တန်လျင် ဘိလပ်မြေအိတ်ခွံဖြင့်ထည့်ပြီး အိတ်၂၀ရှိကာ လုပ်ကွက်တွင် တစ်ပါတည်းချုပ်၍ တာချီလိတ်သို့ ပို့ဆောင်နေကြောင်း၊ ကားသမားကို တစ်တန်လျှင် ထိုင်းဘတ်ငွေ ၂၅၀၀၀ ပေးကြောင်း သိရသည်။

“မကြာသေးဘူး နယ်ခြားတပ်က ဘက်ဟိုး ၃ စီးနဲ့လာတူးလို့ စကားများကြသေးတယ်။ ခုတော့ ညှိလို့အဆင်ပြေသွားကြပြီ။ တူးတဲ့နေရာက လျှိုထဲမှာ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။

ယင်းနေရာကို လွန်ခဲ့သည့် ၃ လခန့်က စတင်တူးဖော်နေခြင်းဖြစ်ပြီး ထွက်ခါစက တစ်တန်လျင် ကျပ်သိန်း ၈၀ သာရှိရာမှ ယခု ကျပ်သိန်း ၁၇၀ ကျော်အထိ စျေးမြင့်လာခြင်း ဖြစ်သည်။

ခနောက်စိမ်းထွက်ရှိသည့်နေရာကို ဒေသခံများက စတင်တွေ့ရှိတူးဖော်​ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ စစ်တပ်လက်အောက်ခံ ဌာနေပြည်သူ့စစ်က အများသူငါကို ပေးမတူးတော့ဘဲ ၎င်းတို့သာ လက်ဝါးကြီးအုပ် တူးဖော်နေခြင်းကြောင်း ဒေသခံများက ဆိုသည်။

“ပထမတန်းစားက (သတ္တုပါဝင်မှုနှုန်း) ၃၀ ရာခိုင်နှုန်းကျော်တယ်။ A,B,C အတန်းအစားခွဲဝယ်တယ်။ စျေးကတော့ သူ့အတန်းနဲ့သူပေါ့။ အားလုံးဝယ်ကြတယ်” ဟု ယင်းခနောက်စိမ်းလုပ်ကွက်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယခု လုပ်ကွက်မှ ခန့်မှန်းတစ်ရက်လျှင် တစ်တန်မျှထွက်ရှိနေပြီး လုပ်ကွက်နေရာတွင် အပြီးအစီးအိတ်ဖြင့်ချုပ်၍ သယ်ဆောင်နေကြောင်း၊ သတ္တုကြောမှာ အလွန်ကောင်းကြောင်း ယင်းနီးစပ်သူက ပြောသည်။

“အိတ်က တစ်ဝက်ကျော်ပဲထည့်နိုင်တယ်။ အားသန် ၂ ယောက်မတာ အပြည့်ဆိုမနိုင်ဘူး။ ကားပေါ်တက်စစ်လည်း ဘိလပ်မြေအိတ်လို့ပဲ ထင်ရမယ်။ သတ္တုကြောက တအားကောင်းတယ်” ဟု ၎င်းကပြောသည်။

မိုင်းတုံတွင် သတ္တုတူးဖော်နေသည့် ကုမ္ပဏီများ စာချုပ် သက်တမ်းကုန်ဆုံးပြီး သက်တမ်းတိုးနှင့်အသစ်လျှောက်ရာတွင် လက်ရှိ၌ စစ်တပ်ပိုင်ဦးပိုင်မှ ၄၀ ရာခိုင်နှုန်း ၊ ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်းဟု စစ်ကောင်စီ၏ သတ္တုတွင်းဌာနက သတ်မှတ်ထားသည့်အတွက် သတ္တုကုမ္ပဏီများ ယခင်ကဲ့သို့ မလွယ်ကူတော့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“အခုက စစ်ထွက်အရာရှိပွဲစားတွေ ခြေချင်းလိမ်နေတယ်။ ဦးပိုင်နဲ့ နယ်မြေခံတပ်တွေနဲ့ ညှိဖို့ ဘယ်လောက်ဆိုပြီး စျေးကွက်မှာ လှုပ်ရှားနေကြတယ်” ဟု သတ္တုကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူကပြောသည်။

စမ်းသပ်တူးဖော်ခွင့်၊ သက်တမ်းတိုးတူးဖော်ခွင့်များရရန် ကျပ်သိန်းထောင်ချီ ကုန်ကျနေပြီး တရားဝင်တူးဖော်ခွင့်ရရန်အတွက် နယ်မြေခံလူထု၊ အုပ်ချုပ်ရေးဌာနစုံအဆင့်ဆင့်၊ စစ်တိုင်း၊ တိုင်းအစိုးရ၊ ဘူမိဗေဒနှင့် သစ်တောဌာနများသို့ ပေးကမ်းရသည့်အတွက် တရားဝင်မတူးတော့ဘဲ တရားမဝင်သာ တူးနေကြခြင်းဖြစ်ကြောင်း သတ္တုကုမ္ပဏီများထံမှ သိရသည်။

ရွှေ၊ ခနောက်စိမ်း၊ ခဲမဖြူသတ္တုများ တူးဖော်ခွင့်ကို စစ်ကောင်စီ၏ အမှတ် ၂ သတ္တုတွင်းဌာနမှ အဓိကချထားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ယခု မိုင်းတုံမြို့နယ်တွင် ရွှေ၊ ခနောက်စိမ်း၊ ခဲမဖြူ များစီးပွားဖြစ်ထွက်ရှိသည်ဆိုပြီး တရားဝင်လျှောက်ထားနေကြသလို တရားမဝင်တူးဖော်မှုများလည်း အများအပြားရှိနေကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

#MeKongNews
#မိုင်းတုံ
#ခနောက်စိမ်း
#သတ္တုတူးဖော်မှု
#ပြည်သူ့စစ်
#ပန်ကျိုင်းပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now