စစ်ရေးသတင်း

ငွေတောင်ရွာတိုက်ပွဲ စစ်ကောင်စီတပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံး၊ တော်လှန်ရေးတပ်များ သေနတ် ၆လက်ရ

မဲခေါင် 31 Aug - 2025
မဲခေါင်၊ သြဂုတ် ၃၀ စစ်မှုထမ်းလူသစ် အများစု ပါဝင်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်တွင်အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး သေနတ်၆လက် ရရှိခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် ၁၁ က ဩဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။ သြဂုတ်လ ၂၉ ရက်၊ နံနက် ၁၀နာရီမှစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး ၃၀ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန် ရေးတပ်ပေါင်းစုဘက်မှ ၂ ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရကြောင်း

မဲခေါင်၊ သြဂုတ် ၃၀

စစ်မှုထမ်းလူသစ် အများစု ပါဝင်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်တွင်အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ရှမ်းတောင်၊ ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး သေနတ်၆လက် ရရှိခဲ့ကြောင်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် ၁၁ က ဩဂုတ်လ ၃၀ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။

သြဂုတ်လ ၂၉ ရက်၊ နံနက် ၁၀နာရီမှစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦး ထက်မနည်းသေဆုံးပြီး ၃၀ကျော်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန် ရေးတပ်ပေါင်းစုဘက်မှ ၂ ဦး မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရကြောင်း ဗျူဟာအမှတ် ၁၁ ဗျုဟာမှူး နတ်ဆိုးက မဲခေါင်သို့ ပြောသည်။

တိုက်ပွဲအတွင်းရန်သူ့လက်နက် MA-1 ၄ လက်၊ MA-2 တစ်လက် နှင့် MA-3 တစ်လက် စုစုပေါင်း (၆) လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့‌ကြောင်း ၎င်းက ပြောသည်။

“လူသစ် ပစ တွေများတယ်။ လူဟောင်းက နဲနဲပဲပါတယ်။ သူတို့က လမ်းပြင်ရင်းစစ်ကြောင်းထိုးလာတာ၊ ကျနော်ဦးဆောင်ပြီး ရွာထဲဝင်တိုက်တာ၊ ထွက်ပြေးကုန်တာ ပြန်ခံပစ်တာနည်းတယ်”ဟု ဗျူဟာမှူးနတ်ဆိုးက မဲခေါင်သို့ ပြောသည်။

ယင်းတိုက်ပွဲတွင် ရှမ်းတောင် ၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) နှင့် ကရင်နီပြည်နယ်ရှိ တပ်ပေါင်းစုများက ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့‌ကြပြီး ဒရုန်းတပ်ဖွဲ့များဖြစ်သည့် ရှမ်းတောင် ဒရုန်းတပ်ဖွဲ့ ၊ ဗျူဟာ (၁၁) ဒရုန်းတပ်ဖွဲ့ ၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့ နှင့် KNA ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ပေါင်းစုဘက်မှာ ကျားတက်ထိုးရာတွင် စစ်ကောင်စီဘက်မှ သေနတ်မောင်းပင်မတင်နိုင်သူများ၊ သေနတ်ချပြီး ထွက်ပြေးသူများပင်ရှိကြောင်း အခြားရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ကရင်နီအင်အား ၂၀၀ ခန့် ညာသံပေးပြီးကျားတက်ထိုးတော့ သေနတ်မောင်းမတင်နိုင်သူရှိတယ်။ သေနတ်ပစ်ချပြီး ထွက်ပြေးသူများတယ်။ ခံပစ်သူနည်းပါတယ်။ တဝင်းပူမျဉ်းစောင်းတွေက ဆရာကြီးတွေလုပ်ပြီး ၂နှစ်သားစစ်သည်တွေဆိုတာ တိုက်ပွဲအတွေ့ကြုံနည်းတော့ တိုက်ပွဲဖြစ်တာနဲ့ ပြေးကြတာ။ ဒီးမော့ဆိုမြို့ သိမ်းနိုင်ပြီဆိုပြီး လိုင်းပေါ်မှာစစ်တပ်ကကြွားလုံးထုတ်ပေမယ့် မြေပြင်မှာတော့ စစ်တပ်အင်အားအနည်းငယ်နဲ့ မြို့စောင့်ထားပြီး သံချပ်ကာကားကအစ လွိုင်ကော်ပြန်ဆုတ်ထားနေတာ” ဟု ၎င်းကပြောသည်။

ဒီးမော့ဆိုမြို့နယ်တဝိုက်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများရှိနေသည့်အတွက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်‌ကြောင်း KNDF က ဩဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။

မဟာ
#MeKongNews
#ရှမ်းတောင်
#ကရင်နီ
#ဗျူဟာအမှတ်၁၁
#ဗျူဟာမှူး
#ဗျူဟာမှူးနတ်ဆိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now