မဲခေါင်၊ သြဂုတ် ၃၀
ART ဆေးရရှိရန် ခက်ခဲနေသည့် ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှ HIV ပိုးကူးစက်ခံထားရသူတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ သြဂုတ်လ ၃၀ရက်၊ နံနက် ၈နာရီခန့်တွင် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ အသက် ၄၅နှစ်အရွယ် အမျိုးသားသည် လွယ်အိတ်ကြိုးကို အသုံးပြု၍ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်သားတစ်ဦးက ပြောသည်။
“သူ့မိန်းမက ခရီးသွားနေတာ၊ ကလေးနဲ့ အမေအိုပဲရှိတယ်။ သူက ….. ဖြစ်နေတာကြာပြီ။ ဒါပေမယ့် ARTဆေးက ဝယ်မရဘူးကြားတယ်။ သူတို့ညီအကိုရဲ့ သံပန်းလုပ်ငန်းလည်းအဆင်ပြေနေတာ၊ ရောဂါကြောင့် စိတ်ဖိစီးပြီး လုပ်သွားတာလို့ သုံးသပ်ကြတယ်”ဟု ၎င်းက ပြောသည်။
.
၎င်း၏အလောင်းကို နာရေးကူညီမှုအသင်း (အောင်ပန်း)မှ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက တရားမဝင်ကုန်စည်အကြောင်းပြဖမ်းဆီးနေ၍ ဆေးဝါးများရှားပါး စျေးကြီးနေသလို ၂၀၂၅ ဩဂုတ် ၈ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း HIV/AIDS လူနာတွေ အတွက် မရှိမဖြစ်လိုအပ်သည့် ART ဆေးများကို NGO/INGO များမှ တဆင့် ဖြန့်ဖြူးခွင့် ရပ်ဆိုင်းကာ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာတွင်သာ လူနာများ ဆေးထုတ်ရသည့် အကျိုးဆက်ကြောင့် ရောဂါသည်များ အခက်အခဲတွေ့နေသည်။
မဟာ
#MeKongNews
#အောင်ပန်းမြို့
#ARTဆေး
#လှည်းရိုးရပ်ကွက်
#ဆေးဝါး








