နေ့စဥ်သတင်း

ကျိုင်းတုံ ပန်ကွဲတောင်အဆင်း ဓာတုဆေးရည်တင်ကား ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်

မဲခေါင် 25 Aug - 2025
မဲခေါင်၊ သြဂုတ် ၂၅ ဓာတုဆေးရည်များ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး တာချီလိတ်-ကျိုင်းတုံလမ်း၊ ကျိုင်းတုံမြို့အဝင်ဖြစ်သည့် ပန်ကွဲတောင်အဆင်းတွင် ဘရိတ်ပေါက်ကာ ရှေ့မှ ၁၂ ဘီးကားကို ဝင်ရောက်တိုက်မိပြီး မီးလောင်ခဲ့ကြောင်း သိရသည်။ သြဂုတ်လ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်း မိုင်တိုင်အမှတ် ၄၀၄/၆ နှင့် ၇ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ကာ မီးလောင်ခြင်းဖြစ်ကြောင်း၊ လူ ၂ ဦးဒဏ်ရာရပြီး ယင်းထဲမှ လူနာတစ်ဦးမှာ ဓာတုဆေးရည်ထိထားကြောင်း မီးသတ်နှင့် ပရဟိတအဖွဲ့များထံက သိရသည်။ “၂ နာရီခွဲမှာ မီးငြိမ်းတယ်။ လူ ၂

မဲခေါင်၊ သြဂုတ် ၂၅

ဓာတုဆေးရည်များ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ်တစ်စီး တာချီလိတ်-ကျိုင်းတုံလမ်း၊ ကျိုင်းတုံမြို့အဝင်ဖြစ်သည့် ပန်ကွဲတောင်အဆင်းတွင် ဘရိတ်ပေါက်ကာ ရှေ့မှ ၁၂ ဘီးကားကို ဝင်ရောက်တိုက်မိပြီး မီးလောင်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲခန့်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွား ကားလမ်း မိုင်တိုင်အမှတ် ၄၀၄/၆ နှင့် ၇ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လမ်းယာဘက်သို့ ထိုးကျတိမ်းမှောက်ကာ မီးလောင်ခြင်းဖြစ်ကြောင်း၊ လူ ၂ ဦးဒဏ်ရာရပြီး ယင်းထဲမှ လူနာတစ်ဦးမှာ ဓာတုဆေးရည်ထိထားကြောင်း မီးသတ်နှင့် ပရဟိတအဖွဲ့များထံက သိရသည်။

“၂ နာရီခွဲမှာ မီးငြိမ်းတယ်။ လူ ၂ ဦး ဒဏ်ရာရတယ်။ ကျိုင်းတုံဆေးရုံကို ပို့ပါတယ်။ ဓာတုဆေးရည်က ETHYL ACETATE ပါ” ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းပန်ကွဲတောင်အဆင်းမှာ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်လေ့ရှိပြီး ယခုတစ်ကြိမ်မှာ ထိခိုက်မှုနည်းပါးကြောင်း ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပြောသည်။

“အဲ့ပန်လော့အဆင်းက အမြဲဖြစ်နေတာ၊ ပွဲပေးလဲ မရဘူး။ ခုလည်း ကံကောင်းလွန်းလို့။ ကျွန်မတို့ ကားနဲ့သီသီလေးပဲလွတ်တာ။ ဘရိတ်ရူး ပေါက်တော့ ရှေ့က ၁၂ ဘီးကားနှစ်စီးကို ကျော်ပစ်တာ။ ကုန်းအဆင်းကြီးကို အဲ့ကားဆရာတော်တော် တော်ပါတယ်” ဟု အခင်းဖြစ်ချိန် ကိုယ်တိုင်သိမြင်ခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

ယင်းပန်ကွဲတောင်အဆင်းသည် အဆင်းရှည်ပြီး မတ်စောက်သဖြင့် မကြာခဏ ကားများ ဘရိတ်ပေါက်ခဲ့ရာ ပြီးခဲ့သည့် မတ်လ ၂၀ ရက်က ကုန်ကားတိမ်းမှောက်သဖြင့် တစ်ဦးသေ၊ ၃ ဦး ဒဏ်ရာခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း အိမ်စီးကားကို ကုန်ကားမှ ဝင်တိုက်သဖြင့် အိမ်စီးကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ကလေးငယ်များ အပါအဝင် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦး စုစု‌ပေါင်း ၆ ဦး သေဆုံးခဲ့ကာ ကုန်တင်ယာဥ်မှ ယာဥ်မောင်းအပါအဝင် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဥ်းများ ဖြစ်ပွားခဲ့သေးသည်။

#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#ကားမှောက်
#ဓါတုဆေးဝါး
#ထိခိုက်ဒါဏ်ရာရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now