နေ့စဥ်သတင်း

စစ်ကောင်စီ မြေပြင်တပ် နောင်ပိန်ကြီး ရောက်ပြီး ပြည်သူများကို ပစ်ခတ်နေ

မဲခေါင် 24 Aug - 2025
မဲခေါင်၊ သြဂုတ်၂၄ စစ်ကောင်စီ၏ တပ်မ ၁၁ မှ အင်အား ၇၀၀ ကျော်ပါ မြေပြင်တပ်သည် နောင်ပိန်ကြီးကို သြဂုတ် ၁၉ ရက်မှစကာ ဝေဟင်မှဗုံးကြဲ၊ လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် ယနေ့ သြဂုတ်လ ၂၄ ရက်တွင် ရပ်ကွက် ၄ အထိ ရောက်ရှိလာပြီး မတိမ်းရှောင်နိုင်ဘဲ ကျန်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ နောင်ပိန်ကြီးကျေးရွာထဲသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းသည် စစ်ဘေးမတိမ်းရှောင်နိုင်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို သေနတ်နှင့်ပစ်ခတ်ခဲ့သည်အတွက် ယမန်နေ့ သြဂုတ်လ ၂၃ ရက် နေ့ညနေပိုင်းတွင် အမျိုးသားတစ်ဦး နေရာမှာပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး အပါအဝင် မိသားစုဝင်များတွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း

မဲခေါင်၊ သြဂုတ်၂၄

စစ်ကောင်စီ၏ တပ်မ ၁၁ မှ အင်အား ၇၀၀ ကျော်ပါ မြေပြင်တပ်သည် နောင်ပိန်ကြီးကို သြဂုတ် ၁၉ ရက်မှစကာ ဝေဟင်မှဗုံးကြဲ၊ လက်နက်ကြီးနှင့်ပစ်ခတ်ပြီးနောက် ယနေ့ သြဂုတ်လ ၂၄ ရက်တွင် ရပ်ကွက် ၄ အထိ ရောက်ရှိလာပြီး မတိမ်းရှောင်နိုင်ဘဲ ကျန်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

နောင်ပိန်ကြီးကျေးရွာထဲသို့ ထိုးစစ်ဆင် ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းသည် စစ်ဘေးမတိမ်းရှောင်နိုင်သည့် အရပ်သားပြည်သူများ၏ နေအိမ်များကို သေနတ်နှင့်ပစ်ခတ်ခဲ့သည်အတွက် ယမန်နေ့ သြဂုတ်လ ၂၃ ရက် နေ့ညနေပိုင်းတွင် အမျိုးသားတစ်ဦး နေရာမှာပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး အပါအဝင် မိသားစုဝင်များတွင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

“အမျိုးသားက ဗိုက်ထိပြီးသေတယ်။ အမျိုးသမီးက ဦးခေါင်းထိ၊ ပေါင်ထိ၊ ကလေးက လက်ထိတယ်။ ဘယ်ပရဟိတအသင်းအဖွဲ့မှလဲ ဝင်ဖို့မလွယ်ကူသေးပါ။ ပရဟိတကားတွေလည်း ဝင်ရင်ပစ်ခံရမှာစိုးလို့ ဝင်မရဘူးဖြစ်နေတယ်” ဟု လူမှုကူညီသူတစ်ဦးက မဲခေါင်သို့ ပြောသည်။

စစ်တပ်စစ်ကြောင်း၏ ရှေ့ထွက်ကာကင်းအနေဖြင့် စခန်းသာအထိ ရောက်ရှိနေပြီဟု CDM ဗိုလ်ကြီးဇင်ယော်က မဲခေါင်သို့ပြောသည်။

ယခု စစ်တပ်ရောက်ရှိနေသည့် နောင်ပိန်မှ ကျောက်မဲသို့ ၁၀ မိုင်ခန့်ဝေးသော်လည်းကြားတွင် TNLA ရှိသည့် ၄ မိုင်ခန့်​ဝေးကွာသည့် နားအိုင်းခန်းရွာ၊ ၎င်းမှ ၄ မိုင်ခန့်​ ဝေးသည့်စခန်းသာ၊ နောက် ၂ မိုင်ခန့်ဝေးသည့် ခိုက်တုံဟုန်းရွာနှင့် ၃ မိုင်ခန့်ဝေးသည့် ခိုမုန်းရွာတို့သည် လမ်းမဘေးရွာများ ဖြစ်ကြပြီး အတွင်းဘက်တွင် ပေါက်အင်းကြီး၊ ပေါက်အင်းလေး စသည့်ရွာများရှိသေးကြောင်း ဒေသခံများက ပြောသည်။

“စခန်းသာက ၅ မိုင်ဝေးတဲ့ မိုင်းတင်းကနေ ကျောက်မဲ ငြိမ်းချမ်းရေးကုန်း အနောက်ဘက်ကို ဝင်နိုင်တယ်။ နောင်ပိန်နဲ့ကျောက်မဲကြား ၄ ရွာလောက်ပဲရှိတယ်။ ခိုအုံ၊ ခိုမုံးရောက်ရင် ၂ လမ်းရှိတယ်။ ခိုမုံးနဲ့ ငြိမ်းချမ်းရေးကုန်းတစ်လမ်း၊ ခိုမုံးနဲ့ကျောက်မဲ မိန်းလမ်းတစ်လမ်း အမြောက်တပ်ရောက်တယ်။ ခိုမုံးနဲ့ ငြိမ်းချမ်းရေးကုန်းက ကျောက်မဲနဲ့ မိုးကုတ်သွားတဲ့လမ်းကြားဖြတ်လမ်း” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ ရပ်ကွက် ၉ ရပ်ကွက်ရှိ ပြည်သူအများစု စစ်ရှောင်နေကြပြီ ဖြစ်သော်လည်း အချို့မှာ ပြဿဒါးနေ့ဖြစ်၍ နောက်ရက်မှ စစ်ရှောင်မည်ပြောကြားကြသဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ လုပ်ကိုင်ရခက်နေကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ် သြဂုတ်လ ၅ ရက်တွင် ကျောက်မဲကို TNLA နှင့်မဟာမိတ်များက သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာ ယခုတွင် စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။

Photo – ကျောက်မဲစစ်ရှောင်များ/ဇာတိမြေ ကျောက်မဲ ပရဟိတအသင်း
မဟာ
#MeKongNews
#ကျောက်မဲ
#နောင်ပိန်
#စစ်ကောင်စီ
#သတ်ဖြတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now