မဲခေါင်၊ သြဂုတ် ၂၄
ချင်းရွှေဟော်မြို့နှင့် ဟိုပန်မြို့ကို ဆက်သွယ်ရာတွင် အရေးပါသည့် ဟိုပန်ခရိုင်၊ နမ့်တစ်မြို့ရှိ ညီနောင်တံတား ယနေ့သြဂုတ် ၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ကျိုးကျပျက်စီးခဲ့ကြောင်း “ဝ” လူငယ်အသံ WNLက ဖော်ပြသည်။
ယနေ့သြဂုတ် ၂၄ ရက်၊ နံနက်ပိုင်း ၂ နာရီဝန်းကျင်ခန့်တွင် ကျိုးကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ယင်းတံတားသည် MNDAA ထိန်းချုပ်ထားသည့် တရုတ် – မြန်မာနယ်စပ် ချင်းရွှေဟော်မြို့နှင့် အဓိက ဆက်သွယ်ထားတဲ့ တံတားတစ်ခုဖြစ်ကြောင်း သိရသည်။
“ဒီတံတားက ၁၀၂၇ စစ်ဆင်ရေးမှာ သမိုင်းဝင်တံတားပဲ၊ ဘာကြောင့်ကျိုးကျတယ်ဆိုတာတော့ မသိရဘူး။ ဟိုပန်ဖက်မှာလည်း တံတားရှိသေးတော့ ချင်းရွှေဟော် ကိုးကန့်ဖက်သာမရတာ၊ တန့်ယန်းဖက်တော့ အဆက်အသွယ်မပြတ်ပါဘူး။ ကိုးကန့်တွေတော့ “ဝဂ ဖက်လာလို့မရတော့သလို၊ “ဝ”တပ်ကလည်း ဟိုဖက်မသွားနိုင်တော့ဘူးပေါ့” ဟု ဒေသအရေး လေ့လာသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းတံတားသည် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် ကွမ်းလုံ၊ နမ့်ဟူး၊ ချင်းရွှေဟော်၊ လောက်ကိုင်တွင် ပိတ်မိနေသည့် စစ်ဘေးရှောင်သိန်းနှင့်ချီသည့် ပြည်သူအများ “ဝ” နယ် နမ့်တစ်မြို့ကတဆင့် နယ်မြေခိုလုံခွင့်များ ရရှိခဲ့ကြရာတွင် အရေးပါသည့် တံတားဖြစ်ကြောင်း WNL ကဖော်ပြထားသည်။
Source – Wa News Land
#MeKongNews
#နမ့်တစ်တံတား
#ဟိုပန်ခရိုင်
#ချင်းရွှေဟော်
#MNDAA








