နေ့စဥ်သတင်း

တိုင်းရင်းသားချင်းစည်းလုံးညီညွတ်မှု ပျက်ပြား အမုန်းပွားစေရန် လုပ်ဇာတ်ဆန္ဒပြပွဲများ စစ်တပ်စီစဉ်နေဟု RCSS ထုတ်ပြန်

မဲခေါင် 18 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၈ ရှမ်းပြည်တောင်ပိုင်းရှိ မြို့များတွင် စစ်ကော်မရှင်က ဒေသခံတိုင်းရင်းသားပြည်သူများကို ဆင့်ခေါ်ပြီး TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ဆန္ဒပြမှု လုပ်ဆောင်ခြင်းသည် ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန်နှင့် အမုန်းပွားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု RCSS/SSA သတင်းပြန်ကြားရေးအဖွဲ့ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။ RCSS အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ် TNLA နှင့် ရှမ်းတပ် SSPP တို့၏ကြီးမားသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုခံခဲ့ရသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေးရှုသည့်အနေဖြင့် ဒေသခံများကို တစ်ကြိမ် တစ်ခါမှ ထုတ်ဖော်ဆန္ဒပြရန် တိုက်တွန်း မလုပ်ဆောင်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။ ယခု

မဲခေါင်၊ သြဂုတ် ၁၈

ရှမ်းပြည်တောင်ပိုင်းရှိ မြို့များတွင် စစ်ကော်မရှင်က ဒေသခံတိုင်းရင်းသားပြည်သူများကို ဆင့်ခေါ်ပြီး TNLA နှင့် MNDAA တို့ကို ဆန့်ကျင်ဆန္ဒပြမှု လုပ်ဆောင်ခြင်းသည် ရှမ်းပြည်အတွင်းရှိ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန်နှင့် အမုန်းပွားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု RCSS/SSA သတင်းပြန်ကြားရေးအဖွဲ့ က ယနေ့ သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

RCSS အနေဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် တအာင်းတပ် TNLA နှင့် ရှမ်းတပ် SSPP တို့၏ကြီးမားသည့် ထိုးစစ်ဆင် တိုက်ခိုက်မှုခံခဲ့ရသော်လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရှေးရှုသည့်အနေဖြင့် ဒေသခံများကို တစ်ကြိမ် တစ်ခါမှ ထုတ်ဖော်ဆန္ဒပြရန် တိုက်တွန်း မလုပ်ဆောင်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။

ယခု စစ်ကော်မရှင်က စီစဥ်ပြုလုပ်သည့် TNLA နှင့် MNDAA တို့ ဆန့်ကျင်ဆန္ဒပြမှုသည် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSSနှင့် လုံးဝ ပတ်သက်မှု မရှိကြောင်းလည်း ဖော်ပြပါရှိသည်။

“စစ်တပ်က ဒေသခံတွေကို လိမ်ခေါ်ပြီး လုပ်ခိုင်းတာဟာ မရိုးသားတဲ့အပြင် ရန်တိုက်ပေးတာပဲ။ သွေးခွဲတဲ့ လုပ်ရပ်ဘဲ။ ကိုယ့်ဟာကိုယ် စစ်တိုက်လို့ မနိုင်တာကို တစ်ဖက်လှည့်နဲ့ ရှမ်းဒေသခံတွေကို အသုံးချတာ။ လုပ်ဇက်ပဲ” ဟု ယခု ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ရှမ်းနိုင်ငံရေးသမားတစ်ဦးက မဲခေါင်သို့ ပြောဆိုသည်။

ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ လှည့်ကွက်အတွင်းသို့ မကျရောက်မိစေရန် သတိထား ရှောင်ရှားကြရန် RCSS က တိုက်တွန်းထားကြောင်း ပါရှိသည်။

စစ်ကော်မရှင်က စီစဥ်ပြုလုပ်သည့် ဆန္ဒပြပွဲများကို ယနေ့ ဩဂုတ်လ ၁၈ ရက်တွင် မိုးနဲ၊ မိုင်းပန်၊ ခိုလမ်၊ ကွန်ဟိန်းမြို့များတွင် တပြိုင်နက်တည်း ပြုလုပ်နေခြင်းဖြစ်ပြီး မနက်ဖြန် ဩဂုတ်လ ၁၉ ရက်တွင် လဲချား၊ ပင်လုံ၊ နမ့်စန်၊ မောက်မယ်နှင့် လင်းခေးမြို့များတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားနေကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#RCSS
#စစ်ကော်မရှင်
#ဆန္ဒပြပွဲ
#ရှမ်းပြည်တောင်ပိုင်း
#တိုင်းရင်းသား
#ထုတ်ပြန်ချက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now