နေ့စဥ်သတင်း

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်အုပ်ကြီး ဦးသန်းရွှေ ဆေးသမားများကိုဖမ်းပြီး ငွေရှာနေပြန်

မဲခေါင် 17 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၇ ငွေညှစ်တောင်းခံမှုများကြောင့် နာမည်ကြီးသည့် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ရပ်ကွက်တွင်းမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးပြီး မိသားစုထံမှ ငွေညှစ်တောင်းခံမှုများ ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် ဇူလိုင်လတို့အတွင်း ဦးသန်းရွှေ၏ လက်နက်မှောင်ခိုရောင်းစားမှု၊ ဒုစခန်းမှုး ယာဉ်ထိန်းရဲတစ်ဦးနှင့်ပူပေါင်းကာ ဆေးသမားနှင့်ဆိုင်ကယ်၊ ကားများကိုဖမ်းဆီးပြီး ငွေတောင်းမှု၊ နိုင်ငံပိုင်မြေအား ရောင်းစားရန်ကြံစည်မှု၊ စစ်မှုထမ်းအကြောင်းပြကာ ငွေညှမှုများကြောင့် ဦးသန်းရွှေနှင့် ကြံရာပါ ရပ်ကွက်တာဝန်ရှိသူများကို စရဖမှခေါ်ယူစစ်ဆေးသည်ကို ဒေသတွင်းမီဒီယာများမှ ဖော်ထုတ်ရေးသားပြီးနောက် ခေတ္တငြိမ်သွားသော်လည်း ယခုအခါ ငွေညှစ်မှုများ ပြန်လည်လုပ်ကိုင်လာခြင်း ဖြစ်သည်။ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၆) နှင့် နယ်မြေ (၂) ကြားလမ်းတွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေကြ

မဲခေါင်၊ ဩဂုတ် ၁၇

ငွေညှစ်တောင်းခံမှုများကြောင့် နာမည်ကြီးသည့် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ရပ်ကွက်တွင်းမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးပြီး မိသားစုထံမှ ငွေညှစ်တောင်းခံမှုများ ပြန်လည်ပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ၊ မေလနှင့် ဇူလိုင်လတို့အတွင်း ဦးသန်းရွှေ၏ လက်နက်မှောင်ခိုရောင်းစားမှု၊ ဒုစခန်းမှုး ယာဉ်ထိန်းရဲတစ်ဦးနှင့်ပူပေါင်းကာ ဆေးသမားနှင့်ဆိုင်ကယ်၊ ကားများကိုဖမ်းဆီးပြီး ငွေတောင်းမှု၊ နိုင်ငံပိုင်မြေအား ရောင်းစားရန်ကြံစည်မှု၊ စစ်မှုထမ်းအကြောင်းပြကာ ငွေညှမှုများကြောင့် ဦးသန်းရွှေနှင့် ကြံရာပါ ရပ်ကွက်တာဝန်ရှိသူများကို စရဖမှခေါ်ယူစစ်ဆေးသည်ကို ဒေသတွင်းမီဒီယာများမှ ဖော်ထုတ်ရေးသားပြီးနောက် ခေတ္တငြိမ်သွားသော်လည်း ယခုအခါ ငွေညှစ်မှုများ ပြန်လည်လုပ်ကိုင်လာခြင်း ဖြစ်သည်။

ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၆) နှင့် နယ်မြေ (၂) ကြားလမ်းတွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေကြ သူများထဲမှ ၅ယောက်မှ ၈ယောက်အထိ နေ့စဉ်ဖမ်းဆီးကာ ရပ်ကွက်ရုံးနှင့် ရပ်ကွက်ရုံးကပ်လျက်ရှိ ရပ်ကွက်ပိုင် သမဝါယမရုံးဟောင်းတွင် ထိပ်တုံးခတ်ထားပြီး မိသားစုများထံမှ ငွေညှစ်တောင်းခံကြောင်း၊ လိုချင်သောငွေပမာဏရလျှင် လွှတ်ပေးပြီး မရပါက ရဲစခန်းပို့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဌာနဆိုင်ရာကလူတွေပါရင် ချက်ချင်းလွှတ်ပေးပါတယ်။ အရပ်သား ဘာမှမသိနားမလည်သူဆိုရင် အခြေအနေကြည့်ပြီး ငွေတောင်းပါတယ်။ ဖမ်းပြီးသူတွေကို ၆ပေါက်၊ ထိပ်တုံးထဲမှာ ထည့်ထားပါတယ်။ သူ့ရုံးမှာ ၆ပေါက်က ၂ ခုရှိတယ်” ဟု ၎င်းကပြောသည်။

ထိုသို့ဖမ်းဆီးခံရသူများအားမိသားစုမှသိန်း၂၀မှ၁၀၀ကျော်အထိပြန်ပေးရွေးရကြောင်းသိရသည်။

ရပ်ကွက်အတွင်း မူးယစ်ဆေးဝါး ရောင်းချသူများရှိသော်လည်း ဦးသန်းရွှေကို လစဉ်ကြေးပေးထားသည့်အတွက် အဖမ်းမခံရကြောင်း၊ ဆေးဝယ်ယူသူများကိုလည်း လက်ထောက်ချဖမ်းဆီးခိုင်းမှုများ ရှိကြောင်း သိရသည်။ တောင်ကြီးမြို့တွင် ၂၀၂၁ နောက်ပိုင်း မူးယစ်ဆေးအလွယ်တကူ ဝယ်နိုင်သည့်နေရာမှာ ရွှေတောင်ရပ်ကွက်ဖြစ်လာသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့်ကလည်း ကျူရှင်မှလမ်းလျှောက်ပြန်လာသော ၉ တန်းကျောင်းသားအား ရွှေတောင်ရပ်ကွက်ရုံးပတ်ဝန်းကျင်ပင် ဆေးပြားဝယ်ဦးမလား ဟူ၍ အတင်းလိုက်ရောင်းခံခဲ့ရကြောင်း ကျောင်းသားမိဘထံက သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဦးသန်းရွှေနှင့် တူတော်စပ်သူ စိန်ပန်းရပ်ကွက်အုပ်ကြီး သောင်းရွှေတို့ကို စရဖနှင့် CID တို့မှ ခေါ်ယူစစ်ဆေးသော်လည်း ငွေဖြင့်ကျေအေးပေးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဦးသန်းရွှေ အားကိုးအားထားရသော လက်ရုံးတပည့် ၂ယောက်မှာ နယ်မြေ(၃)ရာအိမ်မှူး၏ သားမက်ဖြစ်သူ ဦးသိန်းငှက်(ခ)ဦးဝင်းဗိုလ်နှင့် ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၇)ရာအိမ်မှူး ဦးတင်ဦးတို့ဖြစ်ပြီး ၎င်းတို့က ဖမ်းဆီးခံရသူများအား ပြန်ရွေးရန် မိသားစုအား ငွေကြေးညှိနှိုင်းရေးကို အဓိကတာဝန်ယူပေးနေသည်ဟု ရပ်ကွက်နေသူများထံက သိရသည်။

#MeKongNews

#တောင်ကြီး

#ရွှေတောင်

#အုပ်ကြီး

#သန်းရွှေ

#ငွေညစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now