နေ့စဥ်သတင်း

ဆီဆိုင်တိုက်ပွဲအတွင်း PNO တစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိကြောင်း ၁၀၀၅ PDF ထုတ်ပြန်

မဲခေါင် 15 Aug - 2025
မဲခေါင်၊ သြဂုတ် ၁၅ ဆီဆိုင်နယ်အတွင်း အခြားမဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲ ဝင်နေသည့် ရှမ်းတောင် အမှတ် ၁၀၀၅ PDF တပ်ရင်းက တိုက်ပွဲအတွင်း PNO စစ်သုံ့ပန်းတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိကြောင်း သြဂုတ်လ၁၄ရက် ညပိုင်းက ထုတ်ပြန်ထားသည်။ ယင်းထုတ်ပြန်ချက်တွင် အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ရင်းများ လှုပ်ရှားနေသော ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်နယ်အတွင်းရှိ ကျေးရွာများထဲသို့ သြဂုတ်လ ၆ရက်နေ့မှ စပြီး စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ “အင်အား၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာတာပါ။ လက်နက်ကြီးတွေ၊ ဒရုန်း၊ လူအင်အား အဆမတန်သုံးလာလို့

မဲခေါင်၊ သြဂုတ် ၁၅

ဆီဆိုင်နယ်အတွင်း အခြားမဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲ ဝင်နေသည့် ရှမ်းတောင် အမှတ် ၁၀၀၅ PDF တပ်ရင်းက တိုက်ပွဲအတွင်း PNO စစ်သုံ့ပန်းတစ်ဦးကို လက်နက်နှင့်အတူ ဖမ်းမိကြောင်း သြဂုတ်လ၁၄ရက် ညပိုင်းက ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်တွင် အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ရင်းများ လှုပ်ရှားနေသော ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်နယ်အတွင်းရှိ ကျေးရွာများထဲသို့ သြဂုတ်လ ၆ရက်နေ့မှ စပြီး စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်တို့မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“အင်အား၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာတာပါ။ လက်နက်ကြီးတွေ၊ ဒရုန်း၊ လူအင်အား အဆမတန်သုံးလာလို့ ကာကင်းတချို့ ပြန်ဆုတ်ပေးခဲ့ရတာပါ။ ကောင်ထိုကျေးရွာ အနီးတစ်ဝိုက်က စစ်ရှောင်တဲတွေကို မီးရှို့သွားပါတယ်” ဟု ၁၀၀၅ တပ်ရင်းမှူး မိုကီက မဲခေါင်သို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ အင်အား၂၀ ခန့်ကျဆုံးခဲ့ပြီး စစ်သုံ့ပန်းတစ်ဦးကို လက်နက်နှင့် အတူ အရှင်ဖမ်းဆီးရမိခဲ့ပြီး ၎င်းကို ထိန်းသိမ်းထားသည်ဟု ၁၀၀၅ တပ်ရင်းက ပြောသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ ဒရုန်း အဆမတန် အသုံးပြုပြီး ထိုးစစ်ဆင်မှုကြောင့် အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ ရဲဘော် ၂ဦး၊ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော် ၄ဦးတို့ ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

မဟာ
#MeKongNews
#၁၀၀၅တပ်ရင်း
#ဆီဆိုင်ဒေသ
#စစ်ကောင်စီ
#PNO
#စစ်သုံ့ပန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now