နေ့စဥ်သတင်း

တာချီလိတ် တစ်နှစ်စာအုပ် လူ ၁၀၀ ကျော် တန်းစီထားသော်လည်း ၁၀ ဦးသာလုပ်ပေး၊ ပွဲစားများနှင့် တံတားလဝက ပေါင်းစားနေဟု ပြည်သူများဆို

မဲခေါင် 13 Aug - 2025
မဲခေါင်၊ ဩဂုတ် ၁၃ တာချီလိတ် အိမ်ထောင်စုစာရင်းရှိသူများကို ပြုလုပ်ပေးသည့် တစ်နှစ်စာတံတားကူးလက်မှတ် စာအုပ်အပြာ အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများအတွက် ပြန်လည်ပြုလုပ်ပေးနေသော်လည်း လူရာဂဏန်းတန်းစီထားရာတွင် လူဆယ်ဂဏန်းခန့်သာ ပြုလုပ်ပေးကြောင်း ကိုယ်တိုင်ကြုံတွေ့လာသူများထံမှ သိရသည်။ ဩဂုတ်လ ပထမပတ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ဆာဗာများ၊ စက်များပျက်စီးသည့်အတွက်ဟုဆိုကာ တစ်နှစ်စာ တံတားကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ခြင်းများကို ပိတ်ထားခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်တွင် ပြန်လည်ပြုလုပ်ပေးသော်လည်း နေ့စဉ်လူဦးရေအနည်းငယ်သာ ပြုလုပ်ပေးသည့်အတွက် အခက်အခဲကြုံနေရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့များတွင် စာအုပ်အပြာ ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန်အတွက် ည ၁၂ နာရီခန့်မှ စတင်ကာ တန်းစီသူများရှိခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် လူ

မဲခေါင်၊ ဩဂုတ် ၁၃

တာချီလိတ် အိမ်ထောင်စုစာရင်းရှိသူများကို ပြုလုပ်ပေးသည့် တစ်နှစ်စာတံတားကူးလက်မှတ် စာအုပ်အပြာ အသစ်ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများအတွက် ပြန်လည်ပြုလုပ်ပေးနေသော်လည်း လူရာဂဏန်းတန်းစီထားရာတွင် လူဆယ်ဂဏန်းခန့်သာ ပြုလုပ်ပေးကြောင်း ကိုယ်တိုင်ကြုံတွေ့လာသူများထံမှ သိရသည်။

ဩဂုတ်လ ပထမပတ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ဆာဗာများ၊ စက်များပျက်စီးသည့်အတွက်ဟုဆိုကာ တစ်နှစ်စာ တံတားကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် အသစ်ပြုလုပ်ခြင်းများကို ပိတ်ထားခဲ့ပြီး ဩဂုတ်လ ဒုတိယပတ်တွင် ပြန်လည်ပြုလုပ်ပေးသော်လည်း နေ့စဉ်လူဦးရေအနည်းငယ်သာ ပြုလုပ်ပေးသည့်အတွက် အခက်အခဲကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့များတွင် စာအုပ်အပြာ ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန်အတွက် ည ၁၂ နာရီခန့်မှ စတင်ကာ တန်းစီသူများရှိခဲ့ပြီး နံနက် ၆ နာရီခွဲခန့်တွင် လူ ၁၀၀ ကျော် တန်းစီနေကြကြောင်း၊ တံတားလဝကများက နံနက် ၈ နာရီခွဲမှသာ တံခါးလာဖွင့်ပြီး လူ ၁၀ သာပြုလုပ်ပေးမည်ဟု ကြေညာခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မနေ့ (ဩဂုတ် ၁၂ ရက်) ကလည်း လူ ၂၀ ပဲလုပ်ပေးတယ်။ တချို့ဆို မနက် ၂ နာရီ၊ ၃ နာရီလောက်ကတည်းက လာစောင့်တာ မရသွားဘူး။ မနက် ၃ နာရီလောက်ဆို တံတားမှာစောင့်တဲ့လူ ၅၀ ကျော်နေပြီ။ အကြောင်းပြချက်ကတော့ စာအုပ်ကုန်နေလို့ပဲ ပြောတယ်” ဟု ၎င်းကပြောသည်။

တန်းစီစောင့်ဆိုင်းသူများကို စာအုပ်ကုန်နေသည်ဟု အကြောင်းပြကာ အနည်းငယ်သာလုပ်ပေးသော်လည်း ပွဲစားများမှ တဆင့်ပြုလုပ်ပါက အလွယ်တကူရနိုင်ကြောင်း ဒေသခံများကပြောသည်။

ပွဲစားနှင့် ပြုလုပ်ပါက ဘတ် ၁၀၀၀ ခန့် ပေးရကြောင်း၊ ပွဲစားက ဘတ် ၃၀၀ ယူပြီး တံတားလဝကကို ဘတ် ၇၀၀ ပေးရကြောင်း၊ အမှန်တကယ်ကုန်ကျစရိတ်မှာ ဘတ် ၁၀၀ သာဖြစ်သည့်အတွက် မတတ်နိုင်သူများလည်းရှိကြောင်း ဒေသခံများကပြောသည်။

“တချို့က တံတားကိုအားကိုးပြီး အလုပ်လုပ်စားနေရတဲ့သူတွေရှိတယ်။ တစ်ရက်ကို ၂ ခါလောက် တံတားကူးရတယ်။ ယာယီတစ်ပတ်စာ စာရွက်နဲ့က သူတို့အတွက် အဆင်မပြေဘူး။ သနားဖို့ကောင်းတယ်။ တချို့ဆို ၃၊ ၄ ရက် လာတန်းစီတာတောင် မရသေးတဲ့လူတွေရှိတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

တစ်နှစ်စာအုပ်ကို တာချီလိတ်တွင်နေထိုင်သူတစ်ဦးအနေဖြင့် အိမ်ထောင်စုစာရင်း၊ ရပ်ကွက်နှင့် ရဲထောက်ခံချက်များဖြင့် လဝကတွင် ဘတ်ငွေ ၁၀၀ ကျပ် ပေးသွင်းလုပ်နိုင်ပြီး တံတားဖြတ်ခ တစ်ခေါက်လျင် မြန်မာဘက်၌ မြန်မာကျပ် ၃၀၀ သာ ပေးသွင်းရသည်။

#MeKongNews
#တာချီလိတ်
#တံတား၁
#တစ်နှစ်စာအုပ်
#စာအုပ်အပြာ
#တံတားလဝက

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now