နေ့စဥ်သတင်း

တောင်ကြီးတွင် PSMS စနစ်သုံးကာ နေရာစုံ စစ်ဆေးရန် ဒေသန္တရအမိန့်ထုတ်

မဲခေါင် 7 Aug - 2025
မဲခေါင်၊ ဩဂုတ် ၇ တော်လှန်ရေးအဖွဲ့များ ရောက်ရှိနေ၍ဟု ဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း PSMS နည်းပညာအသုံးပြုကာ ဟိုတယ်၊ တည်းခိုခန်းများ၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ မော်တော်ယာဉ်လိုင်းများတွင် စစ်ဆေးမှု ပြုလုပ်နိုင်ရန် ဒေသန္တရအမိန့် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ တောင်ကြီးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စိမ့်ဝင်ရောက်နေကြသဖြင့် ယင်းဒေသန္တရအမိန့် ကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ရခြင်း ဟု ဖော်ပြထားသည်။ စစ်ကော်မရှင်အနေနှင့် တောင်ကြီးမြို့နယ်အတွင်း People Surveillance and Management System (PSMS) စနစ်အသုံးပြု၍ လူထုကို ပို၍ စစ်ဆေးလာမှုသည် လူ့အခွင့်အရေးချိုးဖောက်ဖြစ်ကာ ဖိနှိပ်မှု နှင့် ၎င်းတို့၏ ယန္တရားစနစ်အတွင်း

မဲခေါင်၊ ဩဂုတ် ၇

တော်လှန်ရေးအဖွဲ့များ ရောက်ရှိနေ၍ဟု ဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း PSMS နည်းပညာအသုံးပြုကာ ဟိုတယ်၊ တည်းခိုခန်းများ၊ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ မော်တော်ယာဉ်လိုင်းများတွင် စစ်ဆေးမှု ပြုလုပ်နိုင်ရန် ဒေသန္တရအမိန့် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

တောင်ကြီးမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စိမ့်ဝင်ရောက်နေကြသဖြင့် ယင်းဒေသန္တရအမိန့် ကို ၂၀၂၅ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ရခြင်း ဟု ဖော်ပြထားသည်။

စစ်ကော်မရှင်အနေနှင့် တောင်ကြီးမြို့နယ်အတွင်း People Surveillance and Management System (PSMS) စနစ်အသုံးပြု၍ လူထုကို ပို၍ စစ်ဆေးလာမှုသည် လူ့အခွင့်အရေးချိုးဖောက်ဖြစ်ကာ ဖိနှိပ်မှု နှင့် ၎င်းတို့၏ ယန္တရားစနစ်အတွင်း ကျရောက်လာနေခြင်း ဖြစ်ပြီး အမြန်ရုန်းထွက်နိုင်ရန် လိုအပ်ကြောင်း ရှမ်းတောင်ဒေသရှိ တော်လှန်ရေးလူငယ်တစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီဘက်က အခုလိုမျိုး ခပ်စိပ်စိပ် စစ်ဆေးလာမှုမျိုးတွေ ရှိလာတာကို ကြည့်ခြင်းအားဖြင့် မြို့ပေါ်မှာနေတဲ့ ပြည်သူလူထုတွေဟာ တနည်းမဟုတ်တနည်းနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှု၊ ပြီးတော့ စစ်ကောင်စီရဲ့ ယန္တရားစနစ်ထဲကို ရောက်မှန်းမသိ ရောက်နေတာကိုလည်း လူထုအနေနဲ့ သိရှိပြီး အမြန်ရုန်းထွက်နိုင်ဖို့ လိုပါတယ်။ အခုလိုမျိုး ရုန်းထွက်ဖို့ဆိုတာ တစ်ခုတည်းသောနည်းလမ်းက တော်လှန်ရေးထဲကို ပါဝင်ဖို့ပါပဲ လို့ပြောချင်ပါတယ်” ဟု ရှမ်းတောင်တော်လှန်ရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောဆိုထားသည်။

စစ်ကော်မရှင်သည် ရဲတပ်ဖွဲ့ကို အသုံးပြုလျှက် PSMS နည်းပညာနှင့် တည်းခိုသူ အချက်အလက် တိုက်ဆိုင် စစ်ဆေးသည့်စနစ်၊ ယာဉ်လိုင်းစစ်ဆေးသည့် စနစ်၊ ရဲထောက်ခံစာစစ်ဆေးသည့်စနစ်၊ မှတ်ပုံတင် အမှတ်အသား မရှိသည့် သူများ၏ ဓါတ်ပုံ၊ ဗီဒီယိုင်ဖိုင်များကို တိုက်ဆိုင်စစ်ဆေးသည့် စနစ်ကို အသုံးပြု၍ တော်လှန်ရေး လုပ်ဆောင်နေသူများကို ရှာဖွေနေသည် ဟု ဖော်ပြထားသည်။

တောင်ကြီးမြို့နယ်အတွင်း တော်လှန်ရေးလုပ်ဆောင်နေသူများ စိမ့်ဝင်လာသည့် အခြေအနေကြောင့် ဒေသန္တရအမိန့်ဖြင့် ကိုယ်ရေးအချက်အလက်များကိုစစ်ဆေးခြင်း၊ ဟိုတယ်၊ တည်းခိုခန်းများ နှင့် မော်တော်ယာဉ်လိုင်းများထံမှ တောင်းခံခြင်း၊ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခြင်းတို့ကို ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်နေသည်။

“ရှမ်းတောင်သား တစ်ယောက်အနေနဲ့ဆိုရင်တော့ အခုလိုလုပ်တာက လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့ လူထုအပေါ် တစ်ရစ်ခြင်း ကြပ်ပြီး ပိုပို ဖိနိပ်လာတာ လို့ မြင်တယ်။ ဒီအတွက်မြို့က လူထုတွေက ပိုပြီးသတိရှိသင့်တယ်” ဟု တော်လှန်ရေးအဖွဲ့တခုမှ ရှမ်းတောင်ဒေသခံ လူငယ်တစ်ဦး ကလည်း ၎င်းအမြင်ကို ပြောဆိုသည်။

တောင်ကြီးမြို့နယ်အတွင်း လူငယ်များ၊ တော်လှန်ရေးတွင် ပါဝင်လုပ်ဆောင်နေသူများကို စစ်ဆေးစောင့်ကြည့်နိုင်ရန်အတွက် တောင်ကြီးအထွေထွေအုပ်ချုပ်ရေးမှူး ရန်နိုင်ထွန်းက ၂၀၂၅ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့ပေါ်ရှိ ဟိုတယ်၊ တည်းခိုခန်းများတွင် လာရောက်တည်းခိုသူများကို တကိုယ်လုံးပုံ နှင့်အတူ ကိုယ်ရေးအချက်အလက်အပြည့်အစုံကို စစ်ကော်မရှင်အုပ်စုက တောင်းယူလျှက် ရှိပြီး မြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင်လည်း PSMS Tablet များကို အသုံးပြုကာ ရှာဖွေစစ်ဆေးနေသည်။

ဖေသန်း
#MeKongNews
#PSMS
#စစ်ဆေးရေး
#တောင်ကြီးမြို့နယ်
#ဒေသန္တရအမိန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now