နေ့စဥ်သတင်း

နောင်ပိန်တွင် မိုးများပြီး ရေကန်ကျိုးပေါက်ကာ ကား၊ ဆိုင်ကယ်များရေမျောပါ

မဲခေါင် 7 Aug - 2025
မဲခေါင်၊ သြဂုတ် ၇ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်တွင် ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် “လုပ်ပါကန်” ကျိုးပေါက်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သြဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းမှ စ၍ နောင်ပိန်ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လုပ်ပါကန် ကျိုးပေါက်ပြီး နောင်ပိန် အမှတ် ၅ ရပ်ကွက်၊ ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးတွင် ရေကျော်ကာ ဖြတ်မောင်းသော ကွန်ဒါဖစ် ကားတစ်စီး ရေနှင့် မျောပါသွားပြီး ယာဉ်ပေါ်တွင် လူ၂ဦး ပါရှိသွား‌ကြောင်း သိရပါသည်။ ယင်းလမ်းမှာပင် ဆိုင်ကယ်တစ်စီးနှင့် ခြောက်ဘီးကားတစ်စီးလည်း မျောပါသွားခဲ့ကြောင်းသိရသည်။ “ဆိုင်ကယ်လူက ရေစီးထဲမပါသွားဘူး။ မနေ့ညနေက

မဲခေါင်၊ သြဂုတ် ၇

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်တွင် ယမန်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် “လုပ်ပါကန်” ကျိုးပေါက်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းမှ စ၍ နောင်ပိန်ဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လုပ်ပါကန် ကျိုးပေါက်ပြီး နောင်ပိန် အမှတ် ၅ ရပ်ကွက်၊ ရွှေလမင်းဆီဆိုင်ရှေ့ လမ်းမကြီးတွင် ရေကျော်ကာ ဖြတ်မောင်းသော ကွန်ဒါဖစ် ကားတစ်စီး ရေနှင့် မျောပါသွားပြီး ယာဉ်ပေါ်တွင် လူ၂ဦး ပါရှိသွား‌ကြောင်း သိရပါသည်။

ယင်းလမ်းမှာပင် ဆိုင်ကယ်တစ်စီးနှင့် ခြောက်ဘီးကားတစ်စီးလည်း မျောပါသွားခဲ့ကြောင်းသိရသည်။

“ဆိုင်ကယ်လူက ရေစီးထဲမပါသွားဘူး။ မနေ့ညနေက ရေစီးနဲ့မျောသွားတဲ့ ဟွန်ဒါဖစ်တစီး၊ ခြောက်ဘီးကားနဲ့ လူတယောက်ကို ရွာမကြီးဘက်အနီးမှာ အသက်ရှင်ရက် ပြန်တွေ့ခဲ့တယ်။ လူတစ်ယောက်တော့ ရှာနေဆဲပဲ။ ၅ ရပ်ကွက်မှာ ရေက လူတရပ်ကျော်ပါတယ်။ မိုးကလည်း ရွာနေဆဲပါ။ မိုးများ ရေတိုးပြီး ကန်ကျိုးပေါက်တာပါ။ ရေကြီးမှုက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က တခါဖြစ်ပါတယ်။ ယခုနေရာပါဘဲ။ အခုမှ ပြန်ဖြစ်တာ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ယနေ့ သြဂုတ်လ၇ရက် နံနက်ပိုင်းတွင် ပြောသည်။

ယခုအခါ ကယ်ဆယ်ရေးများ အရေးပေါ်လိုအပ်နေပြီး ရေမကျမီ မော်တော်ကားနှင့် ဆိုင်ကယ်များ ဖြတ်မောင်းခြင်းမပြုကြပါရန် တားမြစ်ထားသည်။

ရေကြီးမှုဖြစ်စဉ်ကြောင့် ပြောင်းဖူးခင်း၊ ကြံခင်း ဧကပေါင်းများစွာ ရေနှစ်မြုပ်လျှက်ရှိပြီး ဆုံး ရှုံးမှုများနိူင်ကြောင်း သိရသည်။

နောင်ပိန် အမှတ်(၃)ရပ်ကွက်ရှိ အနိမ့်ပိုင်းအိမ်များလည်း ရေဝင်နစ်မြုပ်လျှက်ရှိပြီး မိုးဆက်ရွာသွန်းနေသဖြင့် အများပြည်သူများ သတိထားသွားလာကြရန် လိုအပ်ကြောင်းသိရသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ယနေ့နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းတောင်နှင့် ရှမ်းမြောက်နေရာအချို့၌ လမ်းရေကျော်ခြင်း၊ တောင်စောင်းများ ပြိုကျခြင်းရှိခဲ့ပြီး ယာဥ်များအခက်အခဲ ကြုံရကြောင်း စုံစမ်းသိရသည်။

ပင်လုံ-ဟိုပုံးကြားကျောက်တန်း လမ်းပိုင်း၌ တောင်ပြို၍ အတက်အဆင်းကားငယ်များ ၂ နာရီခန့် စောင့်ဆိုင်းပြီးမှ ဖြတ်သန်းခဲ့ရပြီး မိုင်းကိုင်-နမ့်လန်ကြားနေရာများ၌ လမ်းရေကျော်ခြင်း ရွံနွံမြေစေးများ လမ်းပေါ်ကျဆင်း၍ မောင်းနှင်သွားလာဖို့ ခက်ခဲခြင်းများကို ကြုံခဲ့ရကြောင်း ယာဥ်မောင်းများထံမှ စုံစမ်းသိရသည်။

ယနေ့နံနက်ပိုင်းအထိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ့်လန်ဒေသများ၌ မိုးများရွာသွန်းလျက်ရှိကာ သာစည်-နောင်ပိန်လမ်းကြောင်း၊ နမ့်လန်-ကျောက်ဂူလမ်းကြောင်းများ သွားလာရန် မလွယ်ကူနိုင်သေးဟု ယာဥ်မောင်းများက ပြောသည်။

မဟာ
#MeKongNews
#နောင်ပိန်
#ရေကြီးရေလျှံ
#ရှမ်းပြည်မြောက်ပိုင်း
#ရေထဲမျောပါ
#လုပ်ပါကန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now