မဲခေါင်၊ ဩဂုတ် ၁
ရှမ်းပြည်အတွင်းရှိ စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ် ၃ ခုတွင် တက်ရောက်နေသည့် စစ်မှုထမ်း အပါတ်စဉ် ၁၃ သင်တန်းသားများ တပြိုင်နတ်တည်း သင်တန်းဆင်းပြီ ဖြစ်ကြောင်း စစ်ကောင်စီအသိုင်းအဝိုင်းက ပြောသည်။
ရှမ်းပြည်အတွင်းရှိ မြို့နယ်ပေါင်း ၁၅ ခုကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာသည့် နေ့ရက်အတွင်း တပြိုင်နတ် သင်တန်းဆင်းလာကြခြင်း ဖြစ်သည်။
ရှမ်းပြည် အတွင်းရှိ ဟိုပုံးမြို့ရှိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကွန်ပြူတာနှင့် နည်းပညာ သိပ္ပံကျောင်း၊ ရပ်စောက်မြို့ရှိ ဗထူးစစ်သင်တန်းကျောင်း နှင့် တြိဂံတိုင်း စစ်ဌာနာချုပ်ရှိ လေ့ကျင့်ရေးကျောင်းတို့မှ စစ်မှုထမ်း အပါတ်စဉ် ၁၃ သင်တန်းသားများသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် တပြိုင်နတ်တည်း သင်တန်းဆင်းလာကြသည် ဟု စစ်ကောင်စီထောက်ခံသူများက ဖော်ပြထားကြသည်။
ယင်းသင်တန်းကျောင်းတစ်ခုလျှင် စစ်မှုထမ်းအပါတ်စဉ် ၁၃ သင်တန်းသား ၃၀၀ နီးပါး ရှိရာ စုစုပေါင်း စစ်မှုထမ်း သင်တန်းသား ၉၀၀ နီးပါး ရှိသည် ဟု သိရသည်။
စစ်တပ်ထောက်ခံသူများက စစ်မှုထမ်းအပါတ်စဉ်များ လစဉ် သင်တန်းဆင်းလာကြပြီဖြစ်၍ သိမ်းပိုက်ခံထားရသည့် နယ်မြေများကို ယင်းစစ်မှုထမ်းများကို အသုံးပြု၍ ပြန်တိုက်ခိုက်မည်ဟု ကြွေးကြော်နေကြသည်။
စစ်ကောင်စီသည် ကျဆင်းသွားသည့် စစ်တပ်လူအင်အားနေရာတွင် လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ဆင့်ခေါ်ခြင်းတို့ ပြုလုပ်နေကြပြီး လက်ရှိ အချိန်ထိ အပါတ်စဉ် ၁၅ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
#MeKongNews
#စစ်မှုထမ်း
#စစ်သင်တန်းဆင်း
#ဗထူးတပ်
#ဟိုပုံး
#တြိဂံဒေသတိုင်း








