မဲခေါင်၊ ဇူလိုင် ၃၁
တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရှိသည့် ကျိုင်းတုံမြို့တွင် စစ်တပ်မှ အရာရှိသားသမီးများပါဝင်သည့် 4 KING ဆိုသည့် အဖွဲ့မှာ ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
4 KING ဆိုသည့်အဖွဲ့မှာ လူငယ်လူရွယ်များပါဝင်ပြီး အသက်မပြည့်သေးသူများလည်း ပါဝင်ကြောင်း၊ ဦးဆောင်သူအချို့မှာ စစ်တပ်အရာရှိများ၏ သားသမီးများဖြစ်ပြီး အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းနှင့် အခြားဥပဒေမဲ့လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
၎င်းတို့၏ လုပ်ရပ်များကို တိုင်ကြားသော်လည်း စစ်တပ်အရာရှိသားသမီးများဖြစ်သည့်အတွက် ရက်ပိုင်းအတွင်းပြန်လွတ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့အဖွဲ့ထဲမှာ ၇တန်းကျောင်းသားတောင်ပါတယ်။ လက်နက်တွေပြပြီးလည်း ခြိမ်းခြောက်တာမျိုးလုပ်တယ်။ လက်နက်တွေကို ရိုက်ထားတဲ့ပုံအရ နောက်ခံက စစ်တပ်လိုင်းခန်းတွေ။ ဘယ်သူမှ လိုက်အရေးမယူရဲဘူး။ တခြားအရပ်သားဆို ဒုက္ခတော်တော်ရောက်မှာ” ဟု ၎င်းကပြောသည်။
ကျိုင်းတုံမြို့သည် တြိဂံဒေသတိုင်းအခြေစိုက်ရာ မြို့ဖြစ်သော်လည်း ခိုးဆိုးလုယက်မှုများ များစွာဖြစ်နေသည့် မြို့တစ်မြို့ဖြစ်သည်။
#MeKongNews
#စစ်ကောင်စီ
#ကျိုင်းတုံ
#ရှမ်းအရှေ့
#တြိဂံဒေသတိုင်း








