နေ့စဥ်သတင်း

တာချီလိတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မီးကြိုးများပြတ်၍ လူ ၂ ဦး ဓာတ်လိုက်ကာ သစ်ပင်အများအပြား ကျိုးကျ

မဲခေါင် 22 Jul - 2025
မဲခေါင်၊ ဇူလိုင် ၂၂ “ဝီဖာ” မုန်တိုင်း အဖျားခတ်မှုကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ညဦးပိုင်းက လေပြင်းတိုက်ခတ်သည့်အတွက် သစ်ပင်အများအပြား ကျိုးကျကာ မီးကြိုးများပြတ်တောက်ခဲ့သလို လူ ၂ ဦး ဓာတ်လိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂၁ ရက်နေ့ည ၇ နာရီခန့်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ ၁ နယ်မြေ၊ လွှမ်းမိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမတွင် လေပြင်းတိုက်ခတ်မူကြောင့် သစ်ပင်လဲကျပြီး မီးကြိုးများ ပြတ်တောက်သွားကာ အနီးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ လူ ၂ ဦး ဓာတ်လိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။ “လေတအားပြင်းတာ။ ကောင်းကင်ကလည်း မြင်ရတာ ကြောက်စရာကြီး၊ သစ်ပင်တွေ အတော်များများ ကျိုးကျတယ်။

မဲခေါင်၊ ဇူလိုင် ၂၂

“ဝီဖာ” မုန်တိုင်း အဖျားခတ်မှုကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ညဦးပိုင်းက လေပြင်းတိုက်ခတ်သည့်အတွက် သစ်ပင်အများအပြား ကျိုးကျကာ မီးကြိုးများပြတ်တောက်ခဲ့သလို လူ ၂ ဦး ဓာတ်လိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့ည ၇ နာရီခန့်တွင် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျံ ၁ နယ်မြေ၊ လွှမ်းမိုးဘုန်းတော်ကြီးကျောင်းရှေ့ လမ်းမတွင် လေပြင်းတိုက်ခတ်မူကြောင့် သစ်ပင်လဲကျပြီး မီးကြိုးများ ပြတ်တောက်သွားကာ အနီးရှိ ဆိုင်ကယ်ပြင်ဆိုင်မှ လူ ၂ ဦး ဓာတ်လိုက်ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“လေတအားပြင်းတာ။ ကောင်းကင်ကလည်း မြင်ရတာ ကြောက်စရာကြီး၊ သစ်ပင်တွေ အတော်များများ ကျိုးကျတယ်။ ကားတောင် မောင်းမရလို့ လမ်းဘေးထိုးရပ်ထားပြီး ဘုရားတနေခဲ့ရတာ” ဟု ဒေသခံတစ်ဦးက ၎င်း၏အတွေ့အကြုံကို ပြောသည်။

ဓာတ်လိုက်ခံရသူ ၂ ဦးမှာ ကိုကျော်မြင့်ဦး ၂၄ နှစ်၊ ကိုဇင်းမင်းဖြိုး ၂၇ နှစ် တို့ဖြစ်ကြပြီး ဓါတ်လိုက်မှုကို အနီးရှိ အဆွေမွန်ဆေးခန်းတွင် ကုသခဲ့ကြောင်း၊ ကိုကျော်မြင့်ဦးမှာ ဝဲခြေသလုံး မီးလောင်ဒဏ်ရာ တစ်ချက် ရရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရပဲ ယခုအခါ သက်သာနေပြီ ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

ထို့ပြင် ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရွှေဘူးသီးဟိုတယ်ရှေ့တွင် သစ်ပင်ကြီးကျိုးကျကာ ယာဉ်များသွားလာရ ခက်ခဲသည့်အထိ ဖြစ်ပွားခဲ့ခြင်း၊ ဘိုင်တောင် ဟိုတယ်အနီး သစ်ပင်ကြီး ကျိုးကျမှုကြောင့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်ကျမှုဖြစ်ပွားခဲ့ခြင်း၊ တော်ကော့ဘုန်းကြီး ကျောင်းရှေ့တွင်လည်း သစ်ပင်ကြီး ကျိုးကျခြင်းနှင့် မယ်ခေါင်ရပ်ကွက် ခရိုင်ရဲစခန်းရှေ့ ရှိ ညောင်ပင်ကြီးပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တော်ကော့ပြင် ဘုန်းကြီးကျောင်းထဲက ညောင်ပင်လည်း လဲသွားတယ်။ ဘေးကအိမ် ခြံစည်းရိုး ပြိုသွားတယ်။ ရွှေဗူးသီးရှေ့က သစ်ပင်ကျိုးတာတော့ ရှင်းပြီးပြီ။ အခုရပ်ကွက်ထဲတော့ မရှင်းလင်းသေးဘူးဗျ။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ရမလားတော့ မသိဘူး။ ရပ်ကွက်ကလူတွေ ဝိုင်းကူမယ် ထင်ပါတယ်။ ဘုန်းကြီးကျောင်းက ညောင်ပင်ဆိုတော့” ဟု ဒေသခံတစ်ဦးက ပြောသည်။

လတ်တလောဖြစ်ပေါ်လျက်ရှိသော အပူပိုင်းမုန်တိုင်း ဝီဖာ ( WIPHA) သည် အားကောင်းသောမုန်တိုင်း အဖြစ်သို့ ရောက်ရှိနေပြီး ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အရှေ့ဘက်ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ပြီး ယင်းမုန်တိုင်း၏ ဆက်လက်ရွှေ့လျားမည့် လမ်းကြောင်းနှင့်မုန်တိုင်း ၏အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရှမ်းပြည် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်နီ (ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့များအတွင်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

၎င်းပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် အနောက်တောင်မုတ်သုန်လေ အားကောင်းနိုင်ကြောင်း မိုးဇလ၏ သတိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။

#MeKongNews
#တာချီလိတ်
#လေပြင်းတိုက်
#မီးကြိုးပြတ်
#တော်ကော့ပြင်
#ဝီဖာမုန်တိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now