နေ့စဥ်သတင်း

ညောင်ရွှေထောင်မှ ​​အကျဉ်းသား ၆၀၀ ကျော် ထောင်ပြောင်းရွှေ့မည်

မဲခေါင် 19 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၉ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေထောင်မှ အကျဥ်းသား ၆၀၀ ကျော် မကြာမီအတွင်း အခြားထောင်များသို့ ပြောင်းရွှေ့ရန်ရှိကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။ ညောင်ရွှေအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၆၀၀နီးပါး အပါအဝင် အကျဥ်းသား၊ အကျဥ်းသူ ၄ထောင်ကျော်ရှိရာ ယင်းအထဲမှ ၆၀၀ကျော်ကို အခြားထောင်များသို့ပြောင်းရွှေ့ရန်ရှိနေသည်ဟု ထောင်ဝန်ထမ်းပိုင်းနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို အတည်ပြုပြောဆိုသည်။ “ဒါက အာဏာသိမ်းပြီးနောက်ပိုင်း အစုအပြုံလိုက်ပြောင်းတာ ပထမဆုံးအကြိမ်ပဲ။ ဟိုတုန်းကတော့ ဒိုက်ဦးထောင်ကိုပို့တယ်။ အခုက မိထ္တီလာနဲ့မန္တလေး အများဆုံးဖြစ်မယ်” ဟု ၎င်းက ပြောသည်။ ယခင် NLD ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို သာယာဝတီ နှင့် တောင်ငူထောင်များသို့ တစ်ဦးချင်းပြောင်းရွှေ့ခြင်းခဲ့များရှိသော်လည်း

မဲခေါင်၊ ဇူလိုင် ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေထောင်မှ အကျဥ်းသား ၆၀၀ ကျော် မကြာမီအတွင်း အခြားထောင်များသို့ ပြောင်းရွှေ့ရန်ရှိကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ညောင်ရွှေအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၆၀၀နီးပါး အပါအဝင် အကျဥ်းသား၊ အကျဥ်းသူ ၄ထောင်ကျော်ရှိရာ ယင်းအထဲမှ ၆၀၀ကျော်ကို အခြားထောင်များသို့ပြောင်းရွှေ့ရန်ရှိနေသည်ဟု ထောင်ဝန်ထမ်းပိုင်းနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို အတည်ပြုပြောဆိုသည်။

“ဒါက အာဏာသိမ်းပြီးနောက်ပိုင်း အစုအပြုံလိုက်ပြောင်းတာ ပထမဆုံးအကြိမ်ပဲ။ ဟိုတုန်းကတော့ ဒိုက်ဦးထောင်ကိုပို့တယ်။ အခုက မိထ္တီလာနဲ့မန္တလေး အများဆုံးဖြစ်မယ်” ဟု ၎င်းက ပြောသည်။

ယခင် NLD ရှမ်းဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို သာယာဝတီ နှင့် တောင်ငူထောင်များသို့ တစ်ဦးချင်းပြောင်းရွှေ့ခြင်းခဲ့များရှိသော်လည်း ယခုလို ရာချီပြောင်းရွှေ့မှုများမရှိဟု ဆိုသည်။

အကျဥ်းသားလောကတွင် ထောင်ပြောင်းကို ကြောက်ကြရပြီး ထောင်ဘက်ကလည်း ယင်းသတင်းမျိုးကို အုတ်ရိုးသတင်း၊ ဟန်းကောသတင်းအဖြစ် ထောင်မပြောင်းချင်သူများထံမှ ငွေညှစ်ယူသည့် ကိစ္စအဖြစ် တည်ရှိသည်။

စစ်အစိုးရအဆက်ဆက်နှင့် ယခု စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေးအကျဥ်းသားများကို မိသားစုနှင့်ဝေးရာထောင်များသို့ ထောင်ပြောင်းချုပ်နှောင်ခြင်းသည် လူသားချင်းစာနာမှုမရှိသည့် ပုံမှန်လုပ်ရပ်အဖြစ်ကျူးလွန်နေကြကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

“ထောင်ပြောင်းခံရပြီး မိသားစုနဲ့အဝေးမှာ ကျဆုံးခဲ့ရတဲ့ နိုင်ကျဥ်းတွေ အများကြီးရှိတယ်။ အပူပိုင်းက အအေးပိုင်း၊ မြင်းခြံကနေ အဝေးဆုံးပူတာအိုပို့တာမျိုးပေါ့။ လွတ်နီးတွေလည်းပြောမရဘူး။ အခုက လွိုင်ကော်နဲ့ လားရှိူးတောင်ပြန်ပို့နိုင်တယ်။ သူတို့လုပ်ချင်သလို လုပ်နေတာဆိုတော့လေ” ဟု​ ၎င်းကပြောသည်။

မြန်မာ့အကျဉ်းထောင်သက်သေ(Myanmar Prisin Witness-MPW)၏ စောင့်ကြည့်မှုမှတ်တမ်းများအရ အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်းစည်းလုံးညီညွတ်နေမှုကို ပြိုကွဲစေရန်၊ မိသားစုဝင်များနှင့် အဆက်သွယ်ရရှိမှု ခက်ခဲစေရန်၊ နောက်ဆက်တွဲ စိတ်ဓါတ်ကျဆင်းစေရန်၊ ထောင်တွင်းလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန်နှင့် အကျဉ်းထောင်ဝန်ထမ်းများ၏ အဂတိလိုက်စားမှုများကို ဖုံးကွယ်ရန်အတွက် နှစ်စဉ်အကျဉ်းသားဦးရေ ၁၅၀၀မှ ၃၅၀၀ ကြားရှိ အကျဉ်းသားအရေအတွက်ကို မိသားစုနှင့် ဝေးကွာသည့်ထောင်များသို့ နှစ်စဉ်ပြောင်းရွှေ့မှုများကို စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း စီစစ်တွေ့ရှိရသည် ပြီးခဲ့သည့် ဇူလိုင်၈ရက် ထုတ်ပြန်ချက်တွင်ပါရှိသည်။

၂၀၂၃ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၈၈၃ဦး ထောင်ပြောင်းရွှေ့ခံခဲ့ရပြီး ၂၀၂၄ခုနှစ်တွင်ထောင်ပြောင်းရွှေ့မှုအရေအတွက်သည် ၃၀၅၄ဦးအထိရှိခဲ့ပြီး အဆိုပါပြောင်းရွှေ့မှုထဲတွင် နိုင်ငံ‌ရေးအကျဉ်း သား ၁၈၉၃ဦးပါဝင်ခဲ့ပြီး ယခု ၂၀၂၅ခုနှစ် ပထမခြောက်လအတွင်း ထောင်ပြောင်းရွှေ့မှုအရေအ တွက်သည် ၉၅၀ဦးအထိ ရှိသည်ဟု MPW ၏စာ ရင်းအရ သိရသည်။

မဟာ
#MeKongNews
#ညောင်ရွှေထောင်
#တောင်လေးလုံးထောင်
#ထောင်ပြောင်း
#ရှမ်းပြည်
#နိုင်ငံရေးအကျဉ်းသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now