နေ့စဥ်သတင်း

ရှမ်းတောင်ရောက် စစ်ဘေးရှောင်များကို ထောက်ပံကြေးပေးသည် ဆိုသော်လည်း အများစု မသိကြ

မဲခေါင် 19 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၈ ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် ရှမ်းမြောက်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီ ၏ ထွေအုပ်မှ တဆင့် ထောက်ပံကြေးပေးသည် ဆိုသော်လည်း အများစု မသိရှိကြသလို ရရှိခြင်းလည်းမရှိ ဟု ‌စစ်ဘေးရှောင်တချို့က ဆိုသည်။ ရှမ်းမြောက်ဒေသမှ စစ်ဘေးရှာင်များအနေနှင့် မှတ်ပုံတင်(သို့) အိမ်ထောင်စုစာရင်းပြသကာ တစ်ဦးလျှင် ကျပ် ၄၀၀၀၀ နှုန်း၊ မိသားစုဝင် ၅ ဦးရှိလျှင် ကျပ် ၂ သိန်းနှုန်းထောက်ပံခြင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှ နှစ်ကုန်ပိုင်းအထိ လုပ်ဆောင်မည်ဟု သိရှိရသည်။ စစ်ကောင်စီ၏ ထောက်ပံကြေးရယူလိုပါက မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထွေအုပ်ရုံးထံ စာရင်းတင်ရမည်ဖြစ်ပြီး ယင်းမှတဆင့် အကြောင်းကြားပေးအပ်နေခြင်းဟု လုပ်ဆောင်ဖူးသူတစ်ဦးက ဆိုသည်။

မဲခေါင်၊ ဇူလိုင် ၁၈

ရှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် ရှမ်းမြောက်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီ ၏ ထွေအုပ်မှ တဆင့် ထောက်ပံကြေးပေးသည် ဆိုသော်လည်း အများစု မသိရှိကြသလို ရရှိခြင်းလည်းမရှိ ဟု ‌စစ်ဘေးရှောင်တချို့က ဆိုသည်။

ရှမ်းမြောက်ဒေသမှ စစ်ဘေးရှာင်များအနေနှင့် မှတ်ပုံတင်(သို့) အိမ်ထောင်စုစာရင်းပြသကာ တစ်ဦးလျှင် ကျပ် ၄၀၀၀၀ နှုန်း၊ မိသားစုဝင် ၅ ဦးရှိလျှင် ကျပ် ၂ သိန်းနှုန်းထောက်ပံခြင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လမှ နှစ်ကုန်ပိုင်းအထိ လုပ်ဆောင်မည်ဟု သိရှိရသည်။

စစ်ကောင်စီ၏ ထောက်ပံကြေးရယူလိုပါက မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထွေအုပ်ရုံးထံ စာရင်းတင်ရမည်ဖြစ်ပြီး ယင်းမှတဆင့် အကြောင်းကြားပေးအပ်နေခြင်းဟု လုပ်ဆောင်ဖူးသူတစ်ဦးက ဆိုသည်။

“ပေးတာက ကြာပါပြီ။ ဒါပေမယ့် ကိုယ်ကတော့ မရဘူး။ မနေ့က ထုတ်တဲ့နေရာ လိုက်ရှာ အလုပ်ပျက်ခံ၊ ဆီကုန်ခံတာ နှစ်သောင်းပဲ ပြန်ကုန်တော့မှာ။ ကိုယ့်နာမည်က မပါလာသေးဘူးတဲ့” ဟု ထောက်ပံကြေးရရှိရန် လျှောက်ထားဖူးသူတစ်ဦးက ပြောဆိုထားသည်။

ရှမ်းမြောက်ဒေသမှ စစ်ဘေးရှောင်များကို စစ်ကောင်စီ၏ ထွေအုပ်ရုံးနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများမှတဆင့် လုပ်ဆောင်ပေးသည်ဟု ဆိုသော်လည်း အများစု မသိရှိကြသလို နယ်၊ ရွာဘက်ရှိ စစ်ဘေးရှောင်များမှာ အထောက်အပံ ရဖူးခြင်း မရှိဟု ပြောဆိုထားကြသည်။

စာရွက်စာတမ်းများ အပြည့်အစုံနှင့် တင်ပြသော်လည်း ထွေအုပ်ရုံးက လူတစ်ရာစာရင်းပြပြီး လူဆယ်ဦးခန့်ကိုဟာ ဟန်ပြ ဓါတ်ပုံရိုက်တင်ကြသည်က များပြီး စစ်ဘေးရှောင်အများစုမှာ မရရှိကြဟု စစ်ရှောင်တစ်ဦးက ဆိုသည်။

၂၀၂၃ ခုနှစ်မှ စတင်ကာ ရှမ်းမြောက်စစ်ဘေးကြောင့် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ တိမ်းရှောင်လာကြရသည့် စစ်ဘေးရှောင်အများအပြား ရှိနေသော်လည်း စစ်ဘေးရှောင်ထောက်ပံကြေးရရှိဖူးသူ မရှိသလောက် နည်းပါးနေပြီး တချို့ဆိုလျှင် ရှမ်းမြောက်သို့ပင် ပြန်လည်အခြေချရောက်ရှိနေထိုင်နေကြပြီ ဟု သိရသည်။

စစ်ဘေးရှောင်များကို စာရင်းကောက်ယူခြင်း၊ အမည်စာရင်းတင်သွင်းခိုင်းခြင်းတို့ကို လုပ်ဆောင်ခိုင်းသော်လည်း နှစ်ကြာသည့်အထိ စစ်ကောင်စီ၏ ထောက်ပံကြေး ရရှိဖူးခြင်း မရှိကြသလို အများစုမှာ သိရှိခြင်းပင် မရှိဟု စစ်ဘေးရှောင်များက ပြောဆိုထားသည်။

ဖေသန်း
#MeKongNews
#စစ်ဘေးရှောင်
#ရှမ်းမြောက်
#တောင်ကြီး
‌#ထောက်ပံကြေး
#ရှမ်းတောင်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now