နေ့စဥ်သတင်း

တာချီလိတ်မှ အမျိုးသမီးတစ်ဦး ကမ္ဘောဒီးယားကျားဖြန့်တွင် ပိတ်လှောင်ခံရပြီး မိသားစုမှ ဒေါ်လာ ၄၀၀၀ ဖြင့် ရွေးထုတ်ကယ်တင်ရ

မဲခေါင် 16 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၆ ဟိုတယ်တွင် စကားပြန်အဖြစ် လုပ်ကိုင်ရမည်ဟု လိမ်လည်ကာ အလုပ်ခေါ်ယူပြီး ကမ္ဘောဒီယားနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုတွင် ရောင်းစားခံရသူ တာချီလိတ်မြို့မှ အမျိုးသမီးတစ်ဦးကို မိသားစုမှ ဒေါ်လာ ၄၀၀၀ ဖြင့် ရွေးထုတ်ကယ်တင်ခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။ ယင်းအမျိုးသမီးမှာ လွန်ခဲ့သည့် ၆လခန့်က ကမ္ဘောဒီယားနိုင်ငံရှိ ဟိုတယ်တစ်ခုတွင် စကားပြန်အလုပ်ကို တစ်လ ဒေါ်လာ ၅၀၀ လစာဖြင့် လုပ်ကိုင်ရမည်ဟုဆိုကာ ပွဲစားများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီယားသို့ ရောက်သည့်အခါ ကျားဖြန့်လုပ်ငန်းတွင် ရောင်းစားခံရခြင်းဖြစ်ကြောင်း၊ နောက်ဆုံးလတွင် အလုပ်မလုပ်နိုင်သည့်အတွက် အခန်းကျဉ်းတစ်ခုအတွင်း ပိတ်လှောင်ထားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။ “အလုပ်ကောင်းကောင်းမလုပ်နိုင်ရင် နောက်ကျားဖြန့်တစ်ခုဆီရောင်းစားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အခန်းကျဉ်းလေးထဲမှာ အပေါ့သွားရတောင်မလွယ်ဘူး။

မဲခေါင်၊ ဇူလိုင် ၁၆

ဟိုတယ်တွင် စကားပြန်အဖြစ် လုပ်ကိုင်ရမည်ဟု လိမ်လည်ကာ အလုပ်ခေါ်ယူပြီး ကမ္ဘောဒီယားနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုတွင် ရောင်းစားခံရသူ တာချီလိတ်မြို့မှ အမျိုးသမီးတစ်ဦးကို မိသားစုမှ ဒေါ်လာ ၄၀၀၀ ဖြင့် ရွေးထုတ်ကယ်တင်ခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ယင်းအမျိုးသမီးမှာ လွန်ခဲ့သည့် ၆လခန့်က ကမ္ဘောဒီယားနိုင်ငံရှိ ဟိုတယ်တစ်ခုတွင် စကားပြန်အလုပ်ကို တစ်လ ဒေါ်လာ ၅၀၀ လစာဖြင့် လုပ်ကိုင်ရမည်ဟုဆိုကာ ပွဲစားများက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ ကမ္ဘောဒီယားသို့ ရောက်သည့်အခါ ကျားဖြန့်လုပ်ငန်းတွင် ရောင်းစားခံရခြင်းဖြစ်ကြောင်း၊ နောက်ဆုံးလတွင် အလုပ်မလုပ်နိုင်သည့်အတွက် အခန်းကျဉ်းတစ်ခုအတွင်း ပိတ်လှောင်ထားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။

“အလုပ်ကောင်းကောင်းမလုပ်နိုင်ရင် နောက်ကျားဖြန့်တစ်ခုဆီရောင်းစားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အခန်းကျဉ်းလေးထဲမှာ အပေါ့သွားရတောင်မလွယ်ဘူး။ ပြန်ချင်ရင် ဒေါ်လာ ၄၀၀၀ ပေးရမယ်ဆိုလို့ မိသားစုက လွှဲပြီး ပြန်ခေါ်ရတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းတွင် ရောင်းစားခံရသည့် အမျိုးသမီမှာ ဇူလိုင်လ ပထမပတ်အတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းနှင့်အတူ အခြားမြန်မာအမျိုးသမီးအချို့လည်း ရောင်းစားခံထားရကြောင်း၊ အမျိုးသမီးတစ်ဦးမှာ ပိတ်လှောင်ထားသည့်အခန်းတွင် သေဆုံးသွားသော်လည်း တစ်လခန့်အထိ မသင်္ဂြိုလ်ဘဲ ထားထားကြောင်း ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးနှင့် နီးစပ်သူထံမှ သိရသည်။

ပြန်လွတ်လာသည့် အမျိုးသမီးကို ချုပ်နှောင်ထားသည့်နေရာမှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ မွန်ဒေါ်လ်ဆီမာဆိုသည့်မြို့ရှိ အဆောက်အဦတစ်ခုတွင်ဖြစ်ကြောင်း မဲခေါင်သတင်းဌာနမှ စုံစမ်းချက်အရသိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းအများအပြားကို တရုတ်အစိုးရဖိအားဖြင့် ၂၀၂၅ ခုနှစ်အစပိုင်း၌ နှစ်နိုင်ငံရှင်းလင်းကြရာတွင် ကျားဖြန့်လုပ်ငန်းအများစုမှာ ကမ္ဘောဒီယားသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ကျားဖြန့်အလုပ်သမားများလည်း ပါဝင်သွားကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ထိုင်းနယ်စပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now