မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့အနီးဝန်းကျင်ကို ဗဟိုပြုပြီး ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က ၅ ဒသမ ၂ ရစ်(ခ်)တာစကေးရှိသည့် ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။
ထိုင်းမိုးဇလမှ ထုတ်ပြန်ချက်အရ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၂ ပြင်းအားရှိငလျင် ဖြစ်ပြီး မြန်မာမိုးဇလထုတ်ပြန်ချက်အရ ပြင်းအား ၄ ဒသမ ၉ ရစ်ချ်တာစကေးဖြစ်သည်။
မိုင်းလားမြို့တွင် နေထိုင်သူများအနေဖြင့် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားရကြောင်း မြို့ခံများက ပြောသည်။
”ဟုတ်ပါတယ်။ နေရင်း စောင့်တွန်းခံလိုက်ရသလိုပဲ။ နည်းနည်းကြမ်းတယ်” ဟု မိုင်းလားမြို့တွင်နေထိုင်သူ တစ်ဦးက ဆိုသည်။
မိုင်းလားမြို့တွင်းနှင့် ဝမ်ချို၊ ကျိုင်းခမ်းတို့တွင်လည်း ငလျင်လှုပ်ခတ်မှုဒါဏ်ကို သိသိသာသာ ခံစားလိုက်ရပြီး ဇူလိုင်လ ၁၄ ရက်နေ့ မနက် ၆နာရီခွဲ့ခန့်ကလည်း ငလျင်လှုပ်ခတ်ခဲ့သေးသည် ဖြစ်ရာ တစ်ရက်အတွင်း နှစ်ကြိမ် လှုပ်ခတ်ခြင်း ဟု ဒေသခံများက ဆိုသည်။
ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် ၂၉ မိုင်ဝန်းကျင်ကို ဗဟိုပြုလျှက် အနက် ၁၀ ကီလိုမီတာတွင် လှုပ်ခတ်သွားခြင်း ဖြစ်ပြီး အပျက်အစီး နောက်ဆက်တွဲ အခြေအနေကို မသိရှိရသေးပေ။
ဖေသန်း
#MeKongNews
#မိုင်းလား
#ငလျင်
#ရှမ်းအရှေ့
#လှုပ်ခတ်








