မဲခေါင်၊ ဇူလိုင် ၁၄
ရှမ်း ပြည်မြောက်ပိုင်း၊ နောင်ချိုမှ ကျောက်မဲဖက်သွား ဂုတ်တွင်းတံတား မိုင်းထောင်ဖျက်ဆီးခံရကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။
ဇူလိုင်လ ၁၀ ရက်ကတည်းက လမ်းပိတ်ထားခြင်းဖြစ်ပြီး ယနေ့ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် တံတား ကျိုးပျက်သွားခြင်းဖြစ်ကြောင်း ကျောက်မဲရောက် စစ်ရှောင်တစ်ဦးက ပြောသည်။
“၁၀ ရက်နေ့ကတည်းက လမ်းပိတ်ထားလို့ သွားမရတော့တာ၊ ဒီနေ့မနက် တံတားချိုးခံရတယ်သိရတယ်။ မဟာမိတ်တွေဆုတ်ရင်း ချိုးတယ်ကြားတယ်” ဟု ၎င်းကပြောသည်။
၎င်းအပြင် နောင်ချို မြို့မရဲစခန်းနှင့်သစ်တောရုံး၊ ကြံခိုင်ရေးရုံး၊ စစ်မှုထမ်းအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်လော်ဘီများက ပြောဆိုနေသော်လည်း ယင်းမှာ သတင်းမှာဖြစ်ကြောင်း မြေပြင်အခြေအနေကို သိသူတစ်ဦးက ပြောသည်။
“နောင်ချို ရဲစခန်း နဲ့ သစ်တောရုံး ကို TNLA က မိုင်းခွဲ ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းမှားတွေ စစ်တပ်ဖက်က ဖွနေတာ တွေ့ရတယ်။၂၀၂၄ နိုဝင်ဘာ ၁၄ ရက်နေ့က စစ်တပ်ရဲ့လေယာဉ် ဗုံးဒဏ်ခံခဲ့ရတာပါ။ သစ်တောရုံးနဲ့ ကြံခိုင်ရေးရုံးလည်း အတူတူပါပဲ နေ့စွဲတော့ မမှတ်မိတော့ဘူး” ဟု ၎င်းကပြောသည်။
နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၅ရွာဖြစ်သည့် ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနှင့် ကျောက်ကြမ်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၈၂လုံးနှင့် ဒရုန်းဖြင့် ဗုံး ၅၇လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု ယမန်နေ့ ဇူလိုင်၁၃ရက် ညပိုင်းက ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#နောင်ချို
#ဂုတ်တွင်းတံတား
#ကျောက်မဲ
#TNLA








