နေ့စဥ်သတင်း

တာချီလိတ်တွင် ဆိုင်ကယ်များ ဆက်တိုက်ခိုးယူခံနေရပြီး ဖမ်းဆီးနိုင်မှု သုံညရာခိုင်နှုန်းသာရှိ၊ သူခိုးများသာမက သူခိုးလက်ခံများကိုပါ အရေးယူရန် မြို့ခံများတိုက်တွန်း

မဲခေါင် 13 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၃ တာချီလိတ်မြို့တွင် နေစဉ်ပင် ဆိုင်ကယ်များခိုးယူခံနေရပြီး သူခိုးများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လွန်စွာသောင်းကျန်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်နေ့စဉ် အနည်းဆုံးတစ်စီး ခိုးယူခံနေရပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း လုံးဝမရှိကြောင်း ဒေသခံများက ဝေဖန်နေကြသည်။ ယခု ဇူလိုင်လဆန်းပိုင်းတွင်ပါ ဆိုင်ကယ်ခိုးယူခံရသူများထံ ဆက်သွယ်မေးမြန်းချက် အရ နေ့ခင်းဘက်သာမက ညအချိန် ခြံတံခါးများကို ချိုးဖက်၍ ဝင်ရောက်ခိုးယူခဲ့ခြင်းများ ရှိခဲ့ကြောင်း ဆိုင်ကယ်ခိုးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ခြံတံခါးမကြီးရော အိမ်တံခါးရော သော့တွေကို ချိုးဖျက်ပြီး ဝင်ခိုးတာ၊ ဆိုင်ကယ် ၂ စီးလုံးလည်း သော့တွေရော၊ ဇက်သော့တွေရော

မဲခေါင်၊ ဇူလိုင် ၁၃

တာချီလိတ်မြို့တွင် နေစဉ်ပင် ဆိုင်ကယ်များခိုးယူခံနေရပြီး သူခိုးများကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း မရှိသည့်အတွက် လွန်စွာသောင်းကျန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၅ ခုနှစ် ဇွန်လနှင့် ဇူလိုင်လများအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်နေ့စဉ် အနည်းဆုံးတစ်စီး ခိုးယူခံနေရပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခြင်း လုံးဝမရှိကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ယခု ဇူလိုင်လဆန်းပိုင်းတွင်ပါ ဆိုင်ကယ်ခိုးယူခံရသူများထံ ဆက်သွယ်မေးမြန်းချက် အရ နေ့ခင်းဘက်သာမက ညအချိန် ခြံတံခါးများကို ချိုးဖက်၍ ဝင်ရောက်ခိုးယူခဲ့ခြင်းများ ရှိခဲ့ကြောင်း ဆိုင်ကယ်ခိုးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခြံတံခါးမကြီးရော အိမ်တံခါးရော သော့တွေကို ချိုးဖျက်ပြီး ဝင်ခိုးတာ၊ ဆိုင်ကယ် ၂ စီးလုံးလည်း သော့တွေရော၊ ဇက်သော့တွေရော ခတ်ထားတာ” ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၁၀ ရက် နံနက်အစောပိုင်းက တာချီလိတ်မြို့နယ်၊ ဟွေလေလန်၊ အာခါရွာတွင် ၂၀၂၃ ခုနှစ် ထုတ် ဆိုင်ကယ် အဖြူနှင့် အနက်ရောင် ၂ စီးလုံး ခိုးခံခဲ့ရသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်၊ နံနက်ပိုင်း ၁၀ နာရီခန့်က ကလေးကျောင်းပို့ပြီးပြန်လာသည့် ပါဆတ်ဘုန်းကြီးကျောင်းဘေး တိုင်ခန်းနေပြည်သူတစ်ဦး၏ ဆိုင်ကယ်ကို လူ ၂ ဦးက ဇက်သော့ချိုးဖျက်ကာ ခိုးယူသွားသည်။

ဇူလိုင်လ ၂ ရက်ကလည်း ပုံလို့ (၁) လမ်းတွင် SHN 39158 နံပတ်ပါ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဆိုင်ကယ်ခိုးယူခံရမှုများကို မဲခေါင်မှ စာရင်းမှတ်သားထားရာ အနည်းဆုံး ၂၅ စီးရှိပြီး တစ်စီးမျှ ပြန်လည်ဖမ်းမိရရှိခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

ရဲများအနေဖြင့် ဆိုင်ကယ်သူခိုးများကိုသာမက ခိုးဘီးများကို ဝယ်ယူသည့်သူများ၊ အပေါင်လက်ခံသည့် နေရာများကိုလည်း သိလျက်နှင့် အရေးမယူကြောင်း ဆိုင်ကယ်ပျောက်ဆုံး နစ်နာနေသူတစ်ဦးက ပြောသည်။

“ရဲစခန်းတိုင်လည်း တိုင်တိုင်ပဲ။ ဆိုင်ကယ်ခိုးပြီး သွားပေါင်တဲ့နေရာကအစ သိပြီးတာတောင် ပြန်မရဘူး။ ရဲတွေက အဲ့ဒီသူခိုးတွေကို မသိတာမဟုတ်ပါဘူး၊ သူတို့အကုန်သိတယ်။ ကိုယ့်ကို အဲဒီသူခိုးကို ပြန်ဖမ်းခိုင်းနေတာ၊ အပေါင်လက်ခံတဲ့သူကလည်း သူတို့အချင်းချင်း အလိမ်ကကျစ်တွေဘဲ။ ခိုးလာသမျှ အကုန်လက်ခံတာ။ အဲ့ကြောင့် ပျောက်တာဘယ်တွေ့မလဲ။ ပြန်မရနိုင်မှန်း သိတဲ့အကြောင်းကို ဒဲ့ဘဲပြောပြလိုက်တယ်။ ဘာကြောင့်မရလဲဆို လုပ်စားနေလို့ ပြန်မရတာ” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုးလက်ခံ ၂ ဦး၊ ၃ ဦးရှိပြီး ယင်းထဲမှ နာမည်ကြီးသူမှာ ယခင်က ကျောက်တောင်အရပ်မှ သားကြီး ဆိုသူဖြစ်ကြောင်း၊ လတ်တလောတွင် ၎င်းနေရာ၌ ရဲဝင်း ဆိုသူ ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ ရဲဝင်းမှာ သူခိုးလက်ခံအဖြစ် ဆောင်ရွက်ရုံသာမက ငါးပစ်ဂိမ်းခုံများကိုလည်း လိုင်းကြေးယူကာ စောင့်ရှောက်ပေးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်ခိုးခံရသူ ပြည်သူများမှာ ဆိုင်ကယ်များကို ခိုးယူနေသည့် CCTV မှတ်တမ်းဓာတ်ပုံများ အတိအကျပေးပြီး စခန်းသို့ သွားရောက်တိုင်ကြားသော်လည်း ထိရောက်သည့် အရေးယူလုပ်ဆောင်မှု မရှိခြင်းကြောင့် တာချီလိတ်နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်များ ပျောက်ဆုံးသွားသည့်အခါ မည်သို့မျှမတတ်နိုင်ဘဲ အွန်လိုင်းပေါ်တွင်သာ အကူအညီတောင်းခံ ရှာဖွေနေကြရသည်ဟု ဆိုကြသည်။

မဟာ
#MeKongNews
#တာချီလိတ်
#ဆိုင်ကယ်သူခိုး
#သူခိုးလက်ခံ
#ရှမ်းအရှေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now