နေ့စဥ်သတင်း

ရွှေလီတွင် ကျောက်စိမ်းကုမ္ပဏီတစ်ခု ယွမ် ၁၀ ဘီလီယံခန့် လိမ်လည်မှုဖြစ်

မဲခေါင် 11 Jul - 2025
မဲခေါင်၊ ဇူလိုင် ၁၁ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့တွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းတစ်ခုမှ တရုတ်ယွမ်ငွေ ၁၀ ဘီလီယံခန့် ငွေကြေး လိမ်လည်မှု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။ လိမ်လည်သည့် ကျောက်စိမ်းကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ဂျီပေါဟု ခေါ်ကြသည့် We Chat နှင့် ရောင်းချသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး လုပ်ငန်းရှင်အများအပြားက ကျောက်စိမ်းများကို ရောင်းချပေးရန် အပ်နှံထားကြသည်ကို လိမ်လည်ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ကျောက်စိမ်းဆုံးရှုံးသူများရှိသလို ငွေကြေးအရလည်း ဆုံးရှုံးသူများရှိကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။ “ရွှေလီမှာ ဂျီပေါတွေ ငွေလိမ်သွားတာပါ။ ရွှေလီမှာ အရင်တစ်မှု မပြီးသေးဘူး။ နောက်ထပ် ဖြစ်ပြန်ပြီ။ စျေးကွက်ကတော့ ရေခဲတုံး ဖြစ်အုံးမယ်” ၎င်းက ဆိုသည်။

မဲခေါင်၊ ဇူလိုင် ၁၁

တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့တွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်ငန်းတစ်ခုမှ တရုတ်ယွမ်ငွေ ၁၀ ဘီလီယံခန့် ငွေကြေး လိမ်လည်မှု ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်တစ်ချို့ထံမှ သိရသည်။

လိမ်လည်သည့် ကျောက်စိမ်းကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ဂျီပေါဟု ခေါ်ကြသည့် We Chat နှင့် ရောင်းချသည့် လုပ်ငန်းတစ်ခု ဖြစ်ပြီး လုပ်ငန်းရှင်အများအပြားက ကျောက်စိမ်းများကို ရောင်းချပေးရန် အပ်နှံထားကြသည်ကို လိမ်လည်ထွက်ပြေးခြင်း ဖြစ်ကြောင်း၊ ကျောက်စိမ်းဆုံးရှုံးသူများရှိသလို ငွေကြေးအရလည်း ဆုံးရှုံးသူများရှိကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ရွှေလီမှာ ဂျီပေါတွေ ငွေလိမ်သွားတာပါ။ ရွှေလီမှာ အရင်တစ်မှု မပြီးသေးဘူး။ နောက်ထပ် ဖြစ်ပြန်ပြီ။ စျေးကွက်ကတော့ ရေခဲတုံး ဖြစ်အုံးမယ်” ၎င်းက ဆိုသည်။

ယင်းကုမ္ပဏီ‌တွင် မြန်မာလူမျိုး ကျောက်စိမ်းလုပ်ငန်းရှင်များက ရောင်းချရန် ပေးပို့ထားသည့်ကျောက်စိမ်းများ ပါဝင်နိုင်ဖွယ်ရှိသော်လည်း အတိအကျ မသိရှိရသေးကြောင်း ကျောက်စိမ်းလောကမှ လုပ်ငန်းရှင်တစ်ချို့က ပြောဆိုသည်။

ရွှေလီမြို့ရှိ လိမ်လည်ခံရသူအများစု ယင်းကုမ္ပဏီ၏ ရုံးခန်းရှိရာနေရာသို့ ဇူလိုင်လ ၉ ရက်နေ့ ညကတည်းက စုရုံးရောက်ရှိနေကြပြီး မြန်မာလူမျိုးတချို့လည်း ပါဝင်နေသည်ကို ရုပ်သံတချို့တွင် တွေ့မြင်ရသည်။

မန္တလေးမြို့ရှိ ကျောက်စိမ်းကုန်သည်များက တင်ပို့ထားသည့်ကျောက်စိမ်းများလည်း လိမ်လည်ခံရသည့် စာရင်းတွင် ပါဝင်နိုင်သော်လည်း လက်ရှိအချိန်ထိ အတိအကျ မသိရှိရသေးပေ။

ကျောက်စိမ်းကို ဖားကန့်ဒေသမှ တဆင့် မန္တလေး၊ မူဆယ် မြို့၊ ယင်းမှတဆင့် တရုတ်ဘက်ခြမ်းရှိ ရွှေလီမြို့သို့ တင်ပို့ရောင်းချခြင်း ဖြစ်ကာ ကျောက်စိမ်းကုမ္ပဏီများ၊ကျောက်စိမ်း WeChat Live ရောင်းချသည့်လုပ်ငန်းများအပါအဝင် ကျောက်စိမ်းရောင်းချသည့် ဈေးရုံ ၅ ခုထက် မနည်း ရှိ၍ တရုတ်နိုင်ငံတွင် ကျောက်စိမ်းမြို့တော် ဟု လူသိများသည့်နေရာ ဖြစ်သည်။

ဖေသန်း
#MeKongNews
#ရွှေလီမြို့
#ကျောက်စိမ်းလုပ်ငန်း
#ဂျီပေါ
#မန္တလေး
ပုံအညွှန်း – လိမ်လည်ခံရသူများ ကုမ္ပဏီရုံးရှေ့တွင် စုဝေးနေကြစဉ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now