မဲခေါင်၊ ဇူလိုင် ၆
စစ်ကောင်စီသည် စစ်မှုထမ်းမည့် လူငယ်များကို မှတ်တမ်းတင်သည့် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အသုံးပြုနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီသည် အဆိုပါ စနစ်ကို အသုံးပြုကာ စစ်မှုထမ်းခြင်းမှ ကင်းလွက်စေရန် တိမ်းရှောင်နေသူများကို တားဆီးရန် နှင့် ပြည်ပ ထွက်ခွာခွင့်ကို တင်းကြပ်ရန် လုပ်ဆောင်မှု တစ်ခု ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အနေနှင့်စာရင်းဇာယားပြုလုပ်ပြီး မှတ်တမ်းထည့်သွင်းရ လွယ်ကူစေရန် ပြည်သူ့စစ်မှုထမ်းဆိုင်ရာ IT နည်းပညာနှင့် အချက်အလက် မှတ်တမ်းတင်ခြင်း အထောက်အကူပြု အလုပ်အဖွဲ့က ပြည်သူ့စစ်မှုထမ် ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် (National Service Information Management System-NSIMS) ကို အကောင်အထည်ဖော် လုပ်ဆောင်နေသည် ဟု ဆိုသည်။
NSIMS စနစ်သည် ရပ်ကွက်နှင့် ကျေးရွာအလိုက် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များ၏ ကိုယ်ရေးအချက်အလက်၊ စစ်မှုထမ်းဆောင်ရန် အခြေအနေနှင့် စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွှက်ခွင့် စသည့် အချက်အလက်များကို ဖောင်းပွခြင်း မရှိစေရန် လုပ်ဆောင်ထားခြင်း ဖြစ်သည်။
စစ်ကောင်စီသည် နည်းပညာအခြေခံကာ လူတစ်ဦးချင်းဆီ၏ အချက်အလက်များကို ဒေတာစင်တာဖြင့် ထားရှိပြီး စစ်ဆေးရာတွင် အသုံးပြုနေပြီး ရှမ်းပြည်ကို ဖြတ်သန်းဝင်ရောက်သည့် ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်၊ လွိုင်လင်စစ်ဆေးရေးဂိတ်၊ တာကောတံတားစစ်ဆေးရေးဂိတ်၊ ကျိုင်းတုံ စစ်ဆေးရေးဂိတ်၊ မိုင်းဖြတ်စစ်ဆေးရေးဂိတ်၊ တာချီလိတ်အဝင် စစ်ဆေးရေးဂိတ်များတွင် အသုံးပြုနေသည် ဟု ခရီးသွာလားသူများက ဆိုထားသည်။
တိုင်းဒေသနှင့် ပြည်နယ်များရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များက တင်ပြလာသည့် ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းခွင့်များနှင့် ပါက်သက်ပြီး စနစ်တကျ မှတ်တမ်းသွင်းပြီး ပြန်လည်ဆင့်ခေါ်ရမည့် အချိန်တွင် ရာနှုန်းပြည့် ပြန်လည်ဆင့်ခေါ်ရမည် ဟုလည်း စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုထားသည်။
စစ်ကာင်စီသည့် စစ်မှုထမ်းရန် သင်တန်းအပါတ်စဉ် ၁၂ အထိ စစ်မှုထမ်းလူငယ်များ သင်တန်းဆင်းပြီး ဖြစ်ကာ အပါတ်စဉ် ၁၃နှင့် ၁၄ကို လက်ရှိလေ့ကျင့်ပေးနေပြီး စစ်မှုထမ်းသင်တန်းများကို ပုံမှန် ဖွင့်လှစ်သွားမည် ဟု ပြောဆိုထားသည်။
စစ်ကောင်စီသည် PSMS (Person Scrutinization and Monitoring System ) ကိုလည်း အသုံးပြုကာ လူတစ်ဦးချင်းကို စီစစ်စောင့်ကြည့်နေပြီး စစ်ဆေးရေးဂိတ်များ၊ လေယာဉ်ကွင်းများ တွင် အသုံးပြုနေသည်။
ဖေသန်း
#MeKongNews
#စစ်မှုထမ်းဥပဒေ
#စစ်ဆေးရေးဂိတ်
#လေယာဉ်ကွင်း
#ရှမ်းပြည်








