နေ့စဥ်သတင်း

နန်းတုတ်ရွာပြည်သူများ ၁၀ ရက်အတွင်း နေရပ်ပြန်ရန် PNO အကြပ်ကိုင်

မဲခေါင် 4 Jul - 2025
မဲခေါင်၊ ဇူလိုင် ၄ စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့် ဖယ်ခုံအရှေ့ဖက်ခြမ်းရှိ နန်းတုတ်ရွာမျ စစ်ဘေးရှောင်ပြည်သူများကို ၁၀ ရက်အတွင်းနေရပ်ပြန်နေကြရန် PNO က ယူနေပြီး ၁၀ ရက်အတွင်းပြန်မနေပါက နောက်ပိုင်းပြန်မလာရဟု အမိန့်ထုတ် အကြပ်ကိုင်နေကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီ၏ထိုးစစ်ကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှ ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်(ရှေ့)၊ ဟိုပန်(နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စသည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျေးရွာများတွင် အစောင့် စတချို့သာ ကျန်ခဲ့ချိန်တွင်

မဲခေါင်၊ ဇူလိုင် ၄

စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲထားသည့် ဖယ်ခုံအရှေ့ဖက်ခြမ်းရှိ နန်းတုတ်ရွာမျ စစ်ဘေးရှောင်ပြည်သူများကို ၁၀ ရက်အတွင်းနေရပ်ပြန်နေကြရန် PNO က ယူနေပြီး ၁၀ ရက်အတွင်းပြန်မနေပါက နောက်ပိုင်းပြန်မလာရဟု အမိန့်ထုတ် အကြပ်ကိုင်နေကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ထိုးစစ်ကြောင့် ဖယ်ခုံအင်းအရှေ့ဘက်ကမ်းမှ ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုတ်၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်(ရှေ့)၊ ဟိုပန်(နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စသည့် ကျေးရွာ ၁၅ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျေးရွာများတွင် အစောင့် စတချို့သာ ကျန်ခဲ့ချိန်တွင် PNO မှ ယခုလို အမိန့်ထုတ်ခေါ်နေခြင်းဖြစ်သည်။

ကျေးရွာသားများအနေဖြင့် နေရပ်သို့ ပြန်ပါက PNO ၏ အနိုင်ကျင့် ခိုင်းစေမှုများကို ကြုံရမည်ဆိုးသည့်အတွက် မပြန်လိုကြကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့က အိမ်တွေပေါ်တက်နေပြီး လုပ်ချင်သလိုလုပ်နေကြတာ၊ ပြန်လာရင် သူတို့ အခိုင်းခံ နှိပ်စက်ခံဖြစ်မယ်။ မပြန်ရင်လည်း အိမ်အပြီးသိမ်းပြီး ပေးချင်တဲ့သူပေးပစ်မယ် ပြောနေတာ”ဟု နန်းတုတ်ရွာမှ စစ်ရှောင်တစ်ဦးကို မဲခေါင်မှ ဇူလိုင်၃ရက် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

၎င်းအပြင် ယင်းနန်းတုတ်ရွာအနီးရှိ မဆွမ့်ခွန် (ကုန်းသာ) ရွာမှ နေရပ်ပြန်ပြည်သူများကို ရွာအတွင်းတစ်အိမ်မှတစ်အိမ် ကူးသန်း အလည်အပတ်သွားရောက်ခြင်းမပြုရဟု PNO များက အမိန့်ထုတ်ထားပြီး ခြံ၊ လယ်သွားခြင်းနှင့် ငါးဖမ်းခြင်းများကိုပါ တားမြစ် ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖယ်ခုံမြို့ နေရာအများအပြားကို စစ်ကောင်စီက ပြန်လည်သိမ်းယူထားကြောင်း ရှမ်းတောင်(ကယား)ကရင်နီတပ်ပေါင်းစုက ဇူလိုင်လ ၂ရက်တွင် သတင်းထုတ်ပြန်လာချိန်တွင် PNO က ယခုကဲ့သို့ အကြပ်ကိုင်ခေါ်ယူနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှစ၍ ဖယ်ခုံအရှေ့ဘက်ကမ်းမှ ဒီးမော့ဆို ဘက်သို့ ထွက်ပြေးခိုလှုံလာသည့် စစ်ရှောင်လေးသောင်းဝန်းကျင်ရှိနေပြီး အခြေခံ လိုအပ်ချက်၊ လူနားချင်းစာနာထောက် ထားမှု အကူအညီတွေ ရရှိရန် ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေးကောင်စီ IEC က ဖိတ်ခေါ်ထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် PNO တို့ အင်အားအများအပြားဖြင့် မိုးဗြဲမြို့ ရှိ ပြည်သူ့အိုးအိမ်အများအပြားကို မီးရှို့နေကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံက သိရသည်။

မဟာ
#MeKongNews
#နန်းတုတ်ရွာ
#PNO
#ဖယ်ခုံအင်း
#ဖယ်ခုံမြို့နယ်
#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now