မဲခေါင်၊ ဇူလိုင် ၃
စစ်ကောင်စီ၏ တိုက်လေယာဉ် FTC-2000G အမျိုးအစား၏ အပျက်အစီးများကို ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်းတွင် တွေ့ရှိကြောင်း ကရင်နီရှေ့တန်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
လေယာဉ်အမြီးနံပါတ် ၁၄ နှင့်စသည်ဖြစ်၍ FTC-2000G ဟု အတည်ပြုနိုင်ကြောင်း MDSI ကရှင်းပြထားပြီး တရုတ်နိုင်ငံထုတ် FTC2000G တိုက်လေယာဉ်သည် အမေရိကန် ဒေါ်လာ ၈ ဒသမ ၅ သန်း တန်ဖိုးရှိပြီး စစ်ကောင်စီက ၂၀၂၂ ခုနှစ်က ယင်းတိုက်လေယာဉ် ၆ စီးကို ဝယ်ယူကာ ရှမ်းတောင်၊ နမ့်စန် လေတပ် စခန်းဌာနချုပ်တွင် ထားရှိကြောင်း သိရသည်။
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးတွင် ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဥ် အပျက်အစီးများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုစစ်ဦးစီးချုပ် မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
တိုက်လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး KNDF ဒုစစ်ဦးစီးချုပ် မာဝီက ကရင်နီစစ်သည်များ၏ လက်ချက်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်တွင် ပြောဆိုထားပြီး စစ်ကောင်စီဘက်ကမူ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းပြီး ပျက်ကျကြောင်း ထုတ်ပြန်ထားသည်။
Photo – ကရင်နီတော်လှန်ရေးတပ်ပေါင်းစု၊ Maui’s FB
#MeKongNews
#ကရင်နီ
#တိုက်လေယာဉ်
#ပစ်ချ
#မာဝီ
#စစ်ကောင်စီ








