မဲခေါင်၊ ဇွန် ၂၆
မြစ်သားမြို့မှ ရှမ်းပြည်တောင်ပိုင်းသို့ ခိုးရာလိုက်ပြေးသည့် စုံတွဲ စီးနင်းလာသည့် ဆိုင်ကယ်ကို ဇွန်လ ၂၄ ရက် ညက ကားဖြင့်တိုက်ပြီး ကားထားကာ ထွက်ပြေးသည့် တရားခံကို ဖမ်းမိပြီဖြစ်ကြောင်း အောင်ပန်းရဲစခန်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် ဇွန်လ ၂၄ ရက် ညက သမီးရည်းစားခိုးပြေးလာသည့် ဆိုင်ကယ်ကို နောက်မှဝင်တိုက်သူမှာ အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် မန္တလေးကားဝပ်ရှော့အမည်ဖြင့် ဆိုင်ဖွင့်ထားသည့် အသက် ၅၈ နှစ်အရွယ် ဦးကျော်မင်းဦးဖြစ်ကြောင်း သိရသည်။
“သူက ကားတိုက်မိတာနဲ့ ထူပူပြီး ဖုန်းဆက်လို့ ကားနဲ့လာခေါ်သွားတာတဲ့၊ ညတွင်းချင်းပဲ အဖမ်းခံရတာ။ လူကြီးတစ်ယောက်အနေနဲ့ မပြေးပဲ တာဝန်ယူရမှာ” ဟု ညောင်ပင်ထောင် ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
၎င်းမောင်းလာသည့် ကားတိုက်ခံရမှုကြောင့် ဇနီးလောင်းဖြစ်သူ မမြသီတာမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးရပြီး ၎င်းကိုယ်တိုင်လည်း ရင်ဘတ်တွင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
#MeKongNews
#အောင်ပန်း
#ရှမ်းတောင်
#မြစ်သား
#ကားတိုက်မှု
#သေဆုံး








