နေ့စဥ်သတင်း

မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာအနီးတွင် SSPP နှင့် TNLA တိုက်ပွဲဖြစ်

မဲခေါင် 24 Jun - 2025
မဲခေါင်၊ ဇွန် ၂၄ ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် SSPP နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးက ဇွန်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။ SSPP ၏ ထုတ်ပြန်ချက်တွင် SSPP တပ်စခန်းနေရာကို TNLA ဘက်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ဟု SSPP Infoက ထုတ်ပြန်သည်။ TNLA ဖက်ကမူ TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ပြောသည်။ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲချိန်တွင် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာ

မဲခေါင်၊ ဇွန် ၂၄

ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် SSPP နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်စလုံးက ဇွန်လ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။

SSPP ၏ ထုတ်ပြန်ချက်တွင် SSPP တပ်စခန်းနေရာကို TNLA ဘက်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည် ဟု SSPP Infoက ထုတ်ပြန်သည်။

TNLA ဖက်ကမူ TNLA စစ်ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့မှ ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု TNLA သတင်းနှင့်ပြန်ကြားရေးက ပြောသည်။

ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခွဲချိန်တွင် မိုးမိတ်မြို့နယ်၊ မိုးဟောက်ကျေးရွာ တောင်ဘက်ရှိ တယပ်စုတောင်မှ SSPP ထိုင်ထားသည့်နေရာကို TNLA တပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ SSPP ဘက်မှ ပြန်လည်ခုခံကာကွယ်ရပြီး၊ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့သည် ဟု SSPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

TNLA ဖက်ကမူ SSPP တပ်ဖွဲ့သည် နံနက် ၁၀ နာရီ ၁၄ မိနစ်နှင့် ၁၁ နာရီ ၃၆ မိနစ် အချိန်များတွင် နှစ်ကြိမ် လက်နက်ငယ်များဖြင့် ခြုံခိုပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် TNLA စစ်ကြောင်းတည်ရှိရာကိုလည်း မွန်းလွဲပိုင်း ၁၂ နာရီ ၃ မိနစ် အချိန်တွင် လက်နက်ကြီးတစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

ယင်းတိုက်ပွဲမှာ TNLA တပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာသွားကာ နှစ်ဖက်အပစ်ရပ်စဲပြီး နေရာပြန်လည်ယူထားသည်ဟု SSPP က ဆိုသည်။

SSPP ရှေ့တန်းအရာရှိတစ်ဦးက အဆိုပါကိစ္စနှင့် ပါတ်သက်၍ “ဟုတ်တယ်၊ တိုက်ပွဲက မိုးဟောက်ရဲ့ တောင်ဘက်ရပ်မှာ ဖြစ်တယ်။ မိုးဟောက်ကနေ တောင်ဘက်ဆင်းသွားရင် ကျွန်တော်တို့ SSPP/SSA အဖွဲ့ထိုင်ထားတယ်။ PSLF/TNLA ဘက်က ဘော်ဒေ ကနေ လမ်းမကြီးနောက်ဘက်တစ်ကြောမှာ နေရာယူထားတယ်။ အခုချိန်ထိတော့ တပ်နှစ်ဖွဲ့တို့ ချည်းကပ် တင်းမာနေသေးတယ်” ပြောသည်ဟု ပါရှိသည်။

ယင်းသို့ မဖြစ်ပွားမီ ပြီးခဲ့သည့် ဇွန်လ၁၉ ရက်နေ့ တွင် TNLA အဖွဲ့ တပ်ရင်း အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၉ တို့ အင်အား ၂၀၀ ကျော်ဝန်းကျင်ကို တုန်ဖုန်ကား ၅ စီး၊ ဖိုးဝီးကား ၃ စီးတို့ဖြင့် မိုင်းလုံ-မိုးကုတ်မှတဆင့် SSPP ရှိရာ မိုးဟောက်ကျေးရွာကို စစ်ကြောင်းအင်အားဖြည့်ဆည်းသွားခဲ့ပြီး၊ မိုးမိတ်မှလည်း မိုးဟောက်ကျေးရွာကို အင်အား ၈၀ ဝန်းကျင်မှ ထပ်မံဖြည့်ဆည်းကာ SSPP ရှိသည့် နေရာကို စစ်ရေးချည်းကပ်ထားခဲ့သည်ဟု ဆိုသည်။

လွန်ခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း ဟူးဆွန်ကျေးရွာကျောက်မဲမြို့နယ် ဟူးဆွန်စခန်းတွင် နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLAဘက်မှ သေဆုံး ၂ ဦး ဒဏ်ရာရ ၃ ဦး ရှိခဲ့ရာ ယခုတွင်လည်း နှစ်ဖက်အပြန်အလှန်စွပ်စွဲ၍ သတင်းထုတ်ပြန်ကြသော်လည်း ထိခိုက်မှုစာရင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။

လက်ရှိတွင် တိုက်ပွဲငြိမ်သွားသော်လည်း နှစ်ဖက်စလုံးက အင်အားဖြည့်တင်းကာ စစ်ရေးတင်းမာနေကြောင်း သိရသည်။

ဖြစ်ပွားခဲ့သည့် နယ်မြေစစ်ရေးပဋိပက္ခများအား နှစ်ဖက် မည်သို့ဖြေရှင်းရန်ရှိမည်ကို သိရှိရန် မဲခေါင်အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

SSPP/SSA နှင့် PSLF/TNLA တို့သည် FPNCC အဖွဲ့ဝင်များ ဖြစ်သည်။

မဟာ
#MeKongNews
#မိုးမိတ်မြို့နယ်
#SSPP
#TNLA
#တိုက်ပွဲဖြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now