နေ့စဥ်သတင်း

စစ်မှုထမ်းရှောင်နေသူကို လက်ခံထားသည်ဆိုကာ ရပ်ကွက်အုပ်ကြီးများက ကျပ်သိန်း ၁၀၀ ငွေညှစ်

မဲခေါင် 23 Jun - 2025
မဲခေါင်၊ ဇွန်၂၃ တောင်ကြီးမြို့ပေါ်ရှိ ရွေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသောင်းရွှေတို့က ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမည်စာရင်းပါသော် လည်းတိမ်းရှောင်နေ သူတစ်ဦးကို လက်ခံထားမှုဖြင့် ကံကြီးရပ်ကွက်မှ ခြံရှင်တစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ငွေညှစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။ စိန်းပန်းရပ်ကွက်နေ စိုင်းစံထွန်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ်အတွက် ခေါ်ယူခံရသည်ကို ထွက်ပြေးတိမ်းရှောင်ရာမှ ယင်းခြံအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ခြံရှင်ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကံကြီးရပ်ကွက်၊ အမှိုက်ကန်နယ်မြေမှ ခြံရှင်ကို ရွှေတောင်ရပ်ကွက်ရုံးတွင်ခေါ်ယူ့ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ “စိန်ပန်းက ကောင်လေးက အဲခြံမှာ ပြေးရင်းလွှားရင်း ဝင်ပုန်းနေတာကိုမိတာ။ အဲတာကို ခြံရှင်ကိုဖွက်ပေးတာ၊ ဆွဲစိမယ် ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ အုပ်စုလိုက်ခြိမ်းခြောက်တော့ ခြံရှင်လည်း

မဲခေါင်၊ ဇွန်၂၃

တောင်ကြီးမြို့ပေါ်ရှိ ရွေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသောင်းရွှေတို့က ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမည်စာရင်းပါသော် လည်းတိမ်းရှောင်နေ သူတစ်ဦးကို လက်ခံထားမှုဖြင့် ကံကြီးရပ်ကွက်မှ ခြံရှင်တစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ငွေညှစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

စိန်းပန်းရပ်ကွက်နေ စိုင်းစံထွန်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ်အတွက် ခေါ်ယူခံရသည်ကို ထွက်ပြေးတိမ်းရှောင်ရာမှ ယင်းခြံအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ခြံရှင်ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကံကြီးရပ်ကွက်၊ အမှိုက်ကန်နယ်မြေမှ ခြံရှင်ကို ရွှေတောင်ရပ်ကွက်ရုံးတွင်ခေါ်ယူ့ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“စိန်ပန်းက ကောင်လေးက အဲခြံမှာ ပြေးရင်းလွှားရင်း ဝင်ပုန်းနေတာကိုမိတာ။ အဲတာကို ခြံရှင်ကိုဖွက်ပေးတာ၊ ဆွဲစိမယ် ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ အုပ်စုလိုက်ခြိမ်းခြောက်တော့ ခြံရှင်လည်း မြေကွက်ရောင်းပြီး ပေးလိုက်ရတယ်။ ပေးတာကိုလည်း ပေါက်ကြားရင် ထပ်ဒုက္ခပေးမယ်ဆိုပြီး ​ခြိမ်းခြောက်နှုတ်ပိတ်ထားတယ်” ဟု ၎င်က မဲခေါင်ကို ပြောသည်။

စိုင်းစံထွန်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၁၁ ကို ကျိုင်းတုံရှိ တတက၁၁တွင် မတ်လ၁၇ ရက်မှ စတင်တက်ခဲ့ရပြီး ပြီးခဲ့သည့် ဇွန်လ၁၆ရက်က ကျောင်းဆင်းသွားခဲ့သည်ဟု သိရသော်လည်း မည်သည်ရှေ့တန်းသို့ ပို့ဆောင်ခံရကြောင်းမသိရဟု စိန်ပန်းရပ်ကွက်နေသူများက ပြောသည်။

“ဒီသန်းရွှေက ဧည့်စာရင်း ဘာညာ လုပ်စားလို့ရသမျှ ပြည်သူကိုနှိပ်စက်နေတာ။ သူ့ကြောင့် ဒုက္ခရောက်ရတဲ့လူငယ်တွေ အများကြီး”ဟု တောင်ကြီး ဒေသခံတစ်ဦးကပြောသည်။

ယခု ခြံရှင်ကို ခြိမ်းခြောက်ငွေညှစ်တောင်းခံသူ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေမှာ နံမည်ဆိုးနှင့် ကျော်ကြားလွန်းသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးမှုကို မကြာခဏ ခံရသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မဟာ
#MeKongNews
#တောင်ကြီးမြို့နယ်
#ရွှေတောင်ရပ်ကွက်
#စိန်ပန်းရပ်ကွက်
#စစ်မှုထမ်း
#ငွေညှစ်
#ဦးသန်းရွှေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now