နေ့စဥ်သတင်း

ရှမ်းတောင်အာလူး ထွက်ချိန် တရုတ်အာလူး ဝင်ရောက်သဖြင့် ဈေးမရ ဖြစ်နေ

မဲခေါင် 18 Jun - 2025
မဲခေါင်၊ ဇွန် ၁၈ တရုတ်အာလူးများ မြန်မာဈေးကွက်အတွင်းသို့ ဈေးချိုချိုဖြင့် ဝင်ရောက်နေသဖြင့် တောင်သူများ ထိုက်သင့်သည့် ဈေးနှုန်း မရပဲ ဖြစ်နေကြောင်း ရှမ်းတောင်အခြေစိုက် တောင်သူတို့က ပြောကြားသည်။ တရုတ်အာလူးသည် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း လမ်းကြောင်းတို့မှ တဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနေခြင်းဖြစ်သည်။ “ဒေသအာလူးပေါ်တဲ့ အချိန်မှာ တရုတ်အာလူး ဝင်လာတော့ ဈေးက အတော်ထိုးကျသွားတယ်။ ဒီမှာ အာလူး အများဆုံး ထွက်တဲ့ အချိန်ကြမှ တရုတ်က ဈေးချိုချိုနဲ့ ဝင်လာတာ” ဟု အာလူးပွဲစားတစ်ဦးက ပြောဆိုသည်။ ၂၀၂၅ ခုနှစ် မေလက ဒေသထွက် အာလူးတစ်ပိသာလျှင် ကျပ် ၂၈၀၀ သာ ရရှိခဲ့သည့်အတွက် မျိုးဝယ်စဉ်က

မဲခေါင်၊ ဇွန် ၁၈

တရုတ်အာလူးများ မြန်မာဈေးကွက်အတွင်းသို့ ဈေးချိုချိုဖြင့် ဝင်ရောက်နေသဖြင့် တောင်သူများ ထိုက်သင့်သည့် ဈေးနှုန်း မရပဲ ဖြစ်နေကြောင်း ရှမ်းတောင်အခြေစိုက် တောင်သူတို့က ပြောကြားသည်။

တရုတ်အာလူးသည် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားဒေသနှင့် ရှမ်းပြည်မြောက်ပိုင်း လမ်းကြောင်းတို့မှ တဆင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာနေခြင်းဖြစ်သည်။

“ဒေသအာလူးပေါ်တဲ့ အချိန်မှာ တရုတ်အာလူး ဝင်လာတော့ ဈေးက အတော်ထိုးကျသွားတယ်။ ဒီမှာ အာလူး အများဆုံး ထွက်တဲ့ အချိန်ကြမှ တရုတ်က ဈေးချိုချိုနဲ့ ဝင်လာတာ” ဟု အာလူးပွဲစားတစ်ဦးက ပြောဆိုသည်။

၂၀၂၅ ခုနှစ် မေလက ဒေသထွက် အာလူးတစ်ပိသာလျှင် ကျပ် ၂၈၀၀ သာ ရရှိခဲ့သည့်အတွက် မျိုးဝယ်စဉ်က တပိသာ ၈၀၀၀ ကျပ် ဝန်းကျင်နှင့် နှိုင်းလျှင် ထိုက်သင့်သည့် ဈေးနှုန်း မရရှိပဲ ဖြစ်နေကြောင်း ‌အာလူးစိုက်ပျိုးသည့် တောင်သူတို့က ဆိုထားသည်။

ဇွန်လဆန်းပိုင်းတွင် တရုတ်အာလူးဝင်ရောက်လာမှုကြောင့် ကျပ် ၂၁၀၀ အထိ ဈေးကျဆင်းသွားခဲ့ကာ ယခုရက်ပိုင်းတွင် ကျပ် ၂၅၀၀ သို့ ပြန်လည်ရောက်ရှိ‌လာနေသည် ဟု ပွဲစားတစ်ဦးက ဆိုသည်။

တရုတ်အာလူးကို ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသမှ တဆင့် အစစ်အဆေးများသည့် ကျိုင်းတုံ စစ်ဆေးရေးဂိတ်၊ တာကောတံတား တို့ကို ဖြတ်ကျော်ကာ ရှမ်းတောင် အောင်ပန်းဈေးကွက်ကို ဝင်ရောက်ပြီး တစ်နိုင်ငံလုံးကို ဖြန့်ချိနေခြင်း ဖြစ်သည်။

တရုတ်အာလူးဈေးသည် နယ်စပ်မှ တဆင့် ခရီးဝေးဖြတ်ကျော်လာရသော်လည်း ပြည်တွင်းစိုက် အာလူးဈေးနှုန်းထက် အနည်းငယ်သာ ဈေးပိုပြီး အလုံးအနေအထားကသည်လည်း တစ်ဆိုဒ်၊ တစ်ရွယ်တည်း ဖြစ်ခြင်းကြောင့် ဈေးကွက်တွင် အဆွဲများကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

စစ်ကောင်စီသည် တရားမဝင်ကုန်စည် စီးဆင်းမှုကို ဖမ်းဆီးအရေးယူနေသည်ဟု မကြာခဏ ထုတ်ပြန်ကြေညာသော်လည်း တောင်သူတို့ အကျိုးစီးပွားကို ထိခိုက်စေသည့် တရုတ်ထွက် ကြူကုတ် ကြက်သွန် နှင့် အာလူးတို့ ကို ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် ဈေးကွက်တွင် ပေါ်ပေါ်ထင်ထင် ရောင်းချနေကြဆဲ ဖြစ်သည်။

ဇွန်လ ၁၆ ရက်နေ့ ရန်ကုန်ဘုရင့်နောင်ပွဲရုံ အရောက် အာလူးဈေးနှုန်းမှာ S-2 တပိသာ ကျပ် ၂၈၀၀ ဝန်းကျင်၊ S-1 တပိသာ ၃၂၀၀ ဝန်းကျင်၊ Ok တပိသာ ကျပ် ၂၉၀၀ ဝန်းကျင် ရှိနေပြီး တရုတ်အာလူးမှာ တပိသာ ၃၃၀၀ ဝန်းကျင်တွင် ဈေးရှိနေသည် ဟု ဈေးကွက်ဖော်ပြချက်အရ သိရသည်။

ဖေသန်း
#MeKongNews
#ရှမ်းတောင်
#အာလူး
#တရုတ်အားလူး
#တရားမဝင်ကုန်စည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now