နေ့စဥ်သတင်း

လွယ်တော်ခမ်းအုပ်ချုပ်ရေးမှူးဟောင်း၏ တရားမဝင် ရွှေလုပ်ကွက်မှ စွန့်ပစ်ဓာတုရည်များ မယ်ဆိုင်ချောင်းအတွင်းသို့ စီးဝင်နေ

မဲခေါင် 17 Jun - 2025
မဲခေါင်၊ ဇွန် ၁၇ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးချစ်ဂျေ့က တရားမဝင် ရွှေနှင့်သတ္တု လုပ်ကွက် ၂ကွက်ကို လွယ်တော်ခမ်းကျေးရွာအုပ်စုအနီးတဝိုက်တွင် လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ကွက်များမှ ထွက်ရှိသည့် အာဆင်းနစ်နှင့် ဓာတုအဆိပ်သင့်ရေများမှာ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းမြောင်းများကို ဖြတ်ကျော်ကာ မယ်ဆိုင်မြစ်အတွင်း စီးဝင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဦးချစ်ဂျေ့သည် ၎င်း၏ယောက်ဖတော်စပ်သူ စန်းလုပြည်သူ့စစ်ခေါင်းဆောင် ဦးလောတာ၏ ကျောထောက်နောက်ခံဖြင့် တာချီလိတ်မြို့ရှောင်လမ်းနှင့် စမ်းလုရွာသွားလမ်းအကြားရှိ ရာဘာခြံအတွင်း တရားမဝင် ရွှေနှင့် သတ္တုတူးဖော်နေခြင်း ဖြစ်ပြီး ရွှေချက်ကန်များလည်း ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသား အင်ဂျင်နီယာနှင့် သတ္တုပညာရှင်များကိုလည်း ခေါ်ယူထားကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယင်းရွှေနှင့်သတ္တုလုပ်ကွက် ၂ကွက်မှ ထွက်လာသည့် ဓာတုစွန့်ပစ်ရေများကို

မဲခေါင်၊ ဇွန် ၁၇

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးချစ်ဂျေ့က တရားမဝင် ရွှေနှင့်သတ္တု လုပ်ကွက် ၂ကွက်ကို လွယ်တော်ခမ်းကျေးရွာအုပ်စုအနီးတဝိုက်တွင် လုပ်ကိုင်လျက်ရှိပြီး ယင်းလုပ်ကွက်များမှ ထွက်ရှိသည့် အာဆင်းနစ်နှင့် ဓာတုအဆိပ်သင့်ရေများမှာ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းမြောင်းများကို ဖြတ်ကျော်ကာ မယ်ဆိုင်မြစ်အတွင်း စီးဝင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဦးချစ်ဂျေ့သည် ၎င်း၏ယောက်ဖတော်စပ်သူ စန်းလုပြည်သူ့စစ်ခေါင်းဆောင် ဦးလောတာ၏ ကျောထောက်နောက်ခံဖြင့် တာချီလိတ်မြို့ရှောင်လမ်းနှင့် စမ်းလုရွာသွားလမ်းအကြားရှိ ရာဘာခြံအတွင်း တရားမဝင် ရွှေနှင့် သတ္တုတူးဖော်နေခြင်း ဖြစ်ပြီး ရွှေချက်ကန်များလည်း ပါဝင်ကြောင်း၊ တရုတ်နိုင်ငံသား အင်ဂျင်နီယာနှင့် သတ္တုပညာရှင်များကိုလည်း ခေါ်ယူထားကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းရွှေနှင့်သတ္တုလုပ်ကွက် ၂ကွက်မှ ထွက်လာသည့် ဓာတုစွန့်ပစ်ရေများကို စန်းလုရွာဘေးမှ စီးဆင်းလာသည့် ချောင်းအတွင်း စွန့်ပစ်ကြောင်း၊ ယင်းစွန့်ပစ်ရေများသည် တာချီလိတ် – မိုင်းဆတ်သွားကားလမ်းဘေး ရွှေလက်ပံစားသောက်ဆိုင်နှင့် နတ်စင်ကုန်းကွေ့အကြားတွင် တာချီလိတ်စည်ပင်မှ ဆောက်လုပ်ထားသည့် ရေကာတာအတွင်း ဝင်ရောက်သွားကြောင်း ဒေသခံ သတင်းရင်းမြစ်ကပြောသည်။

“စန်းလုချောင်းရောက တာချီလိတ်ရေပေးဝေရေးက ပိုက်လုံးတွေမြုပ်ထားတာ၊ ရေကာတာကလည်း ရေပေးဝေရေးအတွက်သုံးနေတာ။ တာချီလိတ်ကလူတွေ အဆိပ်ရေတွေကိုသုံးရသလိုဖြစ်နေတယ်။ အဲဒီရေပေးဝေရေးကလည်း ဦးလောတာ ကုမ္ပဏီက ကန်ထရိုက်ယူထားတာပဲဆိုတော့ အသံတိတ်နေတာ”ဟု ၎င်းက ပြောသည်။

ထို့ပြင် စွန့်ပစ်ဓာတုရေများ စီးဝင်နေသည့် ရေချောင်းသည် စန်းလုရွာလမ်းဆုံနှင့် မြို့ရှောင်လမ်းဆုံကြားတွင် ကွန်ကရစ်လမ်းကို ရေကျော်လျက်ရှိကြောင်း၊ ယင်းရေများအပေါ်မှ လူများ၊ ယာဉ်များ၊ တိရိစ္ဆာန်များ ဖြတ်သန်းသွားလာနေရကြောင်း၊ စည်ပင်ရေကာတာကို ကျော်လာသည့် ရေများသည်လည်း သဘာဝတရားရိပ်သာအနီးမှ တဆင့် ပုန်းထွန်ချောင်း (မယ်ဆိုင်ချောင်း) အတွင်းသို့ စီးဝင်လျက်ရှိကြောင်း သိရသည်။

“အခုက ထိုင်းဘက်က သူတို့နဲ့ဆက်စပ်နေတဲ့ ရေချောင်းတွေထဲ စွန့်ပစ်ဓာတုအဆိပ်ရည်တွေ ဝင်နေလို့ တောက်လျောက်ပြောနတာ။ အာဏာပိုင်တွေအနေနဲ့လည်း မျက်ကွယ်မပြုထားသင့်ဘူး” ဟု ပုန်းထွန်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ရွှေနှင့် သတ္တုများ တရားမဝင်တူးဖော်လျက်ရှိသည့် ဦးချစ်ဂျေ့နှင့် ဦးလောတာတို့မှာ အာခါလူမျိုး လုပ်ငန်းရှင်များဖြစ်ကြပြီး တာချီလိတ်မြို့ပေါ်တွင်လည်း စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်ထားသူများဖြစ်သည်။

#MeKongNews
#တာချီလိတ်
#လွယ်တော်ခမ်းကျေးရွာအုပ်စု
#စန်းလုကျေးရွာ
#ပြည်သူ့စစ်
#တရားမဝင်ရွှေတူး
#မယ်ဆိုင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now