မဲခေါင်၊ ဇွန် ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသရှိ မုံးစီးကျေးရွာအုပ်စုတစ်ခုတွင် SSPP မှ ဇွန် ၁၂ ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့သည်။
SSPP Info အရ ယင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များက တက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။
တက်ရောက်သူ ၆၀ ခန့်ရှိပြီး မြို့နယ်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ကာကွယ်ရေးတာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်ခဲ့ကာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ အမျိုးသားရေး၊ မွေးမြူရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် ပညာရေးစသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ထို့အပြင် SSPP သည် ဇွန် ၁၀ ရက်တွင် မိုင်းရယ်မြို့နယ် မိုင်းစိပ်ကျေးရွာအုပ်စုအတွင်း ပြည်သူ ၁၀၀ ကျော်နှင့် ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သလို ဇွန် ၉ ရက်တွင်လည်း မိုင်းရှူးနှင့် မိုင်းနောင်မြို့နယ်တို့ရှိ ကျေးရွာအုပ်စုများတွင်လည်း ဆွေးနွေးပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
SSPP သည် ဧပြီနှင့် မေလအတွင်းလည်း နယ်မြေအသီးသီးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခဲ့သည့် ကွတ်ခိုင်မြို့နယ်မှာ TNLA ထိန်းချုပ်ထားပြီး မိုင်းရယ်တွင် စစ်ကောင်စီတပ်များ တည်ရှိနေသည်။
#MeKongNews
#SSPP
#လူထုတွေ့ဆုံပွဲ
#ရှမ်းမြောက်
#ကွတ်ခိုင်မြို့နယ်
#မိုင်းရယ်မြို့နယ်








