နေ့စဥ်သတင်း

ငွေဈေး‌၊ ရွှေဈေး မြင့်တက်လာ၍ မတည်ငြိမ်အောင်လုပ်ဆောင်သူများကို အရေးယူမည်ဟု ဗဟိုဘဏ် ခြိမ်းခြောက်

မဲခေါင် 13 Jun - 2025
မဲခေါင်၊ ဇွန် ၁၃ ဘဏ်အကောင့်ပိတ်ခြင်း၊ ဖုန်းဆင်းကဒ်ပိတ်သိမ်းခြင်းတို့ အပါအဝင် အရေးယူမှုများဖြင့် နိုင်ငံခြားငွေ မတည်မငြိမ် ဖြစ်စေရန် လုပ်ဆောင်သူများကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ငွေကြေးလဲလှယ်မှုနှုန်း မြင့်တက်လာစဉ် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ပြိး ပြင်ပဈေးကွက်တွင် အမေရိကန်ငွေ တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၄၅၀၀ ကျော် ရောက်ရှိနေပြီး ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ကျပ်သိန်း ၈၀ နား သို့ ရောက်ရှိလာနေသည်။ ငွေကြေးမတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှု ဆောင်ရွက်နေခြင်းများအား ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့်

မဲခေါင်၊ ဇွန် ၁၃

ဘဏ်အကောင့်ပိတ်ခြင်း၊ ဖုန်းဆင်းကဒ်ပိတ်သိမ်းခြင်းတို့ အပါအဝင် အရေးယူမှုများဖြင့် နိုင်ငံခြားငွေ မတည်မငြိမ် ဖြစ်စေရန် လုပ်ဆောင်သူများကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ငွေကြေးလဲလှယ်မှုနှုန်း မြင့်တက်လာစဉ် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်ပြိး ပြင်ပဈေးကွက်တွင် အမေရိကန်ငွေ တစ်ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၄၅၀၀ ကျော် ရောက်ရှိနေပြီး ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သားလျှင် ကျပ်သိန်း ၈၀ နား သို့ ရောက်ရှိလာနေသည်။

ငွေကြေးမတည်မငြိမ် ဖြစ်စေရန် လှုံ့ဆော်မှု ဆောင်ရွက်နေခြင်းများအား ဗဟိုဘဏ်မှ စောင့်ကြည့်လျက်ရှိပြီး လှုံ့ဆော်မှုဆောင်ရွက်နေသော လူပုဂ္ဂိုလ်များနှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များ၏ Pay Account နှင့် Banking Account များအား ပိတ်သိမ်းခြင်း၊ ဖုန်း SIM Card များအား ပိတ်သိမ်း ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ပြုလုပ်မည် ဟု ချိန်းခြောက်ပြောဆိုထားသည်။

USDT အပါအဝင် နိုင်ငံခြားငွေ ကမောက်ကမဖြစ်စေရန် ရည်ရွယ်၍ Online ပေါ်တွင် ဈေးကစားခြင်း၊ မမှန်ကန်သော သတင်းများ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်များအား အရေးယူမှု ဖြစ်စဉ်များ ရှိပြီးဖြစ်သည် ဟု ဗဟိုဘဏ်က ဆိုသည်။

ဗဟိုဘဏ်၏ ငွေလဲလှယ်မှုနှုန်းထားသည် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ ဟု သတ်မှတ်ထားပြီး ဘဏ်များ၏ ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၃၆၀၀ ဝန်းကျင်တွင် ရှိနေသည်။

ပြင်ပဈေးကွက်တွင် ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းအထိ အမေရိကန်ငွေ တစ်ဒေါ်လာလျှင် ကျပ် ၄၄၀၀ ဝန်းကျင်တွင် ရှိနေရာမှ ဇွန်လ ၁၂ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၄၅၀၀ အထက်သို့ ရောက်ရှိလာနေသည် ဟု ငွေကြေးလဲလှယ်သူများက ဆိုသည်။

‌ပြည်တွင်းရွှေဈေးမှာလည်း တစ်ကျပ်သားလျှင် ကျပ် ၇၉ သိန်းကျော် အထိ ရောက်ရှိလာနေပြီး ကျပ်သိန်း ၈၀ အထက်သို့ ရောက်ရှိလာဖွယ် ရှိကြောင်း လုပ်ကိုင်နေသူတို့က ပြောကြားသည်။

ထိုသို့ ပြည်တွင်း ရွှေဈေးနှင့် ငွေဈေးနှုန်းများ မြင့်တက်လာချိန်တွင် ဗဟိုဘဏ်က ငွေကြေးမတည်ငြိမ်စေရန် လုပ်ဆောင်လျှင် ဘဏ်အကောင့်များ၊ဖုန်းဆင်းကဒ်များကို ပိတ်သိမ်း အရေးယူမည်ဟု ထုတ်ပြန်လာခြင်း ဖြစ်သည်။

ရွှေဈေးနှုန်းများ မြင့်တက်လာနေ၍ အကယ်ဒမီ ရွှေသန့်စင်လုပ်ငန်းကလည်း ဇွန်လ ၁၃ ရက်နေ့မှစတင်ကာ ယာယီခေတ္တ ပိတ်ထားမည် ဟု ထုတ်ပြန်ထားသည်။

ဖေသန်း
#MeKongNews
#ဗဟိုဘဏ်
#ငွေလဲလှယ်နှုန်း
#ဒေါ်လာဈေး
#ရွှေဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now