မဲခေါင်၊ ဇွန် ၁၀
ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် လာရောက်လေကြောင်းတိုက်ခိုက်သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA က လွန်ခဲ့သည့် မိနစ်ပိုင်းက ထုတ်ပြန်သည်။
တိုက်လေယာဉ်ပျက်ကျသည့် ဗီဒီယိုမှတ်တမ်းများထွက်ပေါ်ခဲ့သလို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲ၌ ဇွန်လ ၁၀ရက်၊ နေ့လည် ၁၂နာရီကျော်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာကို ပစ်ချနိုင်ခဲ့ကြောင်း PLA က ထုတ်ပြန်ထားသည်။
ဒေသခံများပြောပြချက်အရ စစ်ကောင်စီ၏ Y-12 တိုက်လေယာဉ်ဖြစ်နိုင်ကြောင်း သိရသည်။








