နေ့စဥ်သတင်း

ညောင်ရွှေ ကျေးရွာ ၁၁ရွာမှ စစ်ရှောင် ၆၀၀၀ကျော် အကူအညီများလိုအပ်နေ

မဲခေါင် 10 Jun - 2025
မဲခေါင်၊ ဇွန် ၁၀ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၁၁ရှိ စစ်ဘေးရှောင် ဦးရေ၆၀၀၀ခန့် အရေးပေါ်နှင့် ရေရှည်အကူအညီများ လိုအပ်နေသည်ဟု လူမှူကူညီနေသည့်အဖွဲ့များထံက သိရသည်။ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ဘက်ပိုင်းရှိ ဘုရားတောင်၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုပ်၊ အိမ်မူ၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်၊ စန့်လိတ်၊ စန့်စွဲ၊ လွယ်လုံ ကျေးရွာ ၁၁ရွာမှ စစ်ဘေးရှောင် ၆၀၀၀ ကျော်မှာ စစ်ဒဏ်၊ ရာသီဥတုဒဏ်၊ ရောဂါဘယနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်များ ထိခိုက်နေသဖြင့် အရေးပေါ်နှင့်ရေရှည်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောကြသည်။ “တောင်သူတွေဖြစ်တော့ စိုက်ပျိုးရာသီတွေမှာ မစိုက်နိုင်ကြဘူးလေ။ အလုပ်မရှိတော့ ဝင်ငွေမရှိ၊ နေ့စဥ်စားဖို့ကလည်း မလွယ်၊ အသက်ဘေးကလည်းပြေးနေရ၊ အိမ်တွေက

မဲခေါင်၊ ဇွန် ၁၀

ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ ၁၁ရှိ စစ်ဘေးရှောင် ဦးရေ၆၀၀၀ခန့် အရေးပေါ်နှင့် ရေရှည်အကူအညီများ လိုအပ်နေသည်ဟု လူမှူကူညီနေသည့်အဖွဲ့များထံက သိရသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တောင်ဘက်ပိုင်းရှိ ဘုရားတောင်၊ ရေပူ၊ ညောင်လေးပင်၊ နန်းတုပ်၊ အိမ်မူ၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်၊ စန့်လိတ်၊ စန့်စွဲ၊ လွယ်လုံ ကျေးရွာ ၁၁ရွာမှ စစ်ဘေးရှောင် ၆၀၀၀ ကျော်မှာ စစ်ဒဏ်၊ ရာသီဥတုဒဏ်၊ ရောဂါဘယနှင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်များ ထိခိုက်နေသဖြင့် အရေးပေါ်နှင့်ရေရှည်အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောကြသည်။

“တောင်သူတွေဖြစ်တော့ စိုက်ပျိုးရာသီတွေမှာ မစိုက်နိုင်ကြဘူးလေ။ အလုပ်မရှိတော့ ဝင်ငွေမရှိ၊ နေ့စဥ်စားဖို့ကလည်း မလွယ်၊ အသက်ဘေးကလည်းပြေးနေရ၊ အိမ်တွေက ပျက်စီးနေ၊ လေဒဏ် မိုးဒဏ်လည်းခံရဖို့ အမိုးအကာကအစ အလုံအလောက်မရှိ၊ ရောဂါတွေကဝင်၊ စိတ်တွေကညစ်၊ ကလေးတွေလည်း စာမသင်နိုင်နဲ့လေ စိတ်ဓာတ် တွေကျတာ”ဟု ရေပူကျေးရွာသူကြီးတစ်ဦးက ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် လွိုင်ကော်မြို့အရှေ့ခြမ်း ပါလောင်းကျေးရွာစစ်ရှောင်စခန်းတွင် ကျောင်းတက်ချင်သော်လည်း မတက်နိုင်သဖြင့်စာရေးခဲ့သည့် စစ်ရှောင်ကလေးငယ်မရှဲမယ်ဆိုသူ ငါးတန်းကျောင်းသူ တစ်ဦးမိမိကိုယ် ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည့်သတင်းက စစ်ရှောင်များအတွင်း ပျံ့နှံ့နေခဲ့သည်။

ယခု ၁၁ရွာမှ စစ်ရှောင် ၆၀၀၀ ကျော်တွင် စာသင်အရွယ် ကျောင်းသားကျောင်းသူ ၂၀၀၀ကျော်ရှိနေသည်ဟု သိရသည်။

“နိုင်သမျှတော့ ကူညီနေပေမယ့် အများကြီးလိုအပ်နေတယ်။ စား၊ ဝတ်၊ နေရေးသာမက စိတ်ဒဏ်ရာတွေရနေတဲ့ အထူးသဖြင့် သိတတ်စကလေးငယ်တွေ စိတ်ပိုင်းဖြေသိမ့်ရေး ပါ စစ်ရှောင်တွေလိုအပ်နေပြီ”ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် အင်းလေးအမျိုးသမီးသမဂ္ဂမှ ကီကီ က ဆိုသည်။

စစ်ရှောင်များကို ပြည်သူများနှင့် တော်လှန်ရေးတပ်များမှ တတ်နိုင်သမျှ ကူညီထောက်ပံ့နေကြသော်လည်း စစ်ပွဲကြာလာသည်နှင့်အမျှ အကူညြီများ လျော့နည်းလာနေသဖြင့် စစ်ရှောင်များ ပိုမိုခက်ခဲလာနေကြခြင်းဖြစ်သည်။

#MeKongNews
#ညောင်ရွှေမြို့နယ်
#စစ်ဘေးရှောင်
#အင်းလေးဒေသ
#အကူအညီလိုအပ်
#ဘုရားတောင်ကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now