နေ့စဥ်သတင်း

တာချီလိတ်မှာ နေ့ခင်းဖက် အိမ်ရှေ့ရပ်ထားသည့် ဆိုင်ကယ်၂စီး ခိုးခံရ၊ ဆိုင်ကယ်များ ဆက်တိုက်ပျောက်ဆုံးနေ

မဲခေါင် 8 Jun - 2025
မဲခေါင်၊ ဇွန် ၈ တာချီလိတ်မြို့တွင် နေ့ခင်းဘက်အချိန် မကာဟိုခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်၂စီး ခိုးခံရကြောင်း ဒေသခံများထံကသိရသည်။ ဇွန်လ၇ရက်၊ နေ့ လယ်၃နာရီခန့်တွင် အိမ်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ်၂စီးကို လူ၃ဦးမှ ခိုးယူသွားခြင်းဖြစ်ပြီး တစ်စီးမှာ ဇက်သော့ခတ်ထားပြီး တစ်စီးမှာ ဇက်သော့မခတ်ထားမိကြောင်း၊ ဆိုင်ကယ်ရပ်ထားပြီး ခဏလေးအတွင်း ခိုးယူခံရခြင်းဖြစ်ကြောင်း ခိုးယူခံရသူများနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။ ခိုးယူခံရသည့် ဆိုက်ကယ်များ၏ ဖရိန်များကို မှတ်သားထားသဖြင့် ရောင်းမှား ဝယ်မှားမဖြစ်ရအောင် သတိပေးဖော်ပြထားသည်ဟု ဆိုသည်။ ဇွန်လ ၂ရက် မနက်၅နာရီခွဲခန့်ကလည်း ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း နေအိမ်ရှေ့ သော့ခတ်ရပ်ထားသည့် ဆိုင်ကယ် အလစ်သုတ် ခိုးယူခံထားရသေးကြောင်း သိရသည်။ ခိုးယူခံရသည့်ဆိုင်ကယ်မှာ လိုင်စင်ရှိကြောင်း

မဲခေါင်၊ ဇွန် ၈

တာချီလိတ်မြို့တွင် နေ့ခင်းဘက်အချိန် မကာဟိုခမ်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်၂စီး ခိုးခံရကြောင်း ဒေသခံများထံကသိရသည်။

ဇွန်လ၇ရက်၊ နေ့ လယ်၃နာရီခန့်တွင် အိမ်ရှေ့တွင်ရပ်ထားသည့် ဆိုင်ကယ်၂စီးကို လူ၃ဦးမှ ခိုးယူသွားခြင်းဖြစ်ပြီး တစ်စီးမှာ ဇက်သော့ခတ်ထားပြီး တစ်စီးမှာ ဇက်သော့မခတ်ထားမိကြောင်း၊ ဆိုင်ကယ်ရပ်ထားပြီး ခဏလေးအတွင်း ခိုးယူခံရခြင်းဖြစ်ကြောင်း ခိုးယူခံရသူများနှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

ခိုးယူခံရသည့် ဆိုက်ကယ်များ၏ ဖရိန်များကို မှတ်သားထားသဖြင့် ရောင်းမှား ဝယ်မှားမဖြစ်ရအောင် သတိပေးဖော်ပြထားသည်ဟု ဆိုသည်။

ဇွန်လ ၂ရက် မနက်၅နာရီခွဲခန့်ကလည်း ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း နေအိမ်ရှေ့ သော့ခတ်ရပ်ထားသည့် ဆိုင်ကယ် အလစ်သုတ် ခိုးယူခံထားရသေးကြောင်း သိရသည်။ ခိုးယူခံရသည့်ဆိုင်ကယ်မှာ လိုင်စင်ရှိကြောင်း သိရသည်။

ခိုးယူခံရသည့် ဆိုင်ကယ်မှာ Honda Wave 110 ဖြူနီရောင် 24 W/55106 ဆိုင်ကယ်ဖြစ်ပြီး လိုင်စင်စာအုပ်လည်း ပါသွားကြောင်းသိရသည်။

ဇွန်၁ရက်နေ့ ညနေ ၅နာရီ ၂၀ မိနစ်ခန့်ကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)၊ ဟံသာဝတီ(၆)လမ်းရှိ နေအိမ်ဆိုင်ခန်းအတွင်း လူများရှိနေစဉ် ဆိုင်ကယ်ကို လူတစ်ဦးက ဝင်ရောက်ခိုးယူသွားခဲ့ကြောင်း သိရသည်။

မေလ ၃၁ရက်ကလည်း ပါလျံရပ်ကွက်၊ ဘုံကျောင်း အနီး အိမ်ခန်းတွင် ရပ်ထားသည့် ဆိုင်ကယ်ကို မီးမလာ၍ မီးမှောင်နေသည့် ည၈နာရီခွဲအချိန်ခန့်တွင် လူ၂ဦးမှ လာရောက်ခိုးယူသွားသည်ကို ပိုင်ရှင်မှ CCTV ရုပ်သံဖြင့် လူမှုကွန်ရက်တွင်
ဖော်ပြထားသည်။

#MeKongNews
#တာချီလိတ်
#ရှမ်းအရှေ့
#ဆိုင်ကယ်သူခိုး
#မကာဟိုခမ်းရပ်ကွက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now