မဲခေါင်၊ ဇွန် ၈
ကရင်နီနှင့် ရှမ်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီကို ခုခံတော်လှန်နေသည့် SSNDF / KNDF B- 103 မှ ရဲဘော်သစ် ၁၀၀ ခေါ်ယူနေကြောင်း သိရသည်။
ရဲဘော်သစ်များအတွက် သတ်မှတ်ထားသည့်အရည်အချင်းများမှာ အသက် ၁၈နှစ်ပြည့်ပြီးသူ၊ တာဝန်ထမ်းဆောင်နိုင်ရန်ကျန်းမာရေး အထူးကောင်းမွန်သူ၊ အထက်မှပေးအပ်သော တာဝန်နှင့် အမိန့်ကို တိကျစွာလိုက်နာနိုင်သူ၊ တော်လှန်ရေးပြီးဆုံးသည်အထိ တာဝန်ထမ်းဆောင်နိုင်ရမည့်သူများ ဖြစ်ရမည်ဖြစ်ပြီး ရာဇဝတ်မှုကင်းရှင်းရမည်ဖြစ်ကြောင်း ယင်းတပ်ရင်းမှ သိရသည်။
“ကျတော်တို့ SSNDF / KNDf B-103 မဖြစ်ခင် ကျတော်တို့တပ်ရင်း တစ်ရင်းလုံးဟာ အရင် MOD လက်အောက်က 1008 SSRY Eagle Force ဖြစ်ပြီး တိုက်ပွဲဝင်ခဲ့ပါတယ်ဗျာ့။ လက်ရှိ ကျတော်တို့ တပ်ရင်းဟာ ရှမ်းတောင်နဲ့ ကရင်နီတစ်နေရာရှိစစ်မြေပြင်တွင် တိုက်ပွဲဝင်လျက်ရှိနေပြီး တပ်ပေါ်ပေါက်ပြီးမှာပဲ တပ်ရင်း ၁၀၃ အနေနဲ့ ကျဆုံးမှု ရဲဘော်တစ်ယောက်ရှိခဲ့ပါတယ်ဂဟု SSNDF / KNDF B-103 မှ ပြန်ကြားရေးတာဝန်ခံ ကိုတီက မဲခေါင်သို့ ဇွန်လ ၇ရက်တွင် ပြောသည်။
ယင်းတပ်ရင်းမှာSSNDF/KNDF ဗျူဟာအမှတ် (၉) ၏ လက်အောက်တွင်ရှိပြီး ယခင်ရှမ်းတောင်တွင် လှုပ်ရှားခဲ့သော တပ်ရင်းများ နှင့် ဒရုန်းအဖွဲ့အား ပေါင်းစည်းကာ SSNDF / KNDF B – 101, SSNDF / KNDF B – 102, SSNDF / KNDF B – 103 များဖြင့် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
SSNDF / KNDF ဗျူဟာအမှတ် (၉) သည် မဟာမိတ်တပ်ဖွဲ့များဖြင့် ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။
ယင်းတပ်ရင်းသို့ ဆက်သွယ်လိုပါက https://www.facebook.com/share/v/1NTZVtgH4X/ နှင့် https://www.facebook.com/profile.php?id=61573656565618… တို့မှ ဆက်သွယ်နိုင်ကြောင်းသိရသည်။
မဟာ
#MeKongNews
#KNDFB103
#ရဲဘော်သစ်ခေါ်ယူ
#ရှမ်းတောင်
#ကရင်နီ








