မဲခေါင်၊ ဇွန် ၅
PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်ဒေသတွင် သဘာဝသံယာဇာတ တူးဖော်မှုနှင့် ပါက်သက်၍ ပညာရှင်များ ပါဝင်ကာ မူဝါဒရေးဆွဲနေဆဲဖြစ်ပြီး ကျောက်မြတ်ရတနာများ ပြည်ပတင်ပို့မှုကို ကိုယ်တိုင်လုပ်ဆောင်နေခြင်း မရှိကြောင်း TNLA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/TNLA မှ သတင်းစာရှင်းလင်းပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
“မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာတွေကို ပြည်ပတင်ပို့ဖို့ လုပ်ဆောင်ထားတာ မရှိသေးပါဘူး။ လုပ်ကိုင်နေသူတွေကိုယ်တိုင်ကပဲ စီမံဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” ဟု မဲခေါင်သတင်းဌာန၏ မေးမြန်းချက်ကို PSLF/TNLA ပြန်ကြားရေးတာဝန်ခံက ဖြေကြားသည်။
PSLF/TNLA ထိန်းချုပ်ထားသည့် မိုးကုတ်ဒေသတွင် သဘာဝသယံဇာတူးဖော်ထုတ်လုပ်ခြင်းနှင့် ပါတ်သတ်သည့် မူဝါဒကို ရေးဆွဲနေပြီး PSLF/TNLA၊ ရပ်ရွာတာဝန်ရှိသူများ၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များ၊ သယံဇာတတူးဖော်နေသည့် လုပ်ငန်းရှင်များ ပါဝင်သည့် ကျောက်မျက်ကော်မတီက လုပ်ဆောင်နေကြောင်း PSLF/TNLA က ပြောကြားသည်။
မိုးကုတ်ဒေသထွက် ကျောက်မျက်ရတနာများ (ပတ္တမြား)သည် နယ်စပ်လမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်နေပြီး ဈေးကွက်ဖြန့်ချိရောင်းချမှုတို့ ရှိနေသည့် အခြေအနေများကို တွေ့ရှိရသည်။
လက်ရှိ မိုးကုတ်ဒေသရှိ ကျောက်မြတ်တူးဖော်မှု လုပ်ကွက်၊ တူးဖော်ရရှိမှုမှ အခွန်အခ ရရှိနေမှုတို့ကိုမူ TNLA က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
လက်ရှိ TNLA ထိန်းချုပ်ရာဒေသတွင် ရေးဆွဲနေသည့် ကျောက်မျက်မူဝါဒမှာ မိုးကုတ်မြို့သာမ အားလုံးလွမ်းခြုံနိုင်ရန် ရည်မှန်းထားပြီး ပြီးစီးပါက လူထုသဘောထားကို ရယူမည်ဖြစ်ကြောင်း PSLF/TNLA ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
ဖေသန်း
#MeKongNews
#မိုးကုတ်
#TNLA
#ကျောက်မျက်မူဝါဒ
#ပတ္တမြားမြေ
#ပတ္တမြား








