မဲခေါင်၊ ဇွန် ၃
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ မြို့လယ်ရေကန်ထဲတွင် ငါးများ ဇွန်လ ၂ရက်က အစုအပြုံလိုက်သေဆုံးကြောင်း သိရသည်။
ယမန်နေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် ပင်လုံမြို့ရှိ မြို့လယ် ရေကန်ထဲတွင် ငါးများအစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ပွားနေတာကို ဒေသခံများ မနက်အစောပိုင်းအချိန်တွင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
“ငါးအကောင် တစ်ထောင်ကျော်မယ်။ ငါးလုပ်ငန်းဦးစီးဌာနက စစ်ဆေးကြည့်တာ အဆိပ်မိတာလို့ ပြောတယ်။ ရေမကောင်းလို့ မဟုတ်ဘူး။ စည်ပင်က ငါးတွေဆယ်ပြီး မြုပ်ပြီးပြီ” ဟု ပင်လုံမြို့ခံတစ်ဦးကပြောသည်။
ငါးများ အဆိပ်မိသေဆုံးရသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
#MeKongNews
#ပင်လုံမြို့
#ငါးအဆိပ်သင့်
#ငါးလုပ်ငန်းဦးစီး
#လွိုင်လင်








