နေ့စဥ်သတင်း

ရှမ်းပြည်သစ်တော ဖုံးလွမ်းမှု ၂၃ ရာခိုင်နှုန်းကျော်သာကျန်

မဲခေါင် 3 Jun - 2025
‌မဲခေါင်၊ ဇွန်လ ၃ ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ရှင်းလင်းခြင်း၊ သယံဇာတ အလွန်အကျွံ တူးဖော်မှု၊ စိုက်ခင်းဧက တိုးချဲ့ခြင်းတို့ကြောင့် ရှမ်းပြည်တွင် သစ်တောပြုန်းတီးမှု မြင့်မားကာ ဖုံးလွမ်းမှုသည် ၂၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။ ရှမ်းပြည် မြေအကျယ်ဧရိယာသည် ဧက ၃၈ သန်းကျော် ရှိသော်လည်း သစ်တောဖုံးလွှမ်းမှု သည် ဧက ၉ သန်းကျော်သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။ မြေပုံဒေတာ အချက်အလက်များအရ ၁၉၇၅ ခုနှစ်က ရှမ်းပြည်မြေဧရိယာ ၉၀ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွမ်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတေ့ာခြင်းဖြစ်သည်။

‌မဲခေါင်၊ ဇွန်လ ၃

ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ရှင်းလင်းခြင်း၊ သယံဇာတ အလွန်အကျွံ တူးဖော်မှု၊ စိုက်ခင်းဧက တိုးချဲ့ခြင်းတို့ကြောင့် ရှမ်းပြည်တွင် သစ်တောပြုန်းတီးမှု မြင့်မားကာ ဖုံးလွမ်းမှုသည် ၂၃ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။

ရှမ်းပြည် မြေအကျယ်ဧရိယာသည် ဧက ၃၈ သန်းကျော် ရှိသော်လည်း သစ်တောဖုံးလွှမ်းမှု သည် ဧက ၉ သန်းကျော်သာ ကျန်ရှိတော့ကြောင်း ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ သစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

မြေပုံဒေတာ အချက်အလက်များအရ ၁၉၇၅ ခုနှစ်က ရှမ်းပြည်မြေဧရိယာ ၉၀ ရာခိုင်နှုန်းသည် သစ်တောများ ဖုံးလွမ်းခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် ၂၃ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတေ့ာခြင်းဖြစ်သည်။

ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်း/ခုတ်ထွင်ခြင်း နှင့် မီးရှို့ခြင်း၊ သယံဇာတသတ္တုတူးဖော်မှု အလွန်အကျွံ ထုတ်ယူခြင်း၊ သစ်တောသစ်ပင်ကြီးများကို ခုတ်ထွင်ပြီး ရော်ဘာ၊ လက်ဖက်၊ ဆီအုန်း ကဲ့သို့သော စိုက်ပျိုးရေးအတွက် စိုက်ခင်းအများအပြားပေးခြင်း၊ တရားမဝင် သစ်ကုန်သည်များနှင့် လက်ရှိပဋိပက္ခအခြေအနေတွင် ကောင်းမွန်သည့် အုပ်ချုပ်မှုမရှိခြင်းတို့က ရှမ်းပြည်ရှိ သစ်တောပြုန်းတီးမှု မြင့်မားလာရခြင်း၏ အဓိက လက်သည်များဖြစ်ကြောင်း ရှမ်းပြည်ဒေသခံ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

၂၀၂၅ ခုနှစ် မြန်မာနိုင်ငံသစ်တောဖုံးလွမ်းမှုဆိုင်ရာ အချက်အလက်အရ ရှမ်းပြည် မြေဧရိယာ အကျယ်အဝန်းသည် ဧက ၃၈ သန်းကျော် ဧက ရှိပြီး သစ်တောဖုံးလွမ်းမှု ၇၀ ရာခိုင်နှုန်း အထက်ရှိသည့် ရွက်အုပ်ပိတ်တော် – Close Forest ဧက ၃ သန်းကျော်နှင့် သစ်တောဖုံးလွမ်းမှု ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိရှိသည့် ရွက်အုပ်ပွင့်တော – Open Forest ဧက ၆ သန်းကျော်သာ ကျန်ရှိနေတော့ကြောင်း မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သစ်တောအဖြစ် သတ်မှတ်ထား၍ မရတော့သည့် Other Wooded Land မှာ ဧက ၁၇.၆ သန်းအထိ ရှိလာနေပြီး သစ်တောမရှိတော့သည့် တခြားမြေဧက မှာ ၁၁.၄ သန်းကျော် ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

“တောင်ကြီးမြို့နယ်က စိုးရိမ်စရာပါ။ Other Wooded Land တွေမှာ သစ်တောဂေဟစနစ် ပြန်ဖုံးလွမ်းဖို့ လိုတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ၎င်း၏ အမြင်ကို မျှဝေသည်။

ရှမ်းပြည် ‌အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသတချို့တွင်သာ သစ်တောတချို့ ကျန်ရှိနေပြီး ရှမ်းပြည်တောင်ပိုင်းဒေသတွင် သစ်တောဟု ယူဆ၍မရတော့သည့် နေရာအများစု ဖြစ်လာနေသည်ကို မြေပုံဖော်ပြချက်အရ တွေ့ရှိရသည်။

နှစ်ပေါင်း ၅၀ အတွင်း ရှမ်းပြည် သစ်တောမြေ ဧရိယာ ၇၅ ရာခိုင်နှုန်းခန့်မှာ ပျောက်ကွယ်သွားသည့် အခြေအနေကို မြင်တွေ့ရသည်။

“အဓိကကတော့ သတ္ထုတူးဖော်မူ့ကြောင့် ပိုပြီး ဆိုးမယ်လို့ ယူဆပါတယ်။ ရေအရင်းအမြစ်တွေ၊ ရေဦးရေထွက်တွေကို ထိခိုက်နိုင်ပါတယ်” ဟု ရှမ်းပြည်ဒေသခံ ပတ်ဝန်းကျင်ရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။

သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ရိုးရာတောင်ယာစိုက်ပျိုးမှုအစား သစ်တောရောနှော စိုက်ပျိုးရေး ပုံစံကို ပြောင်းရန် အာဏာပိုင်များက စနစ်တကျဆောင်ရွက်ပေးခြင်း၊ သဘာဝ သစ်တောနယ်‌မြေများ ကို စနစ်တကျ ထိန်းသိမ်းရန်လိုအပ်သလို သစ်တောထိန်းသိမ်း နယ်မြေများကို အများပြည်သူ၊ ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုများနှင့် တိုင်ပင်ပြီး ကိုယ်တိုင်ပါဝင်သည့် ထိန်းသိမ်သစ်တော နယ်မြေအဖြစ်သေခြာသတ်မှတ်ခြင်း၊ EAOs ထိန်းချုပ်ဧရိယာ အတွင်း ကျရောက်နေသည့် သစ်တောနယ်မြေများကို EAOs များကိုယ်တိုင် စီမံခန့်ခွဲနိုင်ပြီး ဒေသနေလူထုအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ လုပ်ဆောင်သင့်ကြောင်း ကျွမ်းကျင်သူများက အဆိုပြုထားသည်။

မြန်မာနိုင်ငံမြေဧရိယာ စုစုပေါင်းသည်လည်း ဧက ၁၆၇ သန်းကျော် ရှိပြီး ရွက်အုပ်ပိတ်တော – Close forest ဧက ၁၅ သန်းကျော်၊ ရွက်အုပ်ပွင့်တော – Open Forest ဧက ၄၃ သန်းကျော်သာ ကျန်ရှိတော့သည်ဖြစ်ရာ နိုင်ငံတဝှမ်းသစ်တောဖုံးလွမ်းမှုသည်လည်း ၃၄ ရာခိုင်နှုန်းကျော်သာ ကျန်ရှိတော့သည်။

ဖေသန်း
#MeKongNews
#ရှမ်းပြည်
#သစ်တောဖုံးလွှမ်းမှု
#သစ်တောပြုန်းတီးမှု
#ပတ်ဝန်းကျင်ထိန်းသိမ်းရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now