နေ့စဥ်သတင်း

SSPP နှင့် ဟန်နားတိုက်ပွဲ MNDAA က သေဆုံးမှုရှိ

မဲခေါင် 1 Jun - 2025
မဲခေါင်၊ ဇွန် ၁ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု အနီး နားလိုင်ရွာအထွက် SSPP နှင့် MNDAA တပ်ဖွဲ့တို့ ယနေ့ ဇွန်လ ၁ရက်နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ ၈ ဦးသေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။ မဲခေါင်က ဆက်သွယ်ရရှိသည့် ဒေသခံ၏ ပြောဆိုချက်အရ SSPP နှင့် MNDAA တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ အနည်းဆုံး ၅ဦး သေဆုံးကြောင်း သိရသည်။ “SSPP က ကုန်းပေါ်မှာ အရင်ကတည်းက တပ်စွဲထားတာ၊ ကိုးကန့်က အောက်က ရွာမှာ ၅၀ လောက်ရှိတယ်။ SSPP

မဲခေါင်၊ ဇွန် ၁

လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာအုပ်စု အနီး နားလိုင်ရွာအထွက် SSPP နှင့် MNDAA တပ်ဖွဲ့တို့ ယနေ့ ဇွန်လ ၁ရက်နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ ၈ ဦးသေဆုံးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မဲခေါင်က ဆက်သွယ်ရရှိသည့် ဒေသခံ၏ ပြောဆိုချက်အရ SSPP နှင့် MNDAA တို့ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး MNDAA ဘက်မှ အနည်းဆုံး ၅ဦး သေဆုံးကြောင်း သိရသည်။

“SSPP က ကုန်းပေါ်မှာ အရင်ကတည်းက တပ်စွဲထားတာ၊ ကိုးကန့်က အောက်က ရွာမှာ ၅၀ လောက်ရှိတယ်။ SSPP က အောက်ဆင်းပြီး လမ်းမကြီးပေါ်သွားဖို့လုပ်တာ ခွင့်မပြုဘဲတောထဲက သွားခိုင်းရာကနေ MNDAAက စပစ်တာ၊ ဒရုန်းတော့မပါဘူး။ လက်နက်ကြီးလက်နက်ငယ်တော့ ပစ်တယ်။ MNDAA ဘက်က ၅ယောက်သေတယ်။ ဒီထက်လည်း ပိုနိုင်တယ်။ ၂ ခါဖြစ်တာပေါ့၊ ဖြစ်တာက မိနစ်၃၀ လောက်ပဲရှိတယ်။ ခုတော့ SSPP လည်းသူ့နေရာ ပြန်နေပြီ အင်အားတွေကတော့ နှစ်ဖက်လုံး ဖြည့်နေတာပဲ၊ ရာချီနေပြီ၊ တိုက်ပွဲဆက်ဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။

ယနေ့ ဇွန်လ ၁ ရက်၊  မွန်းလွဲပိုင်း ၁ နာရီချိန်မှ ၂ နာရီခွဲဝန်းကျင်တွင် နားလိုင်ကျေးရွာအနောက်ဘက် ရွာအထွက်လမ်းကို SSPP စစ်ကြောင်းထွက်နေချိန်  MNDAA တပ်မ အမှတ် ၆၁၁ လက် အောက် ခံတပ်က ခြုံခိုဝင်ရောက်တိုက်ခိုက်သဖြင့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားပြီး ကိုးကန့်ဘက်မှာ တပ်သား ၈ ဦးကျဆုံးပြီး၊ ဒဏ်ရာရရှိသူရှိကြောင်း ဒေသခံ၏ ပြောဆိုချက်ကို ကိုးကားပြီး SSPP Info က ဖော်ပြသည်။

ဆက်လက်၍  ၄ နာရီချိန်တွင် ဟန်နားကျေးရွာမှာလည်း ကိုကန့်ဘက်မှာ ထပ်ပြီးထိုးစစ်ဆင်ခဲ့သဖြင့် တိုက်ပွဲဆက်ဖြစ်သည်ဟု  ဟန်နားဒေသခံ တစ်ဦးက ပြောသည်ဟု ပါရှိသည်။

“နားလိုင်ကျေးရွာရဲ့ အနောက်ဘက်မှာ စတင်ဖြစ်ပွားခဲ့တယ်။ ဟန်နားကျေးရွာ တစ်ကြိမ်ထပ်ဖြစ်တယ်။ ရှမ်းတပ်ဖွဲ့ နှင့် ကိုးကန့်တပ်ဖွဲ့ အပြန်အလှန် အင်အားတွေဖြည့်နေကြတယ်။ အခြေနေတော့ စစ်ရေးတင်းမာနေတယ်။ ဟန်နားအုပ်စုဒေသမှာ MNDAA ဘက်မှာ အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့လည်း တပ်ရင်း ၂ ရင်းလောက် သွားလာလုပ်ရှားနေတယ်လို့” ဟု SSPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့တိုက်ပွဲဖြစ်မှုကြောင့် နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာစသည့်ရွာလူထုများ  တိုက်ပွဲကင်းသည့်နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ၂၉ ရက်နေ့တွင်လည်း သီပေါမြို့နယ်၊ နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPPတပ်စခန်းကို ဖယ်ရှားရန် MNDAAဘက်မှ ၀င်ရောက်မောင်းထုတ်သည့် အတွက် နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

မဟာ
#MeKongNews
#SSPP
#MNDAA
#ဟန်နား
#စစ်ရေးတင်းမာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now