နေ့စဥ်သတင်း

လားရှိုးတွင် သေနတ်ပြလုယက်မှုများ ဆက်တိုက်ဖြစ်နေ၊ ရဲဝတ်စုံဖြင့် ဆိုင်ကယ်လုယက်မှုလည်းရှိ

မဲခေါင် 29 May - 2025
မဲခေါင်၊ မေ၂၉ စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးနောက် ဒုစရိုက်မှုများ ပေါများလာသည့် လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်ပြလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိသည်။ ယန့်မေလ ၂၉ ရက် နံနက်အစောပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက် ၅၊ အောင်မင်္ဂလာဈေးမှ ပြန်လာသည့်အမျိုးသမီးတစ်ဦးကို အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသား ၂ ဦးက ရှေ့မှပိတ်ရပ်ပြီး ဆွဲကြိုး၊ လက်စွပ် ၂ကွင်းနှင့်ဖုန်းကို လုယက်သွားကြောင်း သိရသည်။ “၂ ယောက်လုံးက အနက်ရောင်ဝတ်စုံဝတ်ထားတယ်။ တစ်ယောက်ကတော့ သေနတ်အတို ခါးမှာညှပ်ထားတယ်။ နောက်တစ်ယောက်တော့ သေနတ်မပါဘူး၊ ဓားတစ်လက်ပါတယ်။ ကျမ ဆွဲထားတဲ့ ဆွဲကြိုးဖြုတ်ပေးလိုက်ရတယ်။ လက်စွပ်နဲ့ ဖုန်းလဲပါသွားတယ်။ ပိုက်ဆံတော့ ၅ သောင်းလောက်ပဲ ပါသွားတယ်”ဟု လုယက်ခံရသူနှင့်

မဲခေါင်၊ မေ၂၉

စစ်ကောင်စီပြန်လည်ဝင်ရောက်လာပြီးနောက် ဒုစရိုက်မှုများ ပေါများလာသည့် လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်ပြလုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိသည်။

ယန့်မေလ ၂၉ ရက် နံနက်အစောပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက် ၅၊ အောင်မင်္ဂလာဈေးမှ ပြန်လာသည့်အမျိုးသမီးတစ်ဦးကို အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသား ၂ ဦးက ရှေ့မှပိတ်ရပ်ပြီး ဆွဲကြိုး၊ လက်စွပ် ၂ကွင်းနှင့်ဖုန်းကို လုယက်သွားကြောင်း သိရသည်။

“၂ ယောက်လုံးက အနက်ရောင်ဝတ်စုံဝတ်ထားတယ်။ တစ်ယောက်ကတော့ သေနတ်အတို ခါးမှာညှပ်ထားတယ်။ နောက်တစ်ယောက်တော့ သေနတ်မပါဘူး၊ ဓားတစ်လက်ပါတယ်။ ကျမ ဆွဲထားတဲ့ ဆွဲကြိုးဖြုတ်ပေးလိုက်ရတယ်။ လက်စွပ်နဲ့ ဖုန်းလဲပါသွားတယ်။ ပိုက်ဆံတော့ ၅ သောင်းလောက်ပဲ ပါသွားတယ်”ဟု လုယက်ခံရသူနှင့် နီးစပ်သူက ပြောသည်။

မေလ၂၈ရက်၊ နေ့လယ် ၁နာရီခွဲဝန်းကျင်ကလည်း ရပ်ကွက် ၁၂၊ ခိုလောင်း တရုတ်ကျောင်းလမ်းရှိ ကားဘော်ဒီရုံတွင် ပြုပြင်နေသည့် Landcruiser အနက်ရောင် တစ်စီးနှင့် Crown အဖြူရောင် တစ်စီးကို ကားတစ်စီးဖြင့် ရောက်လာသည့် လူ ၃ဦးက သေနတ်ကိုင်ခြိမ်းခြောက်ကာ လုယက်သွားသည်။

လုယက်ယူဆောင်သွားသည့် ကားများကို လေယာဥ်ကွင်းလမ်းမှ နမ္မတူဘက်အထွက် သို့ မောင်းပြေးသွားကြသည်ဟု ဖြစ်စဥ်ကို သေချာသိသူ တစ်ဦးက မဲခေါင်သို့ မေ၂၈ရက် ညနေပိုင်း တွင်ပြောသည်။

“မိတ်ဆွေတွေကားဗျ။ ဘော်ဒီရုံ မှာ ခဏလုပ်နေတုန်း ကားနဲ့ လာတာ၊ သေနတ်အတိုတွေနဲ့ အသက် ၃၀ ဝန်းကျင်တွေ၊ တရုတ်နဲ့တူတယ်။ အသားဖြူတယ်၊ ဗမာစကားပဲပြောတယ်။ သေနတ်နဲ့ချိန် သော့တောင်းပြီး တစ် ယောက်တစ်စီးမောင်းပြေးတာပဲ” ဟု ၎င်းက ပြောသည်။

ရဲစခန်းသို့ အကြောင်းကြားထားသော်လည်း ရဲများကိုယ်တိုင် အပြင်မထွက်ရဲသလို စစ်တပ်တွင်လည်း တိုင်းမှူးကအစ လားရှိူးတက္ကသိုလ်တွင်သာ ရှိနေပြီး မြို့လုံခြုံရေးအတွက် မည်သည့် အစီအမံမျှ လုပ်ဆောင်ပေးခြင်းကြောင်း၊ ယင်းကြောင့် ဓား ပြတိုက် လုယက်သူများက ရဲစခန်းရှေ့ဖုန်းဆိုင်ကို ဓားပြတိုက်သည်အထိ အတင့်ရဲနေ ကြောင်း မြို့နေလူထုက ဝေဖန်လျက်ရှိသည်။

“မနက်ပိုင်းကလည်း ရဲဝတ်စုံနဲ့ ဆိုင်ကယ်လုတာရှိတယ်။ ဟိုတလောကလည်း ရဲဝတ်စုံဝတ်တွေနဲ့ လုသွားတာရှိသေးတယ်။ အခုက အပြင်မှာ ရဲတွေ့ရင်တောင် ရဲအစစ်မဖြစ်နိုင်ဘူး။ ကျနော်တို့ကိုဘယ်သူကမှ အကာအကွယ်မပေးနိုင်လို့ အထူးသတိထား သွားလာနေထိုင်ကြရမှာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

ယင်းသို့ လုယက်မှုများ တောက်လျှောက်ဖြစ်ပွားနေသော်လည်း တစ်မှုမျှ ဖမ်းဆီးရမိမရှိသေးဘဲ ရဲများက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို သာစပီကာဖြင့် လှည့်လည်သတိပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ လားရှိုးကို ပြန်လည်တာဝန်ယူသည့် ဧပြီလ၂၂ရက်မှ ယခုအထိ လုယက်သူများက ဓား၊ သေနတ်တို့ဖြင့်လမ်းပေါ်တွင် နေ့ခင်းကြောင် တောင်လုယက်နေသည်သာမက အိမ်အတွင်းထိ ဝင်ရောက် အကြမ်းဖက် လုယက်မှုများလည်း ရှိခဲ့ပြီး အမှုပေါင်း ၂၀ ကျော်ရှိခဲ့ပြီးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

မဟာ
#MeKongNews
#လားရှိုး
#လုယက်မှု
#စစ်ကောင်စီ
#အောင်မင်္ဂလာဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now