နေ့စဥ်သတင်း

ပိုမိုဆိုးရွာလာသည့် တောင်ကြီးမြို့ရေကြီးမှုနှင့် အဖြေမဲ့နေဆဲ စည်ပင်

မဲခေါင် 25 May - 2025
မဲခေါင်၊ မေ ၂၄ တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၃ ခန့်ကစပြီး မိုးရာသီတိုင်း ရေကြီးရေလျှံမှုပြဿနာမှာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာပြီး ယခုနှစ်တွင် မိုးရာသီ မဝင်မီကပင် ရေကြီးနေပြီဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၅ရက် ညနေပိုင်းက နာရီပိုင်းခန့် မိုးရွာသွန်းပြီးနောက် ဦးကြီးခမ်း၊ ပြည်တော်သာ၊ ရတနာသီရိရပ်ကွက်တို့ရှိ ရေချောင်းတလျှောက်တွင် ရေကြီးခြင်းကြောင့် လမ်းပေါ်ရေလျှံပြီး အပျက်အစီးများနှင့်အတူ လူထိခိုက်မှုလည်း အနည်းအကျဥ်းလည်းရှိခဲ့သည်။ သီးသန့်ရဲစခန်းတိုက်တန်း မျက်နှာချင်းဆိုင်၊ ဗိုလ်ချုပ်လမ်းမကြီး(မိန်းလမ်း)မှ အနောက်မြို့ပတ်လမ်းအထိ လမ်းပေါက်သော ဦးကြီးခမ်းရပ်ကွက် ဂုဏ်ထူးလမ်းတလျှောက် ကန့်လန့်ဖြတ်စီးနေသော ရေချောင်းမှတဆင့် ရေများ လမ်းမပေါ်နှင့် လမ်းတလျှောက်လုံးရှိ နေအိမ်တွေထဲအထိ လျှံတက်ကာ အုတ်တံတိုင်းပြိုကျခြင်း၊ ကား၊ ဆိုင်ကယ်များမျောပါခြင်း၊ Aurora လက်ဖက်ရည်ဆိုင်တွင် စားသုံးသူများပိတ်မိခြင်း၊ ခြေထောက်သံဆူးသူအပါအဝင်

မဲခေါင်၊ မေ ၂၄

တောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် ၂၀၁၃ ခန့်ကစပြီး မိုးရာသီတိုင်း ရေကြီးရေလျှံမှုပြဿနာမှာ တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာပြီး ယခုနှစ်တွင် မိုးရာသီ မဝင်မီကပင် ရေကြီးနေပြီဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၅ရက် ညနေပိုင်းက နာရီပိုင်းခန့် မိုးရွာသွန်းပြီးနောက် ဦးကြီးခမ်း၊ ပြည်တော်သာ၊ ရတနာသီရိရပ်ကွက်တို့ရှိ ရေချောင်းတလျှောက်တွင် ရေကြီးခြင်းကြောင့် လမ်းပေါ်ရေလျှံပြီး အပျက်အစီးများနှင့်အတူ လူထိခိုက်မှုလည်း အနည်းအကျဥ်းလည်းရှိခဲ့သည်။

သီးသန့်ရဲစခန်းတိုက်တန်း မျက်နှာချင်းဆိုင်၊ ဗိုလ်ချုပ်လမ်းမကြီး(မိန်းလမ်း)မှ အနောက်မြို့ပတ်လမ်းအထိ လမ်းပေါက်သော ဦးကြီးခမ်းရပ်ကွက် ဂုဏ်ထူးလမ်းတလျှောက် ကန့်လန့်ဖြတ်စီးနေသော ရေချောင်းမှတဆင့် ရေများ လမ်းမပေါ်နှင့် လမ်းတလျှောက်လုံးရှိ နေအိမ်တွေထဲအထိ လျှံတက်ကာ အုတ်တံတိုင်းပြိုကျခြင်း၊ ကား၊ ဆိုင်ကယ်များမျောပါခြင်း၊ Aurora လက်ဖက်ရည်ဆိုင်တွင် စားသုံးသူများပိတ်မိခြင်း၊ ခြေထောက်သံဆူးသူအပါအဝင် ဒဏ်ရာရသူ ၂ ဦးလည်း ရှိခဲ့ကြောင်း ကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သော ကြက်ခြေနီအသင်းထံမှသိရသည်။

မြို့နယ်စည်ပင်နှင့် ဌာနဆိုင်ရာများလာကြည့်သွားပြီးနောက် စည်ပင်က ဂုဏ်ထူးလမ်း ချောင်းဘေးက ပြိုကျသွားတဲ့အုတ်တံတိုင်းကာရန် သဲအိတ် ၂၅၀ သာလာချပေးသော်လည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးကလည်း အထက်အမိန့်မရသေးဟုဆိုကာ ပြန်လည်ပြုပြင်ပေးခြင်း မရှိခဲ့ကြောင်း သိရသည်။

“မြို့နယ်ကနေ အဖွဲ့စုံ အကုန်ဆင်းလာကြည့်တာ၊ လမ်းကြောင်းယူပြီး လာတာ၊ အဲ့လိုလာကြည့်ပြီး သဲအိတ်လေးပဲ ချပေးသွားလို့ ဒီနေ့ထပ်ဖြစ်တာပါ။ ၁၅ရက်နေ့ ရေကြီးပြီးတော့ ဒီကြားထဲ တစ်ပတ်လောက်အချိန်ရတာကို အထက်အမိန့်စောင့်တယ်ဆိုပြီး ဒီတိုင်းထိုင်နေကြတာ” ဟု ဦးကြီးခမ်းရပ်ကွက်နေ ဒေသခံတစ်ဦးက မေလ ၂၄ရက်က ပြောသည်။

မေလ ၂၄ ရက် မိုးထပ်ရွာချိန်တွင် ယာယီကာထားသော  သဲအိတ်များ ရေစီးအားကြောင့် ပွင့်ထွက်ကုန်ပြီး ဂုဏ်ထူးလမ်းနှင့် နှင်းဆီလမ်းတလျှောက် ရေကြီးမှုထပ်မံဖြစ်ပွားနေသည်။

ထိုချောင်းစီးဆင်းရာတလျှောက် ဦးကြီးခမ်းရပ်ကွက်နှင့်ကပ်လျက် ရပ်ကွက်များဖြစ်သည့် ပြည်တော်သာ၊ ရတနာသီရိနှင့် ညောင်ပင်သာရပ်ကွက်တို့မှာလည်း အလားတူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုချောင်းတလျှောက် ရေကြီးမှုသည် မြို့နယ်စည်ပင်နှင့် အမှိုက်သိမ်းစနစ်အား နှစ် ၂၀ စာချုပ်ဖြင့် ကန်ထရိုက်ယူထားသော မွှေးတောင်ကြီး ကုမ္ပဏီ၏ အမှိုက်သိမ်းစနစ် ညံ့ဖျင်းမှုကြောင့်ဖြစ်သည် ဒေသခံများက ဝေဖန်သည်။

မွှေးတောင်ကြီး ကုမ္ပဏီသည် အိမ်တိုင်ရာရောက် အမှိုက်သိမ်းသည့်စနစ်ကို ပီပြင်စွာမလုပ်နိုင်ခြင်း၊ သတ်မှတ်ဈေးနှုန်းအတိအကျမရှိဘဲ မကြာခဏ ဈေးအပြောင်းအလဲပြုလုပ်ခြင်း၊ အမှိုက်သိမ်းခအား ဝန်ထမ်းများမှ ထင်သလိုကောက်ယူခြင်း၊ ရက်မှန်မှန် လာမသိမ်းနိုင်ခြင်းအပြင် မြို့တွင်းက သတ်မှတ်အမှိုက်ကန်များတွင် ကိုယ်တိုင်သွားစွန့်လျှင်လည်း အမှိုက်တအိတ်လျှင် ပစ်ခ ၅၀၀ မှ ၁၅၀၀ ခန့်အထိတောင်းယူခြင်းတို့ကြောင့် အမှိုက်များကို ရေနှုတ်မြောင်းများ၊ ရေချောင်းများတွင် အမှိုက်ခိုးပစ်လာပြီး ရေစီးရေလာပိတ်ဆို့လာရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ကျမတို့လမ်းဘက်က အမှိုက်ကားလုံးဝမလာတော့ ချောင်းထဲပဲလာပစ်ကြတာ။ စာကပ်လဲမရ၊ မတွေ့အောင်ခိုးပြီးလာပစ်ကြတာ။ ပြည်တော်သာဘက်က ချောင်းတွေက မြင့်တော့မသိသာဘူး။ ဦးကြီးခမ်းနားက ချောင်းတွေက တအားနိမ့်တော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာ။ ရှာသမျှလည်း အိမ်ပြင်ရတာနဲ့ကုန်တာပဲ” ဟု ဦးကြီးခမ်းရပ်၊ ခရေလမ်းတွင်နေထိုင်သူ တစ်ဦးက ဆိုသည်။

ယင်းနေရာမျးအပြင် ကန်ရှေ့ရပ်၊ သံလွင်လမ်းတလျှောက် မြို့မဈေးအနီး ဆိုင်ကယ်ရပ်နားရာ(ဠင်းတကုန်း)၊ လမ်းမတော်ရပ်၊ မြို့လယ်ဓမ္မာရုံလမ်းကြားတို့မှာလည်း ခါးလယ်ခန့်ထိ ရေမြုပ်မှုများဖြစ်ခဲ့သည်။ ထိုသို့ရေကြီးနစ်မြုပ်မှုများအတွက် အမှိုက်ကြောင့်သာမက မြို့နယ်စည်ပင်၏ မြောင်းစနစ်ညံ့ဖျင်းမှု၊ ရေနုတ်မြောင်းနေရာပင်မချန် အဆောက်အအုံ ဆောက်လုပ်ခွင့်အား လာဘ်ထိုးငွေရရင်ရသကဲ့သို မသိကျေးကျွန်ပြု ခွင့်ပြုထားမှုတို့ကြောင့်ပင်ဖြစ်ကြောင်း မြို့နေလူထုက ထောက်ပြသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စည်ပင်က ထိုရေချောင်းများတွင် အမှိုက်ဆယ်ပေးခြင်း လုံးဝမရှိတော့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က ၂၀၂၀ ဧပြီလအထိ တောင်ကြီးမြို့ပေါ်ချောင်း၊ ရေနုတ်မြောင်း၊ ရေပြွန်များအား အမှိုက်ဆယ်ပေးခြင်းလုပ်ငန်းကို  မြို့နယ်စည်ပင်က တစ်နှစ်လျှင် ၃ကြိမ်၊ မိုးရာသီမစမီ ဧပြီလကုန်တိုင်း ပြုလုပ်ပေးခဲ့ပြီး မိုးရာသီအကုန် အောက်တိုဘာလတွင် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် ပြုလုပ်ပေးလေ့ရှိကြောင်း တောင်ကြီးမြို့နယ်စည်ပင်မှ ပြောင်းရွှေ့အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။

အပင်ခုတ်ကာမြေချဲ့ထွင်ခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကွန်ကရစ်ခင်းခြင်းတို့ကြောင့် မြေအောက်ရေ စိမ့်ဝင်ရန်နေမြေနေရာ နည်းလာခြင်းတို့ကြောင့် ရေကြီးမှုပြဿနာသည် မီးခိုးကြွက်လျှောက်လိုက်လာပြီး တောင်ပေါ်မြို့သည် ယခင်နှင့်မတူ နွေတွင်ရေရှားလာကာ မိုးတွင်ရေကြီးမှုများ ဖြစ်လာရခြင်းဖြစ်သည်ဟု ထောက်ပြသူများလည်းရှိသည်။

“လူမညီတာလည်းပါတယ်။ အိမ်တွေဆောက်ကြရင်ချောင်းဘက်ကိုမြေကခိုးသေး၊ ချောင်းက ကျဉ်းကျဉ်းလာတာ၊ စည်ပင်တိုင်လည်းမထူးဘူး။ ပိုက်ဆံနဲ့ညှိထားတယ်နေမှာပေါ့။ အိမ်ရှေ့အိမ်က ရေဆင်းတဲ့မြောင်း သေးသေးလေးမို့ မြှင့်ပေးဖို့ပြောတာကို သူတို့နဲ့မဆိုင်ဘူးပြောတာ။ သူတို့မြောင်းက လက်တစ်ထွာလောက်ပဲမြင့်တော့ မိုးရွာရင် အဲ့ကရေတွေကတက်ပြီး ဘေးအိမ်တွေထဲဝင်ကုန်တယ်။ တစ်လမ်းလုံးမှာသူ့တစ်အိမ်ထဲမဝင်တာလေ” ဟု ဦးကြီးခမ်းရပ်ကွက် ချောင်းဘေးကပ်လျက်နေသူ ဒေသခံတစ်ဦးက မဲခေါင်ကိုပြောပြသည်။

NLD အစိုးရလက်ထက်က တောင်ကြီးမြို့ ရေနုတ်မြောင်းများစီးဆင်းပုံအား အသေးစိတ် တွက်ချက် ခဲ့ဖူးသည်။ ဘုရားဖြူရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း တောင်ကြီးအေးသာယာအဆင်းလမ်း တိရစ္ဆာန်ရုံမှ စဝ်စံထွန်းရပ်ကွက်ကို ဖြတ်သန်းဖောက်လုပ်ခဲ့သော ရေနုတ်မြောင်းကြီးကြောင့် မြို့မြောက်ဘက်ပိုင်း ကရင်မရေထွက်အနီး ရေကြီးမှု သက်သာသွားခဲ့သည်။

သို့သော်လည်း အရပ်သားအစိုးရလက်ထက်က တစ်မြို့လုံးစာ မပြုပြင်နိုင်ခဲ့သလို စစ်ကောင်စီလက်ထပ်မှာမူ ပို၍ပင်ဆိုးနေသည်။

မေလ ၉ ရက်နေ့က တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီက Shan Echo Media အားခေါ်ယူပြီး ယခုနှစ်အတွင်း တောင်ကြီးမြို့ပေါ်  ရေကြီးရေလျှံမှုမဖြစ်စေရန် ကြိုတင်ဆောင်ရွက်ထားမှုများအား ရှင်းလင်းပွဲအသေးစားပြုလုပ်ကာ Live လွှင့်ဖြေကြားခဲ့သည်။ ထိုသို့ ရှင်းလင်းပြီး ၆ရက်အကြာ မေလ ၁၅ရက်တွင် တစ်ကြိမ်၊ ၁၅ရက်အကြာ မေလ ၂၄ရက်တွင်တစ်ကြိမ် တောင်ကြီးမြို့တွင် ရေကြီးခဲ့သည်။

တောင်ကြီးမြို့သည် ကိုလိုနီလက်ထက်က ရာသီဥတုအပြင် ရေစီးရေလာစနစ်ကောင်းမွန်ခြင်း၊ သဘာဝရေထွက်များရှိခြင်းတို့ကြောင့် အင်္ဂလိပ်တို့ အခြေချရန်မျက်စိကျခဲ့ရသည့် မြို့ဖြစ်ခဲ့သလို ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် 2020 AFT အခမ်းအနားတွင် အာဆီယံနိုင်ငံများတွင် ဒုတိယအသန့်ရှင်းဆုံးမြို့ 2nd ASEAN Clean Tourist City Standard Award ဆုကိုရခဲ့သေးသည်မှာ ယခုတွင်တော့ ယုံနိုင်စရာမရှိတော့ပေ။

နန်းမွန်း
#MeKongNews
#တောင်ကြီး
#ရေကြီး
#စည်ပင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now