မဲခေါင်၊ မေ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ဂိမ်းဆိုင်တစ်ခုအတွင်း အမျိုးသား တဦးအား လူ၂ဦးမှ သေနတ်ဖြင့် အချက်ပေါင်းများစွာလာရောက် ပစ်ခတ်သွားရာမှ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံကသိရရသည်။
ယနေ့ မေလ ၂၃ရက်နေ့၊ ညနေ ၃နာရီ၅၀မိနစ်ခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဝမ်မိုင်-နှင်းဆီမြန်မာလမ်း၊ နော်ရှဲလားဟူ လိုင်းခန်းအနီးရှိ ဂိမ်းဆိုင်အတွင်း၌ ဦးအိုက်ရီ ဆိုသူအား လူ ၂ဦးမှ သေနတ်ဖြင့် အချက်ပေါင်းများစွာလာရောက် ပစ်ခတ်သွားရာမှ နေရာမှာပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့လာပစ်တာ၊ ရဲတွေ လိုက်နေတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
တာချီလိတ်မြို့သည် မြန်မာ-ထိုင်းနယ်စပ်ဖြစ်သလို ပြည်သူ့စစ်အပါအဝင် အဖွဲ့အစည်းများစွာ ရှိနေသဖြင့် မူးယစ်ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့်နှင့်ဒုစရိုက်လုပ်ငန်းမျိုးစုံ လူသတ်၊ လုယက်၊ ခိုး၊ဆိုး၊ လု၊ နှိုက်မှုများ မကြာခဏဖြစ်ပွားနေသည့်မြို့ဖြစ်သည်။
#MeKongNews
#ဂိမ်းဆိုင်
#တာချီလိတ်
#ရှမ်းအရှေ့
#ဝမ်မိုင်








